MySport Myanmar

ဂရင်းဝုဒ် ဗလာဟိုဗစ် ခီယေဇာတို့နဲ့ ဂျုဗီ တိုက်စစ်က အရမ်းမိုက်သွားမယ်လို့ ရိုမဲရိုး သုံးသပ်

မန်ချက်စတာ ယူနိုက်တက် ဂိုးသမားဟောင်းဖြစ်သူ ဆာဂျီယို ရိုမဲရိုးက မေဆန် ဂရင်းဝုဒ်အနေနဲ့ ဂျုဗင်တပ်စ်အသင်းဆီသာ ပြောင်းရွှေ့သွားမယ်ဆိုရင် ဗလာဟိုဗစ် ခီယေဇာတို့နဲ့ တွဲဖက်ပြီး အမိုက်စား တိုက်စစ်အစုအဖွဲ့မှာ ပါဝင်နိုင်လိမ့်မယ်လို့ သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန် တိုက်စစ်ကစားသမားလေး ဂရင်းဝုဒ်ဟာ ဒီနှစ်ဘောလုံးရာသီထဲ ယူနိုက်တက်ကနေ ဂီတာဖေးအသင်းဆီ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ရရင်း ဂီတာဖေးအတွက် အကောင်းဆုံး စွမ်းဆောင်ပြနေလို့ သူ့ကို ကလပ်အသင်းများစွာက စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : Goal

အသက် (၂၂)နှစ်အရွယ် တိုက်စစ်မှူးလေး ဂရင်းဝုဒ်ဟာ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ယူနိုက်တက်အတွက်လည်း ပွဲပေါင်း (၁၂၉)ပွဲအထိတောင် ပါဝင်ကစားထားခဲ့သူ ဖြစ်ပေမယ့်လည်း အတူနေချစ်သူအပေါ် ပြုမှုခဲ့တဲ့ လုပ်ရပ်တွေကြောင့် ယူနိုက်တက်အတွက် ပြန်ကစားပေးဖို့က ခက်ခဲလို့နေပါတယ်။

လက်ရှိမှာ အသင်းရဲ့ ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်တို့ဘက်ကနေ ဂရင်းဝုဒ်ကို အသင်းမှာ ဆက်ထားမထားဆိုတာ ဆုံးဖြတ်ချက် ချမှတ်သွားမယ်လို့ ထုတ်ပြန်ထားခဲ့ပေမယ့်လည်း လာမယ့်နွေမှာ ယူနိုက်တက်နဲ့ ဂရင်းဝုဒ်တို့က လက်တွဲဖြုတ်ဖို့က အခြေအနေပိုများနေပါတယ်။

Photo Credit : Tribuna

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဂရင်းဝုဒ်ကို ဘာစီလိုနာနဲ့ အသက်လက်တီကိုတို့က အပြိုင်စိတ်ဝင်စားနေကြပြီး ဂီတာဖေးကလည်း နောက်တစ်ရာသီခန့် အငှားနဲ့ ခေါ်ယူချင်နေသလို ယူနိုက်တက်ကနေ အီဗရာ ပေါ့ဘာတို့ကို ခေါ်ယူခဲ့ဖူးတဲ့ ဂျုဗင်တပ်စ်ကပါ ဂရင်းဝုဒ်ကို စိတ်ဝင်စားလာခဲ့ပြန်ပါတယ်။

ဒီလို အခြေအနေမှာ ဂရင်းဝုဒ်သာ ဂျုဗင်တပ်စ်အသင်းဆီကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင်တော့ ဂျုဗင်တပ်စ် တိုက်စစ်က ဂရင်းဝုဒ် ခီယေဇာတို့ရဲ့ တောင်ပံတိုက်စစ်တွေအပြင် အထောင်တိုက်စစ်မှူး ဗလာဟိုဗစ်တို့ ပေါင်းစပ်ပြီး အမိုက်စား တိုက်စစ် trio အစုအဖွဲ့တစ်ခု ဖြစ်လာလိမ့်မယ်လို့ ယူနိုက်တက်နဲ့ အာဂျင်တီးနား ဂိုးသမားဟောင်းကြီး ရိုမဲရိုးက မှတ်ချက်ပြုလိုက်ပါတယ်။

Exit mobile version