မနေ့ညက ဆီဗီလာအသင်းရဲ့ အိမ်ကွင်း ဆန်းချက်ဇ်ပစ်ဟွမ်ကွင်းမှာ ကျင်းပခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်မှာ ဘွန်ဒစ်လီဂါကလပ် ဖရန့်ဖတ်နဲ့ စကော့ပရီးမီးယားလိဂ်ကလပ် ရိန်းဂျားစ်တို့ ယှဉ်ပြိုင်ခဲ့ရာ မိနစ်(၉၀)အတွင်းမှာရော အချိန်ပို မိနစ်(၃၀)အတွင်းမှာပါ တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေကျနေခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ်ထိ ခံယူခဲ့ရာ ရိန်းဂျားစ်ဘက်က ရမ်ဆေးရဲ့ ပင်နယ်တီ ကန်သွင်းမှုကို ဖရန့်ဖတ် ဂိုးသမား ထရက်ပ် ကာကွယ်နိုင်ခဲ့လို့ ပင်နယ်တီ (၅)ဂိုး (၄)ဂိုးနဲ့ ဖရန့်ဖတ်က ချန်ပီယံ ဖြစ်သွားခဲ့ရပါတယ်။

Aaran Ramsey was brutally trolled after missing the crucial penalty in the Europa League final

Photo Credit : The Sun

ရိန်းဂျားစ်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲကို ပလေးအော့အဆင့်မှာ ဒေါ့မွန်လို အသင်းမျိုးနဲ့ ဆီမီးမှာလည်း လိုက်ပ်ဇစ်လို အသင်းကောင်းမျိုးကို ကျော်ဖြတ်လာနိုင်ခဲ့ကာ ဖိုင်နယ်ထိ တတ်လှမ်းခဲ့ရတာ ဖြစ်ပေမယ့် ဝါရင့်ကစားသမား အာရွန်ရမ်ဆေးရဲ့ ပင်နယ်တီ ဂိုးမဝင်မှုကြောင့် ဆုဖလား မျှော်လင့်ချက်က အဆုံးသတ်သွားခဲ့ရတာ ဖြစ်ပါတယ်။ ရိန်းဂျားစ်အသင်းဟာ ဂျုဗင်တပ်စ်အသင်းကနေ ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ ရမ်ဆေးကို ပွဲကစားချိန် (၁၁၇)မိနစ်မှသာ လူစားဝင် ကစားစေခဲ့သလို ပင်နယ်တီ အဆုံးအဖြတ်မှာလည်း စတုတ္ထမြောက် ပင်နယ်တီကို ကန်သွင်းခိုင်းခဲ့တာဖြစ်ပြီး တာဗယ်နီယာ ဒါးဗစ် အာဖီးလ်နဲ့ ရူဖီတို့ရဲ့ ပင်နယ်တီ ကန်သွင်းမှုတွေက ဂိုးဝင်ခဲ့ကာ ရမ်ဆေးရဲ့ ကန်သွင်းမှုကိုတော့ ထရက်ပ်က ကာကွယ်သွားနုုိင်ခဲ့ပါတယ်။

Eintracht Frankfurt 1-1 Rangers (5-4 pens): Aaron Ramsey misses penalty in  Europa League final heartbreak | Evening Standard

Photo Credit : Evening Stanadard

အာဆင်နယ်အသင်းမှာ ဆယ်စုနှစ်တစ်ခုလောက်အထိ ပါဝင်ကစားခဲ့တဲ့ ဝေးလ်စ်ကွင်းလယ်လူ ရမ်ဆေးဟာ ဂျုဗင်တပ်စ်အသင်းမှာရော အငှားနဲ့ လာရောက်ကစားနေတဲ့ ရိန်းဂျားစ်အသင်းမှာပါ ပုံမှန်နေရာရဖို့ ရုန်းကန်နေသူဖြစ်ပြီး အခုလည်း အသင်းနဲ့အတူ ဖိုင်နယ်ပွဲစဉ်မှာ မိနစ်ပိုင်းလေးသာ ပါဝင်ခဲ့ရချိန်မှာ သူရဲ့ပင်နယ်တီ လွဲချော်မှုက အတော်လေးကို အထိနာစေခဲ့ရပြီး ရိန်းဂျားစ်အသင်းလည်း ဒုတိယနေရာနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ ဒီလို ပင်နယ်တီ လွဲချော်ခဲ့တဲ့ ရမ်ဆေးနဲ့ ပတ်သက်ပြီး ဘောလုံးပရိသတ်တွေက twitter ပေါ်ကနေ “ရမ်ဆေးက အာဆင်နယ်ကနေ ထွက်ခွာခဲ့ပေမယ့် အာဆင်နယ်ကတော့ ရမ်ဆေးကို မထားခဲ့ပါဘူး” “အာဆင်နယ်အသင်းရဲ့ ဖိအားတွေအောက်မှာ ဆက်တိုက်ပြိုလဲကျနေရတဲ့ DNA တွေက ကံမကောင်းစွာနဲ့ပဲ ရမ်ဆေးရဲ့ သွေးကြောထဲမှာ ရှိနေရတယ်” “ရမ်ဆေး ပင်နယ်တီ လွဲချော်ရတာက သူရဲ့သွင်းဂိုးကြောင့် ကျော်ကြားသူတစ်ဦးဦး မသေဆုံးရအောင်လို့သာ အခုလို ဂိုးဝင်အောင် မကန်ခဲ့တာပါ” “အာဆင်နယ်က Top 4 အတွက် ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်။ ရမ်ဆေးကလည်း ပင်နယ်တီမှာ တိုင်ပတ်နေရတယ်” လို့ လှောင်ပြောင်ရေးသားခဲ့ကြပါတယ်။