MySport Myanmar

နည်းပြ မော်ရင်ဟိုကို ရိုးမားအသင်းမှာပဲ ဆက်ရှိနေချင်တယ်လို့ အေဘရာဟမ် ဖွင့်ဟ

လက်ရှိအချိန်မှာ ဘရာဇီးလ် လက်ရွေးစင် ဘောလုံးအသင်းနဲ့ ပေါ်တူဂီ လက်ရွေးစင် ဘောလုံးအသင်းတို့ရဲ့ စိတ်ဝင်စားခြင်းကို ရရှိနေတဲ့ စပယ်ရှယ်ဝမ်း နည်းပြကြီး ဂျိုဆေးမော်ရင်ဟိုကို သူရဲ့ လက်ရှိကလပ် ရိုးမားအသင်းမှာသာ ဆက်လက် ရှိနေချင်တယ်လို့ ရိုးမား တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်က ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit : The Sun

ဘင်ဖီကာ ပေါ်တို ချယ်လ်ဆီး အင်တာမီလန် ရီးယဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက် စပါးအသင်းတွေ ကိုင်တွယ်ထားခဲ့ဖူးပြီး လက်ရှိမှာ ရိုးမားနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ နည်းပြ မော်ရင်ဟိုဟာ ဘောလုံးနယ်ပယ်အတွင်းမှာ အတော်လေးကို အောင်မြင် ကျော်ကြားခဲ့တဲ့ နည်းပြတစ်ဦးဖြစ်ပြီး သူရဲ့ နည်းပြသက်တမ်းတစ်လျှောက် အနှစ်(၂၀)ဝန်းကျင်မှာတော့ ကလပ်အသင်းတွေကိုပဲ ကိုင်တွယ်ထားခဲ့ဖူးပါတယ်။ နိုင်ငံ့လက်ရွေးစင်အသင်းတွေကို တစ်သင်းမှာ မကိုင်တွယ်ထားခဲ့ဖူးတဲ့ မော်ရင်ဟိုကို လက်ရှိအချိန်မှာ ပေါ်တူဂီနဲ့ ဘရာဇီးလ်အသင်းတွေက သူတို့အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေပြီး သူတို့ကတော့ မော်ရင်ဟိုကို ရိုးမားမှာပဲ ရှိချင်တယ်လို့ အေဘရာဟမ်က ပြောဆိုလာပါတယ်။

Photo Credit : Eurosport

မော်ရင်ဟိုနဲ့ ပတ်သတ်ပြီး အေဘရာဟမ်က “သူက ထိပ်တန်းနည်းပြတစ်ဦး ဖြစ်တာမို့ သူ့ကို လူတိုင်းက လိုချင်ပါတယ်။ ပေါ်တူဂီလို နိုင်ငံအသင်းမျိုးက သူ့ကို နည်းပြအဖြစ် ခန့်အပ်သွားဖို့ စိတ်ဝင်စားနေတယ်ဆိုတာက တကယ့်ကို ဂုဏ်ယူစရာပါ။ ဒါပေမယ့် နည်းပြက ရိုးမားအတွက်ပဲ အာရုံစ်ိုက်နေမယ်ဆိုတာ သေချာတယ်။ ကျွန်တော်တို့တွေ သတင်းတွေ အများကြီး ဖတ်ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီအကြောင်းတွေ မပြောဖြစ်ကြပါဘူး။ မော်ရင်ဟိုက ကျွန်တော်တို့ တိုးတတ်လာဖို့ကိုပဲ အမြဲ ကြိုးပမ်းနေတယ်။ ကျွန်တော်တို့လည်း ဒီရာသီအတွက် အာရုံစိုက်နေတယ်။ ရိုးမားမှာ မော်ရင်ဟိုလို နည်းပြမျိုး ရထားတာက ကျွန်တော့်အတွက် ဦးလေးတစ်ယောက် ရထားသလိုပဲလို့ အရင်ကတည်းက ပြောခဲ့ဖူးပါတယ်။ ကျွန်တော် သူ့ကို အဲ့ဒီလိုပဲ အမြဲမြင်မိတယ်။ သူက ကျွန်တော့်ဆီကနေ အကောင်းဆုံးတွေ လိုချင်တာကြောင့် ကျွန်တော့်ကို နည်းအမျိုးမျိုးနဲ့ motivate ပေးတယ်။ ကျွန်တော် ကစားပုံ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပြောလာတတ်တယ်။ ဒါက ကျွန်တော် လိုအပ်တဲ့အရာပါ။ သူက ကျွန်တော့်ကို အမြဲ လမ်းပြပေးတတ်တဲ့ နည်းပြပါ” လို့ ပြောဆိုလာခဲ့ပါတယ်။

Exit mobile version