လေဗာကူဆင်အသင်းဟာ လာမယ့် ဘောလုံးရာသီမှာ သူတို့ရဲ့ နည်းပြဖြစ်သူ ဇာဘီ အလွန်ဆိုကို လက်လွတ်သွားရမယ်ဆိုရင် အလွန်ဆိုနေရာမှာ ပြန်လည် အစားထိုးဖို့ ရီးယဲလ်မက်ဒရစ် ဂန္တဝင် ကစားသမားဟောင်း ရာအူးလ် ဂွန်ဇာလက်ဇ်ကို ချိန်ရွယ်ထားတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

စပိန်ကစားသမားဟောင်းကြီး အလွန်ဆိုဟာ ၂၀၂၃ခုနှစ်မှာပဲ လေဗာကူဆင် နည်းပြအဖြစ် စတင် ဆောင်ရွက်ရင်း သူရဲ့ ပွဲဦးထွက် ရာသီမှာပဲ နည်းပြအရည်အသွေးကောင်းတွေကို ပြသနိုင်ခဲ့သလို ဒုတိယမြောက် ရာသီမှာတော့ ဘွန်ဒက်စ်လီဂါဖလားကိုတောင်မှ ရှုံးပွဲမရှိနဲ့ ရယူနိုင်ခဲ့သလို ဂျာမန်ပိုကယ်ဖလားကိုပါ ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။

Photo Credit : France24

ဒီလို အရည်အသွေးကောင်းတွေကြောင့် အလွန်ဆိုကို ကလပ်အသင်းတိုင်းက အလိုရှိလာခဲ့ပြီး အထူးသဖြင့် ရီးယဲလ်မက်ဒရစ် ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးလ်တို့က သူတို့ကစားသမားဟောင်းကြီးကို အသင်းနည်းပြအဖြဖစ် ခန့်အပ်ဖို့ အတော်လေး စိတ်ဝင်စားခဲ့ပါတယ်။ ဒီလို စိတ်ဝင်စားမှုတွေ ရှိလာပေမယ့်လည်း အလွန်ဆိုက လေဗာကူဆင်မှာပဲ တစ်ရာသီလောက် ဆက်နေဖို့ကိုသာ ရွေးချယ်ခဲ့ပါတယ်။

တကယ်လို့ အခု ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အလွန်ဆိုက လေဗာကူဆင်ကနေ ထွက်ခွာသွားမယ်ဆိုရင် လေဗာကူဆင်အနေနဲ့ နောက်ထပ် စပိန် ဘောလုံးသမားဟောင်းတစ်ဦးဖြစ်တဲ့ ရာအူးလ်နဲ့ ပြန်လည် အစားထိုးသွားဖို့ စီစဉ်လို့ထားပါတယ်။

Photo Credit : Tribuna

ရီးယဲလ်မက်ဒရစ်နဲ့ စပိန်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ရာအူးလ်ဟာ ကစားသမားဘဝက အနားယူပြီးချိန် ရီးယဲလ်အသင်းမှာပဲ လူငယ်နည်းပြ အရန်အသင်းနည်းပြတွေအဖြစ် ပြောင်းလဲ ဆောင်ရွှက်နေတာ ဖြစ်ပါတယ်။ အနာဂတ်မှာ ရီးယဲလ် စီနီယာအသင်းရဲ့ နည်းပြဖြစ်လာမယ့်သူလို့ သတ်မှတ်ခံထားရတဲ့ ရာအူးလ်ကို ကလပ်အသင်း တော်တော်များများကလည်း မျက်စိကျလျက် ရှိနေပါတယ်။

ရီးယဲလ်အသင်းဟာလည်း လာမယ့်ရာသီမှာပဲ နည်းပြကြီး အန်ဆယ်လော့တီနေရာမှာ အလွန်ဆိုနဲ့ အပြောင်းအလဲ လုပ်ဆောင်ဖွယ် ရှိနိုင်တာကြောင့် ဒီလိုသာ ဖြစ်လာခဲ့မယ်ဆိုရင် လေဗာကူဆင်ကလည်း အလွန်ဆိုနေရာ ပြန်အစားထိုးဖို့အတွက် ရီးယဲလ် အရန်အသင်းနည်းပြ ရာအူးလ်ကို ပြန်လည် ခေါ်ယူသွားဖွယ် ရှိနေပါတယ်။