မေန႔ညက ျမန္မာအသင္းနဲ႔ ဂ်ပန္အသင္းတို႔ရဲ႕ ၂၀၂၂ကမၻာ့ဖလားေျခစစ္ပြဲမွာ ဂ်ပန္အသင္းရဲ႕ပရိသတ္ေတြ ကိုင္ေဆာင္ခဲ့တဲ့စာတမ္းျဖဴေလးတစ္ခုကို အားလံုးပဲ သတိထားမိခဲ့မယ္ ထင္ပါတယ္။ အဲ့ဒီစာသားကေတာ့ ” ဂ်ပန္ေဘာလံုးအားကစားကို ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈေတြ ေပးစြမ္းခဲ့တဲ့ ဦးေက်ာ္ဒင္နဲ႔ သူ႔ရဲ႕မိခင္ ျမန္မာႏိုင္ငံအား ေက်းဇူးတင္လ်က္ပါ ” ဆိုတဲ့ စာသားပဲ ျဖစ္ပါတယ္။ ဒီစာသားေလးရဲ႕ေနာက္မွာ ႀကီးက်ယ္တဲ့သမိုင္းေၾကာင္းေတြ ႐ွိေနခဲ့တာကို ကြၽန္ေတာ္တို႔ေတြအားလံုး သတိမထားမိခဲ့ၾကပါဘူး။ ဒီတစ္ခါမွာေတာ့ ကြၽန္ေတာ္က ကြၽန္ေတာ္ဖတ္မိခဲ့တဲ့ အရာေလးတစ္ခုကို ျပန္လည္ေဝမွ်ေပးသြားခ်င္ပါတယ္။

Photo Credit: Japan Soccer Achieve.com

ဦးေက်ာ္ဒင္ဆိုတာ ဘယ္သူလဲ… ။ တကယ္ေတာ့ ဦးေက်ာ္ဒင္ဆိုတာ ဂ်ပန္ေဘာလံုးေလာကမွာ နာမည္ႀကီးတဲ့သူတစ္ဦးပါ။ ဂ်ပန္ေဘာလံုးေလာကရဲ႕ အေျခခံအုတ္ျမစ္ျဖစ္တဲ့ အသင္းလိုက္ကစားဟန္ကို ပထမဦးဆံုး မိတ္ဆက္ေပးခဲ့တဲ့သူတစ္ဦးဆိုလည္း မမွားပါဘူး။ ဦးေက်ာ္ဒင္ဟာ ၁၉၀၀ခုႏွစ္မွာ ေမြးဖြားခဲ့တဲ့သူတစ္ဦး ျဖစ္ၿပီး ျမန္မာႏိုင္ငံသားတစ္ဦးပါ။ ဦးေက်ာ္ဒင္ဟာ ဂ်ပန္ႏိုင္ငံရဲ႕လက္႐ွိ ေဘာလံုးကစားနည္းေတြကို ဦးေဆာင္လမ္းျပေပးခဲ့သူတစ္ဦးလို႔ ဂ်ပန္ႏိုင္ငံသားေတြက သတ္မွတ္ခံထားရတဲ့သူတစ္ဦးျဖစ္ၿပီး ဂ်ပန္ႏိုင္ငံရဲ႕ေဘာလံုးသမိုင္းမွာ ၾသဇာအႀကီးမားဆံုးလူေတြထဲက တစ္ဦးလည္း ျဖစ္ပါတယ္။

