ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ဂျာမနီ ခံစစ်ကစားသမား အန်တိုနီယို ရူဒီဂါက အသင်းခံစစ်ပိုင်းကို ပိုမို အားကောင်းလာစေဖို့အတွက် အာဆင်နယ်အသင်းက ပြင်သစ် နောက်ခံလူ ဝီလီယံ ဆလီဘာကို ခေါ်ယူစေချင်တယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိ ရီးယဲလ်အသင်းရဲ့ ဗဟိုခံစစ်ပိုင်းမှာ ရူဒီဂါ မီလီတာအို အလာဘာ ဗယ်လေဟိုတို့ ရှိနေပြီး ရံဖန်ရံခါမှာလည်း ကွင်းလယ်ခံစစ် ကစားသမား ချူအာမန်နီကိုပါ အသုံးပြုတက်ပါသေးတယ်။ ဒါပေမယ့် အလာဘာက အခုမှ ဒဏ်ရာကနေ သက်သာခါစသာ ရှိနေသးသလို ဗယ်ဟေဟိုကလည်း အမှားများတက်သူဖြစ်လို့ ရူဒီဂါနဲ့ မီလီတာအိုတို့လောက်သာ ပုံမှန် အသုံးပြုနေရပါတယ်။

Photo Credit : Arsenal Insider

အသင်းခေါင်းဆောင် နာချို ဖာနန်ဒက်ဇ်ကို ဆော်ဒီကလပ်ဆီ လက်လွတ်ခဲ့ရပြီးနောက် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းရဲ့ စပိန် နောက်ခံလူ လာပေါ့တ်ကို ပြန်လည် ခေါ်ယူဖို့ စီစဉ်ခဲ့ပေမယ့်လည်း လာပေါ့တ်ရဲ့ လုပ်ခလစာ မြင့်မားမှုကြောင့် လက်လျှော့ခဲ့ရပါတယ်။

ရီးယဲလ်က ဒီနွေမှာ ဘာပေနဲ့ အန်းဒရစ်ခ်တို့လို တိုက်စစ်ကစားသမား (၂)ဦးတည်းကိုသာ ဖြည့်တင်းခဲ့ပြီး ကျန်တဲ့နေရာတွေ အထူးသဖြင့် ခံစစ်ပိုင်း အားမဖြည့်ထားတဲ့ ရီးယဲလ်က ဒီရာသီအစမှာပဲ သရေပွဲ (၃)ပွဲနဲ့ ရှုံးပွဲ (၁)ပွဲပါ ကြုံတွေ့ထားခဲ့ရပါတယ်။

Photo Credit : The Niche

ဒီလို အခြေအနေမှာ ရီးယဲလ် ခံစစ်ကစားသမား ရူဒီဂါကို အင်တာဗျူရင်းနဲ့ ဗဟိုခံစစ်ပိုင်းအတွက် ခေါ်ယူလို့ရမယ်ဆိုရင် ဘယ်သူ့ကို ခေါ်ယူချင်လို့ဆိုပြီး မေးခွန်းထုတ်လာခဲ့ရာ ရူဒီဂါက “ဝီလီယံ ဆလီဘာလို့ပဲ ပြောချင်တယ်။ ကျွန်တော် မီလီတာအိုနဲ့ တွဲကစားရတာကိုလည်း တကယ် ပျော်ရွှင်မိပါတယ်။”

“ဒါပေမယ့် နောက်ဆိုရင် ပွဲတွေက အများကြီး ဆက်ကစားရဖို့လည်း ရှိနေသေးတာဆိုတော့ ကျွန်တော်တို့အနေနဲ့ အသင်းမှာ ကစားသမားတွေကိုလည်း အလှည့်ကျသုံးဖို့က လိုပါတယ်။ ဒါကြောင့် ဆလီဘာကိုသာ ရလိုက်မယ်ဆိုရင်တော့ အရမ်းကို ကောင်းသွားမှာပါ။” လို့ ပြန်လည် ဖြေဆိုသွားခဲ့ပါတယ်။