ချယ်လ်ဆီးအသင်းက စနေနေ့ညက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၃)မှာ နယူးကာဆဲလ်အသင်းနဲ့ စိန့်ဂျိမ်းစ်ပတ်ကွင်းမှာ ရင်ဆိုင်ကစားခဲ့ရင်းနဲ့ နာကျင်အချိန်ပိုမှာ ခွင့်ပြုခဲ့ရတဲ့ ကွင်းလယ်ကစားသမား ဟေဒန်ရဲ့သွင်းဂိုးကြောင့် အိမ်ရှင်အသင်းကို တစ်ဂိုးတည်းနဲ့ ကပ်အရေးနိမ့်ခဲ့ရပါတယ်။ ဒီပွဲမှာ နယူးကာဆဲလ်က ခံစစ်ကို အကျစ်လစ်ဆုံးပုံစံနဲ့ ဆော့သွားခဲ့တာကြောင့် ချယ်လ်ဆီးတိုက်စစ်က အတော်လေးကို ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲအတွင်း သွင်းဂိုးရယူနိုင်ခြင်းမရှိပဲ ပွဲပြီးခါနီးမှာ ပေးလိုက်ရတဲ့ သွင်းဂိုးနဲ့ပဲ ချယ်လ်ဆီးတို့က ဒီရာသီရဲ့ ၈ပွဲမြောက်ရှုံးပွဲကို ရင်ဆိုင်လိုက်ရပါတယ်။

Photo Credit : Getty Images

ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ အဝေးကွင်းပွဲစဉ်တွေအတွင်းမှာ ရလဒ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် နယူးကာဆဲလ်လို ခံစစ်အသားပေးအသင်းနဲ့ ရင်ဆိုင်ရချိန်မှာတော့ ၅ယောက်တန်းခံစစ်ကျောက်ဆောင်ကို ထိုးဖောက်နိုင်ခြင်းမရှိပဲ ချယ်လ်ဆီးရဲ့ဒီရာသီအတွက် သွင်းဂိုးအများဆုံး ကစားသမားဖြစ်တဲ့ တမ်မီအေဘရာဟမ်မှာလည်း ဂိုးပေါက်တည့်ကန်ချက် ၁ကြိမ်ပဲရှိခဲ့အထိကို တိုက်စစ်စွမ်းဆောင်ရည် ကျဆင်းခဲ့ရပါတယ်။ အခုတော့ ဒီရှံးပွဲကြောင့် ချယ်လ်ဆီးလူငယ်တိုက်စစ်မှူးလေး အေဘရာဟမ်က လာမယ့်ကြားရက်မှာ ကစားရမယ့် အာဆင်နယ်အသင်းနဲ့ လန်ဒန်ဒါဘီပွဲဲမှာ ပြန်လည်ပေါက်ကွဲထွက်သင့်တယ်လို့ အသင်းသားတွေအားလုံးကို သတိပေးစကားဆိုခဲ့ပါတယ်။

Photo Credit : Getty Images

အေဘရာဟမ်က “ဒီရှံးပွဲက အသင်းအတွက် နစ်နာစရာကြီး ဖြစ်စေခဲ့လို့ လာမယ့်ပွဲစဉ်အတွင်းမှာ ကျွန်တော်တို့ရဲ့ပေါက်ကွဲအားတွေကို ဖော်ပြလာသင့်ပါတယ်။ စနေနေ့ပွဲတုန်းက ကျွန်တော်တို့အတွက် ခက်ခဲလွန်းခဲဲ့ပါတယ်။ ဒီလိုပွဲမျိုးကို သင့်အနေနဲ့ တီဗီကနေ ကြည့်ရှနေမယ်ဆိုရင်တော့ ဒီလိုရလဒ်မျိုး ထွက်လာလိမ့်မှာမဟုတ်ဘူးလို့ပဲ ထင်ကြမှာပါ။ တကယ့်ကို ခက်ခဲလွန်းပါတယ်။ အထူးသဖြင့် တိုက်စစ်မှူးတစ်ယောက်အတွက် နေရာလွတ်က လုံးဝမရှိအောင် တစ်ဖက်ခံစစ်က လူပေါင်းများစွာနဲ့ ပိတ်ဆို့ထားတာဆိုတော့ ဂိုးသွင်းဖို့က ခက်ခဲလွန်းပါတယ်။ ဆိုတော့ ကျွန်တော်အတွက်လည်း အလွန်ခက်ခဲရတဲ့ပွဲ ဖြစ်ခဲဲ့ရတာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်ကလည်း အသင်းရဲ့တိုက်စစ်ကို ဒီထက်ပိုပြီး ဂိုးတွေသွင်းယူတာမျိုး ဖြစ်စေချင်ပြီး ဧရိယာအတွင်းမှာ ပြိုင်ဘက်ခံစစ်တွေအတွက် ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်စစ်မျိုး ဖြစ်လာစေချင်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။

(Zawgyi)

မေမွ်ာ္လင့္ထားတဲ႔ ရွံးပြဲေၾကာင့္ လန္ဒန္ဒါဘီမွာ ျပန္လည္ေပါက္ကြဲျပမယ္ဆုိတဲ႔ ေအဘရာဟမ္

