ဘာစီလိုနာအသင်းဟာ သူတို့အသင်းကနေ ပြင်သစ် အင်အားကြီးအသင်း တစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းထံကို ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို၂၂၂သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ နေမာကို ပြန်လည်ခေါ်ယူဖို့ စိတ်အားထက်သန်လျက်ရှိနေသေးကြောင်း ဘာစီလိုနာရဲ့ အားကစားဒါရိုက်တာဖြစ်သူ အဘီဒယ်က ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

Photo Credit: Tribuna.com

အသက်၂၈နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နေမာဟာ လက်ရှိမှာ ဒဏ်ရာပြဿနာတချို့နဲ့ ရင်ဆိုင် နေရပေမယ့် ပီအက်စ်ဂျီအသင်းရဲ့ အဓိက ကစားသမားအဖြစ် ရပ်တည်နေနိုင်ဆဲဖြစ်သလို ယခုနှစ်ဘောလုံးရာသီမှာလည်း လီဂူးဝမ်းပွဲစဉ် ၁၄ပွဲကစားထားရာမှာ ၁၃ဂိုးသွင်းယူထားပြီး ၆ဂိုးအထိ ဖန်တီးပေးထားနိုင်သူပါ။

Photo Credit: Tribuna.com

လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ အသက်အရွယ်ရလာပြီဖြစ်တဲ့ တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့နေရာမှာ အစားဝင်နိုင်မယ့် ကစားသမား တစ်ဦးကို ရှာဖွေနေတာဖြစ်ပြီး နေမာကို ပြန်လည်ခေါ်ယူဖို့အတွက် စိတ်ဝင်စားသလားဆိုတဲ့ မေးခွန်းအမေးခံရချိန်မှာတော့ အဘီဒယ် က နေမာဟာ ဘာစီလိုနာအသင်းကို တိုးတက် စေနိုင်မယ့် ကစားသမားဖြစ်ကြောင်း ဖြေဆိုသွားခဲ့ပါတယ်။

Photo Credit: Tribuna.com

နေမာကို ဘာစီလိုနာအသင်းထံ ပြန်လည် ခေါ်ယူမလားဆိုတဲ့ မေးခွန်းအပေါ် အဘီဒယ်က ” ကျွန်တော် သဘောတူတယ်ဗျ။ နေမာဟာ ဘာစီလိုနာအသင်းကို တိုးတက်စေနိင်တဲ့ ကစားသမားတစ်ဦးပါ။ ဆီတီယန် ( ဘာစီလိုနာနည်းပြ ) ကလည်း နေမာလို ထိပ်တန်း ကစားသမားကို ကိုင်တွယ်ရမယ်ဆိုရင် ပျော်ရွှင်နေမှာ ကျိန်းသေပါတယ် ” လို့ ပြောဆိုသွားခဲ့တာပါ။