ဆောင်းရာသီ အပြောင်းအရွှေ့စေးျကွက်တုန်းက ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းဟာ လီဗာပူးလ်အသင်းရဲ့ ဥရုဂွေး တိုက်စစ်ကစားသမား ဒါဝင် နူးညက်ဇ်အတွင် ကမ်းလှမ်းမှု (၂)ကြိမ်တိုင် လုပ်ဆောင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရလို့ အက်စတွန် ဗီလာက ဂျွန်ဒူရန်ကိုသာ ခေါ်ယူလိုက်ရတာတာ ဖြစ်ပါတယ်။
တိုက်စစ်ကစားသမား တာလီစကာကို တူရကီကလပ် ဖီနာဘာချီအသင်းဆီ လက်လွတ်လိုက်ရပြီးနောက် တိုက်စစ်ပိုင်း ပြန်လည် အားဖြည့်ဖို့အတွက် ကစားသမားတွေ လိုက်လံပစ်မှတ်ထားခဲ့ရာ ဒီရာသီ လီဗာပူးလ်မှာ ပွဲကစားခွင့်တွေ နည်းပါးနေတဲ့ တိုက်စစ်မှူး နူးညက်ဇ်ကို မျက်စိကျလာခဲ့ပြီး ကြိုးပမ်းမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။
Photo Credit : Goal
အသက်(၂၅)နှစ်အရွယ် နူးညက်ဇ်ဟာ ဒီရာသီမှာ လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ (၃၂)ပွဲထိ ကစားထားရပေမယ့် ဒီထဲကမှ (၁၇)ပွဲသာ ပွဲထွက်ကစားထားရသလို နောက်ဆုံး(၅)ပွဲမှာလည်း (၂)ပွဲသာ ပွဲထွက်ကစားခဲ့ရသလို ဂိုးပေါက်လည်းပျောက်နေရပါတယ်။ နူးညက်ဇ် ဒီရာသီထဲ အသင်းအတွက် ပြိုင်ပွဲစုံ (၆)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
ဒီလို အခြေအနေတွေကြောင့် နူးညက်ဇ်ရဲ့ အနာဂတ်က လှုပ်ခတ်လာချိန်မှာ အယ်လ်နာဆာအသင်းက ယူရို(၇၅)သန်းဝန်းကျင်လောက်နဲ့ ကမ်းလှမ်းမှုတွေ (၂)ကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့ပေမယ့် ပြောင်းရွှေ့ကြေးက လက်ခံနိုင်စရာ ရှိခဲ့သည့်တိုင် ပြန်လည် အစားထိုးမှု ပြုလုပ်ဖို့က မလွယ်တော့တာကြောင့် ဒီကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ရပါတယ်။
Photo Credit : Football365
ဒီလို ကလပ်အသင်းဘက်က အယ်လ်နာဆာရဲ့ ကမ်းလှမ်းမှုအပေါ် ပယ်ချခဲ့တာနဲ့ ပတ်သက်ပြီး ကစားသမားဖြစ်သူကတော့ စိတ်ပျက်လျက် ရှိနေပြီး နူးညက်ဇ်က ရော်နယ်လ်ဒို မာနေး အော်တာဗီယို ဘရိုဇိုဗစ်တို့ ကစားနေတဲ့ အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့ချင်နေတယ်လို့လည်း သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။
အယ်လ်နာဆာကတော့ နူးညက်ဇ်ကို မခေါ်ယူနိုင်ခဲ့တဲ့အတွက် လေဗာကူဆင်က ဗစ်တာ ဘိုနီဖေ့စ်ကို ကြိုးပမ်းခဲ့ပေမယ့်လည်း လေဗာကူဆင်နဲ့ သဘောတူညီမရခဲ့ပြန်တာကြောင့် နောက်ဆုံး ဗီလာရဲ့ ကိုလံဘီယာ တိုက်စစ်မှူးလေး ဂျွန်ဒူရန်ကိုသာ ခေါ်ယူလိုက်ရပြီး အခု ဒူရန်ကလည်း အယ်လ်နာဆာအတွက် ဂိုးတွေ စတင် သွင်းယူနိုင်ပြီ ဖြစ်ပါတယ်။