ခ်ယ္လ္ဆီးအသင္းက စေနေန႔ညက ကစားသြားခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္(၂၃)မွာ နယူးကာဆဲလ္အသင္းနဲ႔ စိန္႔ဂ်ိမ္းစ္ပတ္ကြင္းမွာ ရင္ဆုိင္ကစားခဲ႔ရင္းနဲ႔ နာက်င္အခ်ိန္ပုိမွာ ခြင့္ျပဳခဲ႔ရတဲ႔ ကြင္းလယ္ကစားသမား ေဟဒန္ရဲ႕သြင္းဂုိးေၾကာင့္ အိမ္ရွင္အသင္းကုိ တစ္ဂုိးတည္းနဲ႔ ကပ္အေရးနိမ့္ခဲ႔ရပါတယ္။ ဒီပြဲမွာ နယူးကာဆဲလ္က ခံစစ္ကုိ အက်စ္လစ္ဆုံးပုံစံနဲ႔ ေဆာ့သြားခဲ႔တာေၾကာင့္ ခ်ယ္လ္ဆီးတုိက္စစ္က အေတာ္ေလးကုိ ရုန္းကန္ခဲ႔ရၿပီး ၿပိဳင္ပြဲအတြင္း သြင္းဂုိးရယူႏုိင္ျခင္းမရွိပဲ ပြဲၿပီးခါနီးမွာ ေပးလုိက္ရတဲ႔ သြင္းဂုိးနဲ႔ပဲ ခ်ယ္လ္ဆီးတုိ႔က ဒီရာသီရဲ႕ ၈ပြဲေျမာက္ရွုံးပြဲကို ရင္ဆုိင္လုိက္ရပါတယ္။

Photo Credit : Getty Images

ခ်ယ္လ္ဆီးအသင္းဟာ ဒီရာသီမွာ အေဝးကြင္းပြဲစဥ္ေတြအတြင္းမွာ ရလဒ္အေကာင္းဆုံးအသင္းအျဖစ္ ရပ္တည္ႏုိင္ခဲ႔ေပမယ့္ နယူးကာဆဲလ္လုိ ခံစစ္အသားေပးအသင္းနဲ႔ ရင္ဆုိင္ရခ်ိန္မွာေတာ့ ၅ေယာက္တန္းခံစစ္ေက်ာက္ေဆာင္ကုိ ထုိးေဖာက္ႏုိင္ျခင္းမရွိပဲ ခ်ယ္လ္ဆီးရဲ႕ဒီရာသီအတြက္ သြင္းဂုိးအမ်ားဆုံး ကစားသမားျဖစ္တဲ႔ တမ္မီေအဘရာဟမ္မွာလည္း ဂုိးေပါက္တည့္ကန္ခ်က္ ၁ႀကိမ္ပဲရွိခဲ႔အထိကုိ တုိက္စစ္စြမ္းေဆာင္ရည္ က်ဆင္းခဲ႔ရပါတယ္။ အခုေတာ့ ဒီရွံးပြဲေၾကာင့္ ခ်ယ္လ္ဆီးလူငယ္တုိက္စစ္မွဴးေလး ေအဘရာဟမ္က လာမယ့္ၾကားရက္မွာ ကစားရမယ့္ အာဆင္နယ္အသင္းနဲ႔ လန္ဒန္ဒါဘီပြဲဲမွာ ျပန္လည္ေပါက္ကြဲထြက္သင့္တယ္လုိ႔ အသင္းသားေတြအားလုံးကုိ သတိေပးစကားဆုိခဲ႔ပါတယ္။

Photo Credit : Getty Images

ေအဘရာဟမ္က “ဒီရွံးပြဲက အသင္းအတြက္ နစ္နာစရာႀကီး ျဖစ္ေစခဲ႔လုိ႔ လာမယ့္ပြဲစဥ္အတြင္းမွာ ကြ်န္ေတာ္တုိ႔ရဲ႕ေပါက္ကြဲအားေတြကုိ ေဖာ္ျပလာသင့္ပါတယ္။ စေနေန႔ပြဲတုန္းက ကြ်န္ေတာ္တုိ႔အတြက္ ခက္ခဲလြန္းခဲဲ႔ပါတယ္။ ဒီလုိပြဲမ်ိဳးကုိ သင့္အေနနဲ႔ တီဗီကေန ၾကည့္ရွေနမယ္ဆုိရင္ေတာ့ ဒီလုိရလဒ္မ်ိဳး ထြက္လာလိမ့္မွာမဟုတ္ဘူးလုိ႔ပဲ ထင္ၾကမွာပါ။ တကယ့္ကုိ ခက္ခဲလြန္းပါတယ္။ အထူးသျဖင့္ တုိက္စစ္မွဴးတစ္ေယာက္အတြက္ ေနရာလြတ္က လုံးဝမရွိေအာင္ တစ္ဖက္ခံစစ္က လူေပါင္းမ်ားစြာနဲ႔ ပိတ္ဆုိ႔ထားတာဆုိေတာ့ ဂုိးသြင္းဖုိ႔က ခက္ခဲလြန္းပါတယ္။ ဆုိေတာ့ ကြ်န္ေတာ္အတြက္လည္း အလြန္ခက္ခဲရတဲ့ပြဲ ျဖစ္ခဲဲ႔ရတာပါ” လုိ႔ ရွင္းလင္းေျပာဆုိသြားခဲ႔ပါတယ္။ ခ်ယ္လ္ဆီးနည္းျပ ဖရန္႔လမ္းပတ္ကလည္း အသင္းရဲ႕တုိက္စစ္ကုိ ဒီထက္ပုိၿပီး ဂုိးေတြသြင္းယူတာမ်ိဳး ျဖစ္ေစခ်င္ၿပီး ဧရိယာအတြင္းမွာ ၿပိဳင္ဘက္ခံစစ္ေတြအတြက္ ေၾကာက္မက္ဖြယ္ေကာင္းတဲ႔ တုိက္စစ္မ်ိဳး ျဖစ္လာေစခ်င္တယ္လုိ႔ ေျပာဆုိလာခဲ႔ပါတယ္။