ရိုးမားအသင်းကတော့ ဒီဈေးကွက်အတွင်းမှာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ကတ်ဆီယာအသင်းဆီ ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ တိုက်စစ်ကစားသမား ပေါ်လို ဒီဘားလား နေရာမှာ free agent player ဖြစ်နေတဲ့ နယ်သာလန် တိုက်စစ်မှူး မန်ဖစ် ဒီပိုင်းနဲ့ ပြန်လည် အစားထိုးသွားဖို့ စီစဉ်နေပါတယ်။

ဒီနွေမှာ အူဘာမီယန်း နာချိုတို့လို ဝါရင့် ကစားသမားကြီးတွေကို ခေါ်ယူထားတဲ့ ဆော်ဒီ ပရိုလိဂ် တန်းတက်ကလပ် အယ်လ်ကတ်ဆီယာအသင်းဟာ အသက် (၃၀)အရွယ် အာဂျင်တီးနား တိုက်စစ်ကစားသမား ဒီဘားလားကိုပါ ထပ်မံ ခေါ်ယူသွားဖို့ ကမ်းလှမ်းမှုတွေ စတင် လုပ်ဆောင်လာခဲ့ပါတယ်။

Photo Credit : Football Italia

ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်မှာတော့ ဒီဘားလားဟာ အယ်လ်ကတ်ဆီယာရဲ့ ကမ်းလှမ်းဖို့ လက်ခံသွားဖို့ နီးစပ်နေပြီလို့ ဖော်ပြထားခဲ့ပေမယ့်လည်း အခုအချိန်ထိတော့ အယ်လ်ကတ်ဆီယာက ဒီဘားလားဆီကနေ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုကို အပြည့်အဝ မရရှိသေးပဲ ဒီဘားလားဆီ အဖြေကိုသာ စောင့်ဆိုင်းနေရပါတယ်။

ရိုးမားဘက်ကတော့ ဒီနွေမှာ ဒိုဗစ်ခ်နဲ့ ဆိုလေးတို့ နှစ်ဦးကို ခေါ်ယူထားခဲ့တာကြောင့် ဒီဘားလားကို အသင်းကနေ ရောင်းထုတ်သွားချင်နေပြီး အယ်လ်ကတ်ဆီယာနဲ့ ဒီဘားလားတို့ကြား အပြောင်းအရွှေ့ ဖြစ်လာဖို့အတွက်လည်း မျှော်လင့်နေပါတယ်။ ဒါ့အပြင် ဒီဘားလားကိုသာ လက်လွတ်လိုက်ရမယ်ဆိုရင်လည်း ဒီဘားလားနေရာမှာ အစားထိုးဖို့ ကစားသမားပါ ရှာတွေ့ထားပြီ ဖြစ်ပါတယ်။

Photo Credit : Chiesa De Totti

ရိုးမားအသင်းက ဒီဘားလားနေရာအတွက် လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဒီပိုင်းနဲ့ အစားထိုးဖို့ ချိန်ရွယ်နေတာ ဖြစ်ပါတယ်။ ဒီပိုင်းကလည်း ဒီဘားလားလို အသက် (၃၀)အရွယ် ရှိနေသူဖြစ်ပြီး ဒီနွေမှာပဲ အသက်လက်တီကို မက်ဒရစ်ကနေ စာချုပ်ဖျက်သိမ်းကာ free agent player ဖြစ်နေရပါတယ်။

PSV မန်ယူနိုက်တက် လိုင်ယွန် ဘာစီလိုနာ အသက်လက်တီကိုတို့လို အသင်းတွေနဲ့ ကစားသမားဘဝကို ဖြတ်သန်းခဲ့ဖူးတဲ့ ဒီပိုင်းဟာ အရည်အသွေးမြင့် အတွေ့အကြုံရင့် ကစားသမားတစ်ဦးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားနိုင်မယ်ဆိုရင် ခေါ်ယူနိုင်မယ့် အသင်းအတွက် အကျိုးရှိလာနိုင်ပါတယ်။ ဒါကြောင့်လည်း ရိုးမားက ဒီဘားလား ထွက်သွားရင် သူ့နေရာအတွက် ပြောင်းရွှေ့ကြေး လုံးဝ မကုန်နိုင်မယ့် ဒီပိုင်းနဲ့ အစားထိုး ခေါ်ယူချင်တာ ဖြစ်ပါတယ်။