ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး အေဘရာဟင်က အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ကစားဖို့ ရွေးချယ်ခံရတာက ကြီးမားတဲ့ ခံစားချက် ဖြစ်ပြီး အနာဂတ်မှာ ချန်ပီယံလိဂ် ဖလား၊ ပရီးမီးယားလိဂ် ဖလား၊ ကမ္ဘာ့ဖလား နဲ့ ဥရောပ ရွှေဖိနပ်ဆုတွေကို ရရှိချင်တယ်လို့ ပြောခဲ့ပါတယ်။ တိုက်စစ်မှူး အေဘရာဟင်ဟာ လက်ရှိရာသီမှာ သွင်းဂိုး (၁၅) ဂိုး နဲ့ ဂိုးဖန်တီးမှု (၅) ကြိမ်ကို ပြုလုပ်နိုင်ခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ အတွက်ကြောင့် အင်္ဂလန် နည်းပြ ဆောက်ဂတ်ရဲ့ အင်္ဂလန် လက်ရွေးစင်အသင်းမှာ ကစားဖို့ ရွေးချယ်ခံရတဲ့ ကစားသမားစာရင်းတွေမှာ ပါဝင်ခဲ့ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး အေဘရာဟင်ဟာ ချဲလ်ဆီးအသင်းရဲ့ အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီး လွန်ခဲ့တဲ့ (၂၀၁၅-၁၆) ခုနှစ်မှာ ချဲလ်ဆီးအသင်းအတွက် ပွဲဦးထွက် ရာသီ ကစားခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် နောက်ထပ် (၃) ရာသီကို အခြားအသင်းတွေမှာ အငှားနဲ့ သွားကစားခဲ့ရပါတယ်။ အေဘရာဟင်ဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာ အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ အက်စတွန်ဗီလာအသင်းကနေ ချဲလ်ဆီးအသင်းကို ပြန်ရောက်လာခဲ့ပြီးနောက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အနာဂတ်မှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ကမ္ဘာ့ဖလား နဲ့ ဥရောပ ရွှေဖိနပ်ဆုကို ရရှိချင်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ချဲလ်ဆီးအသင်းရဲ့ တရားဝင် ဝက်ဆိုဒ်မှာ အေဘရာဟင်က “ကျွန်တော် အနားယူပြီးတဲ့ အချိန်မှာ ကျွန်တော့်ရဲ့ ကစားသမားဘဝကို ပြန်ကြည့်ပြီး အရာအားလုံး ကွင်းမှာ ထားခဲ့တယ်၊ တက်နိုင်ဆုံး အကောင်းဆုံး ကစားခဲ့တယ်လို့ ပြောချင်ပါတယ်။ သေချာတာပေါ့ဗျာ။ ကျွန်တော် ပရီးမီးယားလိဂ် ဆုဖလား၊ ချန်ပီယံလိဂ် ဆုဖလား၊ ကမ္ဘာ့ဖလား နဲ့ ဥရောပ ရွှေဖိနပ်ဆုတွေကိုလည်း ရရှိချင်တယ်။ ကျွန်တော် အဲဒီဆုတွေကို ရရှိနိုင်ဖို့ အကုန်လုံး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော့် ရည်ရွယ်ချက်က ကစားသမားဘဝကနေ အနားယူနိုင်ဖို့ နဲ့ အရာအားလုံး လုပ်နိုင်ခဲ့တယ် ဆိုတာကို ပြောနိုင်ဖို့ပါပဲ။ ကျွန်တော့် ခန္စကိုယ်ထဲကနေ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ကစားဖို့ ရွေးချယ်ခံရမယ်လို့ ပြောနေခဲ့တယ်။ အင်္ဂလန်အတွက် ရွေးချယ်ခံရတဲ့ ခံစားချက်က ကြီးမားတယ်”လို့ ပြောခဲ့ပါတယ်။