အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမား ဘူကာယို ဆာကာကတော့ လာမယ့် ကြားရက်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် ပရီးမီးယားလိဂ် ပွဲကြီးအတွက် သူတို့အသင်းအနေနဲ့ အဆင်သင့် ဖြစ်နေပြီလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ နော်တင်ဟမ် ဖောရက်စ်အသင်းကို (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်နောက်ပိုင်းကတည်းက ချန်ပီယံလိဂ်မှာ စပို့တင်း လစ္စဘွန်းကို (၁)ဂိုး (၅)ဂိုး မနေ့ညက ဝက်စ်ဟမ်းအသင်းနဲ့ ကစားခဲ့တဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲမှာလည်း (၂)ဂိုး (၅)ဂိုးတို့နဲ့ ဆက်တိုက်ဆိုသလို နိုင်ပွဲတွေ ရရှိခဲ့ပါတယ်။
Photo Credit : Arsenal Insider
အခုဆိုရင် အာဆင်နယ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာကိုတောင် ရပ်တည်ထားနိုင်ခဲ့ပြီဖြစ်ပြီး လာမယ့် ကြာသပတေးနေ့မှာတော့ ယူနိုက်တက်အသင်းနဲ့ ပွဲကျပ်ပွဲစဉ်ကို ဆင်နွဲသွားရတော့မှာပဲ ဖြစ်ပါတယ်။ ဒီရာသီမှာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ် (၅)ဂိုးသွင်း (၁၀)ဂိုး ဖန်တီးပေးထားခဲ့တဲ့ ဆာကာက “ဒါက(ဝက်စ်ဟမ်းကို အနိုင်ရတဲ့ပွဲ) အရမ်းအားကောင်းတဲ့ စတင်မှုတစ်ခုပါ။”
“ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပုံစံအတိုင်း အလားတူ ကစားနိုင်ခဲ့တာကို အမှတ်ရမိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပွဲတိုင်းမှာ အားကောင်းစွာနဲ့ စတင်ချင်တာကို သိခဲ့ရသလို အဲ့ဒီအတိုင်း အတိအကျ လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်က ဒီအသင်းအတွက် တိုးတက်လာဖို့ ဂိုးတွေသွင်းယူဖို့ ဂိုးတွေဖန်တီးနိုင်ဖို့ အမြဲတမ်း ကြိုးစားနေပါတယ်။”
Photo Credit : Arsenal Insider
“ယုံကြည်မှု အပြည့်နဲ့လည်း ကစားနေပါတယ်။ ဒီအတိုင်းပဲ ဆက်သွားချင်ပါတယ်။ ဂိုးတွေသွင်းယူရတာ ဂိုးတွေဖန်တီးရတာကို နှစ်သက်တယ် ဆိုပေမယ့် အကြီးမားဆုံး ပျော်ရွှင်မှုကတော့ အသင်းနိုင်ပွဲရခြင်းပါပဲ။ နောက်ဆုံး ကစားခဲ့တဲ့ (၃)ပွဲမှာ အကောင်းဆုံးပုံစံ အကောင်းဆုံး ကစားဟန်တွေကို ပြန်ရလာခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။”
“ကျွန်တော်တို့က ပိုကျစ်လစ်လာတယ်။ ကစားသမား အလှည့်ကျသုံးမှုတွေ အပါအဝင် အရာအားလုံးက အကုန်ကောင်းမွန်လာတာကို မြင်တွေ့ရမှာပါ။ ကျွန်တော်တို့တွေ ဒီတိုင်းဆက်သွားဖို့ လိုပါတယ်။ (၃)ပွဲကို အကောင်းဆုံး ကစားခဲ့ပေမယ့် ဒါက ဒီလိဂ်အတွက် မလုံလောက်ပါဘူး။ ကျွန်တော်တို့က မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲကြီးကစားဖို့လည်း ရှိနေတယ်။ ဒီပွဲအတွက် အဆင်သင့် ဖြစ်နေပြီး အတူတကွ လုပ်ဆောင်သွားဖို့ ကြိုးစားသွားမှာပါ။” လို့ ပြောဆိုလိုက်ပါတယ်။