အင်္ဂလန် လက်ရွေးစင် နည်းပြသစ် သောမတ်စ် တူဟယ်လ်ဟာ အင်္ဂလန် နည်းပြချုပ်အဖြစ် သူ့ရဲ့ ပထမဆုံး ကစားသမားစာရင်းကို တရားဝင် ကြေညာခဲ့ပေမယ့် ဒီထုတ်ပြန်မှုအပေါ် အင်္ဂလန် ပရိသတ်တွေ တော်တော်များများကတော့ ဂျာမန်လူမျိုးရဲ့ ရွေးချယ်မှုတွေကို မကျေနပ်ကြဘဲ ဝေဖန်ပြောဆိုမှုတွေ လုပ်ဆောင်လာပါတယ်။

ဒီနေ့ သောကြာနေ့မှာ တူဟယ်လ်က သူရဲ့ အင်္ဂလန်နည်းပြဘဝ ပထမဆုံးအကြိမ် ကစားသမားစာရင်း ရွေးချယ်မှုကို ထုတ်ပြန်လာခဲ့ရာ တူဟယ်လ်ရဲ့ ကစားသမား ရွေးချယ်မှုထဲ အေစီမီလန် ညာနောက်ခံလူ ကိုင်းလ် ဝေါ်လ်ကာ ၊ မေ့လျော့ခံ အေဂျက်စ် ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန်နဲ့ နယူးကာဆယ် နောက်ခံလူ ဒန်ဘန်းတို့ပါ ပါဝင်လာခဲ့ပါတယ်။

Photo Credit : The Telegraph

လူမှုကွန်ရက်တွေမှာတော့ တူဟယ်လ်ရဲ့ ကစားသမား ရွေးချယ်မှုတွေနဲ့ ပတ်သက်ပြီး အံ့အားသင့်မှုနဲ့ ဝေဖန်မှုတွေ ပြည့်နှက်နေတာကို တွေ့ရပါတယ်။ X အသုံးပြုသူ @Warren_Evans က “တူဟယ်လ်က အိမ်ကနေ အလုပ်လုပ်နေတာ သေချာပေါက် သိသာပါတယ်” လို့ ပြောပါတယ်။ @Im_RobM က “အင်္ဂလန်က ၂၀၂၆ ကမ္ဘာ့ဖလားကို အနိုင်ရချင်တယ်ဆိုပြီး ဒန်ဘန်းကို ၂၀၂၅ မှာ ရွေးချယ်တယ်။ ဂါရတ် ဆောက်ဂိတ်ရေ အားလုံးအတွက် ခွင့်လွှတ်ပါ။” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

စပါးပရိသတ် @freddymcnab1 က “၂၀၂၅ မှာ ကိုင်လ် ဝေါ်ကာတဲ့လား၊ စပန့်စ်က ဒါနဲ့ မထိုက်တန်ဘူးလား။” လို့ ပြောပါတယ်။ နော်တင်ဟမ် ဖောရက်စ် ပရိသတ် @RileyNFFC_ က “ပွဲမကစားခင် တူဟယ်လ် ထွက်သွားဖို့ လိုကောင်းလိုနိုင်တယ်။” လို့ ပြောပါတယ်။ @bethjjackson က “ရိုးရိုးသားသားပြောရရင် ဒါက တော်တော်ဆိုးပါတယ်။ ဂစ်ဘ်စ်-ဝှိုက် ဂယ်လာဂါတို့လို ကစားသမားတွေအစား ၂၀၂၅ မှာ ဂျော်ဒန် ဟန်ဒါဆန်က ရူးသွပ်တဲ့ အလုပ်တစ်ခုပါ။ အသင်းမှာ ခေါင်းဆောင်မှုအတွေ့အကြုံနဲ့ အနိုင်ရသူတွေ လိုချင်တယ်လို့ပဲ တွေးလို့ရတယ်။” လို့ ပြောပါတယ်။

Photo Credit : Goal

@lukeWilko1878 က “ဂျော်ဒန် ဟန်ဒါဆန်က အင်္ဂလန် လူစာရင်းထဲမှာ။ တူဟယ်လ်ကို အလေးအနက် ထုတ်ပယ်သင့်တယ်” လို့ နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။ တူဟယ်လ်ရဲ့ ကစားသမားစာရင်းမှာ ဟန်ဒါဆန်(ဂိုး) ပစ်ဖိုဒ့် ရမ်းစ်ဒဲလ် ထရက်ဖိုဒ့် ဒန်ဘန်း ကိုဝဲလ် ဂူဟီ ရီးစ်ဂျိမ်းစ် ကွန်ဆာ စကယ်လီ လီဗရာမန်တို ကွန်ဆာ ဝေါ်လ်ကာ ဘယ်လင်ဟမ် အက်ဇီး ဟန်ဒါဆန် ကာတစ်ဂျုံးစ် ပါလ်မာ ရိုက်စ် ရော်ဂျာစ် ဘိုဝင် ဖိုဒန် ဂေါ်ဒွန် ကိန်း ရပ်ရှ်ဖို့ဒ် ဆိုလန်ကီတို့ ပါဝင်နေပါတယ်။

အင်္ဂလန်အသင်းဟာ အခု နိုင်ငံတကာ ရက်သတ္တပတ်ထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် ပွဲစဉ်တွေအဖြစ် အိမ်ကွင်း ဝင်ဘလေကွင်းကြီး အယ်လ်ဘေးနီးယား လတ်ဗီးယားအသင်းတို့နဲ့ ရင်ဆိုင်သွားရတော့မှာဖြစ်ပြီး နည်းပြသစ် တူဟယ်လ်လက်ထက် ပထမဆုံး အင်္ဂလန် အခြေအနေကို မြင်တွေ့ရပါတော့မယ်။