အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ် လက်ရှိမှာ ဘောလုံးသုံးသပ်သူအဖြစ်လည်း ဆောင်ရွက်နေတဲ့ ပေါလ်မာဆန်က သူ့အသင်းဟောင်းဟာ တော့တင်ဟမ် ဟော့စပါး ကစားသမားဟောင်း ဘိုင်ယန်မြူးနစ်ရဲ့ အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူသွားလိမ့်မယ်လို့ ဟောကိန်းထုတ် ပြောကြားသွားလိုက်ပါတယ်။
အသက်(၃၁)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အာဆင်နယ် လူငယ်အသင်းမှာ ပါဝင်ခဲ့ဖူးပေမယ့်လည်း သူရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကိုတော့ အာဆင်နယ်ရဲ့ အခါးသီးဆုံး မြို့ခံပြိုင်ဘက် စပါးအသင်းမှာ စတင်ခဲ့တာဖြစ်ပြီး ကိန်းက စပါးမှာလည်း ဆယ်စုနှစ်တစ်ခုကြာတဲ့အထိ ကစားသွားခဲ့ပါတယ်။
Photo Credit : Caught Offside
၂၀၂၃မှ စပါးကနေ ဘိုင်ယန်ဆီ ပြောင်းရွှေ့ခဲ့တဲ့ ကိန်းဟာ ဂျာမနီမြေမှာ ဂိုးတွေ အများအပြား သွင်းယူနိုင်ခဲ့ပေမယ့် အခုအချိန်ထိတော့ ဆုဖလားတစ်ခုမှ မရယူနိုင်သေးတဲ့အပြင် သူနဲ့ ဘိုင်ယန်အသင်းတို့ကြားမှာလည်း စာချုပ်ဖျက်သိမ်းကြေးက ရှိနေပြီး လာမယ့်ဆောင်းဈေးကွက်မှာဆိုရင် ပေါင်(၅၄)သန်းလောက်အထိတောင် လျော့ကျသွားနိုင်တယ်လို့ ဖော်ပြထားကြပါတယ်။
အာဆင်နယ်ကလည်း တိုက်စစ်မှူးတစ်ဦး လိုအပ်နေတာ ဖြစ်ပြီးတော့ ကိန်းရဲ့ စာချုပ်ဖျက်သိမ်းကြေးနဲ့ ဆက်စပ်ပြီး ပေါလ်မာဆန်က “ဒါက ဘယ်နေရာကိုမဆို ဖြစ်နိုင်တာလား။ ဒါဆိုရင်တော့ အာဆင်နယ်က သူက ဝယ်လိုက်မှာပါ။ သူလည်း အာဆင်နယ်ကို သွားရမှာ။ ပေါင်(၆၄)သန်းနဲ့ဆို ဘာလို့ မဖြစ်နိုင်ရမှာလဲ။”
Photo Credit : Sky Sports
“ဆိုးလ် ကမ်းဘဲလ်လည်း ဒီလို ပြောင်းခဲ့တာပဲ။ ဆိုလိုတာက သူ့ကိုသာ ခေါ်လို့ရနိုင်မယ်ဆိုရင် ကြိုးပမ်းကြည့်ရမှာပဲလေ။ လူတွေကတော့ ဒီကစားသမားက အသက်ဒီလောက်ရှိနေပြီ ဘာညာပြောကြမှာ ဖြစ်ပေမယ့်လည်း ဒါပေမယ့် အာဆင်နယ်က အခု ဒါကို လိုအပ်နေတာပါ။ လူတွေ မိုဟာမက် ဆာလာအကြောင်း ပြောကြတယ်။ ကျွန်တော်ဆိုရင် (၃)နှစ်တော့ မချုပ်ဘူး။ (၁)နှစ် (၂)နှစ်လောက်ပဲ ချုပ်မယ်။”
“ဘာလို့ဆိုတော့ လီဗာပူးလ်က ဒီနှစ်မှာ ပရီးမီးယားလိဂ်ဖလားကို ရတော့မှာ။ အာဆင်နယ်က ဒီဖလားကို လိုချင်တယ်ဆိုရင် သက်သေပြထားပြီးသား ကစားသမားတစ်ဦးကို ရှာရမယ်။ ဟယ်ရီကိန်းကို ပေါင်(၆၄)သန်းနဲ့ ရနိုင်တယ်ဆိုရင်တောင် သူ့ကို ခေါ်နိုင်မယ့်အသင်းတွေက နည်းသွားပါပြီ။” လို့ ပြောဆိုလိုက်ပါတယ်။ ဘိုင်ယန်ကလည်း လာမယ့်နွေမှာ အရည်အသွေးမြင့် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူသွားဖို့ ရှိနေတာကြောင့် ကိန်းရဲ့ အနာဂတ်က ပိုမို လှုပ်ခတ်လာနိုင်ပါတယ်။