ဒေ့ါမွန်အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ပေါလ် လမ်ဘတ်က ဘိုင်ယန်အသင်းဟာ ချဲလ်ဆီးအသင်းထက် ဘက်စုံ ပိုသာနေပြီး လက်ရှိရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကို ရရှိနိုင်ဖို့ အခွင့်အရေး အများကြီး ရှိပါတယ်လို့လည်း အခိုင်အမာ ပြောကြားသွားလိုက်တာပဲ ဖြစ်ပါတယ်။ ဂျာမနီအသင်းကြီး ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမ အကျော့ ပွဲစဉ်ကို အဝေးကွင်းမှာ သွားရောက် ကစားခဲ့စဉ်က ချဲလ်ဆီးအသင်းကို (၃) ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ချေ ရာနှုန်းပြည့် ရှိလျက် ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ လာမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ပူလီဆစ်၊ အက်ပလီကျူတာ၊ ပက်ဒရို နဲ့ ဝီလီယံတို့ မပါဘဲ ကစားသွားရဖွယ် ရှိတာကြောင့် အနိုင်ရရှိဖို့အတွက်တော့ ပိုလို့တောင် ခက်ခဲသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ကွင်းလယ် ကစားသမားဟောင်း ပေါလ် လမ်ဘတ်ကတော့ ဘိုင်ယန်အသင်းကို ချန်ပီယံလိဂ် ပြိုင်ပွဲက ဖြုတ်ချနိုင်တဲ့ အသင်းက အသင်းကောင်း ဖြစ်မှသာ ဖြုတ်ချနိုင်မှာ ဖြစ်ပြီး လက်ရှိရာသီမှာ ဘိုင်ယန်အသင်းအနေနဲ့ ချန်ပီယံလိဂ် ဖလား ရရှိနိုင်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

လမ်ဘတ်က “ချဲလ်ဆီးအိမ်ကွင်းက စွမ်းဆောင်ရည်က သိပ်ကောင်းပါတယ်။ ဘိုင်ယန်အသင်း သိပ်ကောင်းခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘိုင်ယန်အသင်းက ချဲလ်ဆီးအသင်းအထက် ဘက်စုံပိုသာပါတယ်။ ဒီလို ပြောတာက ချဲလ်ဆီးအသင်းကို မလေးစားလို့တော့ မဟုတ်ရပါဘူး။ အဲဒီညမှာ ပိုကောင်းတဲ့ အသင်းက ဘိုင်ယန်အသင်း ဖြစ်တယ်လို့ ဆိုလိုချင်ရုံပါပဲ။ ဘိုင်ယန်က ဒီဖလားကို ရရှိဖို့ အခွင့်အရေး အများကြီး ရှိတယ်လို့ ထင်ပါတယ်။ လိုက်ဇစ်အသင်းကလည်းပဲ တကယ် ကောင်းတဲ့ အသင်းပါ။ ဒါပေမယ့် အတွေ့အကြံ နည်းပါတယ်။ လိုက်ဇစ်အသင်းဟာ စပါးအသင်းနဲ့ ပွဲစဉ်မှာ ကောင်းမွန်ခဲ့ပါတယ်။ ဘယ်လို ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။ ဘိုင်ယန်အသင်းကို ဖြုတ်ပစ်ချင်ရင် ကိုယ့်ရဲ့ အသင်းက အသင်းကောင်း ဖြစ်မှပဲ ရနိုင်ပါမယ်။ ဘိုင်နယ်အသင်းက လက်ရှိရာသီမှာ ဒီဖလား ရရှိနိုင်ပါတယ်”လို့ ပြောကြားသွားလိုက်ပါတယ်။