Photo Credit: Japan Soccer Achieve.com

ဦးေက်ာ္ဒင္စြမ္းေဆာင္ခဲ့တာေတြက ဘာေတြလဲ…။ ဦးေက်ာ္ဒင္ဟာ ျမန္မာႏိုင္ငံကေန ဂ်ပန္ႏိုင္ငံ Tokyo Institute of Techonology ေက်ာင္းမွာ ပညာသင္ၾကားသြားခဲ့သူျဖစ္ၿပီး ကနဦးမွာ သူ႔ရဲ႕ေဘာလံုးအေတြးအျမင္ေတြ ၊ ေဘာလံုးနည္းစနစ္ေတြကို သူ႔ရဲ႕ေက်ာင္းမွာ ျဖန္႔ေဝခဲ့တဲ့သူတစ္ဦးပါ။ အဲ့ဒီေနာက္မွာေတာ့ ဦးေက်ာ္ဒင္ဟာ Waseda High Schoolကို ေျပာင္းေရႊ႕ခဲ့ၿပီး ဂ်ပန္ႏိုင္ငံမွာ All Japan High School Tournment ကို ႏွစ္ႀကိမ္ဆက္တိုက္ ဆြတ္ခူးႏိုင္ခဲ့တဲ့သူတစ္ဦးပါ။ အဲ့ဒီေနာက္မွာေတာ့ ဦးေက်ာ္ဒင္ဟာ ” How to play Association Football ” ဆိုတဲ့စာအုပ္ကို ဂ်ပန္ဘာသာစကားနဲ႔ ျဖန္႔ခ်ိထုတ္ေဝခဲ့ၿပီး ဒါဟာ ဂ်ပန္ႏိုင္ငံရဲ႕သမိုင္းမွာ ပထမဦးဆံုးေဘာလံုးနဲ႔ပတ္သတ္တဲ့ စာအုပ္တစ္အုပ္လည္း ျဖစ္ခဲ့ပါတယ္။

Photo Credit: Japan Soccer Achieve.com

ဦးေက်ာ္ဒင္အေျခတည္ေပးခဲ့တဲ့ ဂ်ပန္ေဘာလံုးကစားဟန္က ဘာေတြလဲ…။ ၁၉၀၀ဝန္းက်င္ကာလမွာ ေဘာလံုးကစားနည္းဟာ အနည္းငယ္ေခတ္စားလာခဲ့ၿပီဆိုေပမယ့္ ကစားကြက္ဆိုၿပီး သတ္သတ္မွတ္မွတ္မ႐ွိခဲ့ပါဘူး။ အဆိုပါအခ်ိန္မွာ ဦးေက်ာ္ဒင္ရဲ႕ေဘာလံုးနည္းစနစ္ေတြကေတာ့ အတိုေပးကစားျခင္း ၊ အသင္းလိုက္စုစုစည္းစည္း ကစားတဲ့နည္းေတြပဲ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ဂ်ပန္လက္ေရြးစင္အသင္းဟာ ဦးေက်ာ္ဒင္ရဲ႕ေဘာလံုးနည္းစနစ္ေတြျပည့္ဝေနတဲ့ တကၠသုိလ္ေက်ာင္းသားေတြကို ႏိုင္ငံအသင္းထံေခၚယူကာ ကစားေစခဲ့ၿပီး ၁၉၃၀မွာ အေ႐ွ႕အာ႐ွႏိုင္ငံမ်ားဖလားကို ရယူႏိုင္ခဲ့ပါတယ္။

ကဲ ဒီေလာက္ဆိုရင္ေတာ့ ဦးေက်ာ္ဒင္ရဲ႕ အေၾကာင္းကို အနည္းအက်ဥ္းေတာ့ သိေလာက္ၿပီထင္ပါရဲ႕ဗ်ာ…။

မနေ့ညက မြန်မာအသင်းနဲ့ ဂျပန်အသင်းတို့ရဲ့ ၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဂျပန်အသင်းရဲ့ပရိသတ်တွေ ကိုင်ဆောင်ခဲ့တဲ့စာတမ်းဖြူလေးတစ်ခုကို အားလုံးပဲ သတိထားမိခဲ့မယ် ထင်ပါတယ်။ အဲ့ဒီစာသားကတော့ ” ဂျပန်ဘောလုံးအားကစားကို ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ပေးစွမ်းခဲ့တဲ့ ဦးကျော်ဒင်နဲ့ သူ့ရဲ့မိခင် မြန်မာနိုင်ငံအား ကျေးဇူးတင်လျက်ပါ ” ဆိုတဲ့ စာသားပဲ ဖြစ်ပါတယ်။ ဒီစာသားလေးရဲ့နောက်မှာ ကြီးကျယ်တဲ့သမိုင်းကြောင်းတွေ ရှိနေခဲ့တာကို ကျွန်တော်တို့တွေအားလုံး သတိမထားမိခဲ့ကြပါဘူး။ ဒီတစ်ခါမှာတော့ ကျွန်တော်က ကျွန်တော်ဖတ်မိခဲ့တဲ့ အရာလေးတစ်ခုကို ပြန်လည်ဝေမျှပေးသွားချင်ပါတယ်။

Photo Credit: Japan Soccer Achieve.com

ဦးကျော်ဒင်ဆိုတာ ဘယ်သူလဲ… ။ တကယ်တော့ ဦးကျော်ဒင်ဆိုတာ ဂျပန်ဘောလုံးလောကမှာ နာမည်ကြီးတဲ့သူတစ်ဦးပါ။ ဂျပန်ဘောလုံးလောကရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ အသင်းလိုက်ကစားဟန်ကို ပထမဦးဆုံး မိတ်ဆက်ပေးခဲ့တဲ့သူတစ်ဦးဆိုလည်း မမှားပါဘူး။ ဦးကျော်ဒင်ဟာ ၁၉၀၀ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူတစ်ဦး ဖြစ်ပြီး မြန်မာနိုင်ငံသားတစ်ဦးပါ။ ဦးကျော်ဒင်ဟာ ဂျပန်နိုင်ငံရဲ့လက်ရှိ ဘောလုံးကစားနည်းတွေကို ဦးဆောင်လမ်းပြပေးခဲ့သူတစ်ဦးလို့ ဂျပန်နိုင်ငံသားတွေက သတ်မှတ်ခံထားရတဲ့သူတစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ဘောလုံးသမိုင်းမှာ သြဇာအကြီးမားဆုံးလူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Japan Soccer Achieve.com

ဦးကျော်ဒင်စွမ်းဆောင်ခဲ့တာတွေက ဘာတွေလဲ…။ ဦးကျော်ဒင်ဟာ မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံ Tokyo Institute of Techonology ကျောင်းမှာ ပညာသင်ကြားသွားခဲ့သူဖြစ်ပြီး ကနဦးမှာ သူ့ရဲ့ဘောလုံးအတွေးအမြင်တွေ ၊ ဘောလုံးနည်းစနစ်တွေကို သူ့ရဲ့ကျောင်းမှာ ဖြန့်ဝေခဲ့တဲ့သူတစ်ဦးပါ။ အဲ့ဒီနောက်မှာတော့ ဦးကျော်ဒင်ဟာ Waseda High Schoolကို ပြောင်းရွှေ့ခဲ့ပြီး ဂျပန်နိုင်ငံမှာ All Japan High School Tournment ကို နှစ်ကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့သူတစ်ဦးပါ။ အဲ့ဒီနောက်မှာတော့ ဦးကျော်ဒင်ဟာ ” How to play Association Football ” ဆိုတဲ့စာအုပ်ကို ဂျပန်ဘာသာစကားနဲ့ ဖြန့်ချိထုတ်ဝေခဲ့ပြီး ဒါဟာ ဂျပန်နိုင်ငံရဲ့သမိုင်းမှာ ပထမဦးဆုံးဘောလုံးနဲ့ပတ်သတ်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ခဲ့ပါတယ်။

Photo Credit: Japan Soccer Achieve.com

ဦးကျော်ဒင်အခြေတည်ပေးခဲ့တဲ့ ဂျပန်ဘောလုံးကစားဟန်က ဘာတွေလဲ…။ ၁၉၀၀ဝန်းကျင်ကာလမှာ ဘောလုံးကစားနည်းဟာ အနည်းငယ်ခေတ်စားလာခဲ့ပြီဆိုပေမယ့် ကစားကွက်ဆိုပြီး သတ်သတ်မှတ်မှတ်မရှိခဲ့ပါဘူး။ အဆိုပါအချိန်မှာ ဦးကျော်ဒင်ရဲ့ဘောလုံးနည်းစနစ်တွေကတော့ အတိုပေးကစားခြင်း ၊ အသင်းလိုက်စုစုစည်းစည်း ကစားတဲ့နည်းတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဂျပန်လက်ရွေးစင်အသင်းဟာ ဦးကျော်ဒင်ရဲ့ဘောလုံးနည်းစနစ်တွေပြည့်ဝနေတဲ့ တက္ကသိုလ်ကျောင်းသားတွေကို နိုင်ငံအသင်းထံခေါ်ယူကာ ကစားစေခဲ့ပြီး ၁၉၃၀မှာ အရှေ့အာရှနိုင်ငံများဖလားကို ရယူနိုင်ခဲ့ပါတယ်။

ကဲ ဒီလောက်ဆိုရင်တော့ ဦးကျော်ဒင်ရဲ့ အကြောင်းကို အနည်းအကျဉ်းတော့ သိလောက်ပြီထင်ပါရဲ့ဗျာ…။