ဘောလုံးလောကရဲ့ စူပါအေးဂျင့်တစ်ဦးဖြစ်သူ ဂျော့မန်ဒက်စ်ဟာ ချယ်လ်ဆီးနဲ့ ဂျာအို ဖီးလစ်ကိစ္စအတွက် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ကို ရောက်ရှိနေတုန်း သူ့အေဂျင်စီ ကစားသမားတစ်ဦးဖြစ်တဲ့ မန်နူရယ်လ် အူဂါတေးနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ အပြောင်းအရွှေ့အတွက်ကိုပါ လုပ်ဆောင်ပေးလျက် ရှိနေပါတယ်။
ဒီနွေမှာ ကစားသမားသစ် (၄)ဦးအထိ ခေါ်ယူဖြည့်တင်းထားတဲ့ ယူနိုက်တက်က ကွင်းလယ်ပိုင်းအတွက်ကိုတော့ ဖြည့်တင်းမှု မလုပ်ဆောင်ထားရသေးပဲ သူတို့ ခေါ်ယူချင်နေတဲ့ ကွင်းလယ်ကစားသမား အူဂါတေးနဲ့လည်း personal agreed ရထားတာတောင်မှ ပြောင်းရွှေ့ကြေးပိုင်းမှာ သဘောတူညီမှု မရသေးလို့ အပြောင်းအရွှေ့ ကြန့်ကြာနေရပါတယ်။
Photo Credit : Football Transfer
ဥရုဂွေး ကွင်းလယ်လူ အူဂါတေးဟာ မနှစ်ကမှ စပို့တင်း လစ္စဘွန်းကနေ ပီအက်စ်ဂျီအသင်းဆီ ရောက်လာခဲ့တာဖြစ်ပြီး အသင်းနဲ့ တစ်ရာသီလေးသာ ဖြတ်သန်းပြီးရချိန်မှာပဲ ပီအက်စ်ဂျီက အူဂါတေးကို ရောင်းထုတ်ချင်လာခဲ့သလို အူဂါတေး ကိုယ်တိုင်ကလည်း ပီအက်စ်ဂျီကနေ ပြန်လည် ထွက်ခွာသွားချင်နေပါတယ်။
ဒီအချိန်မှာ သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တဲ့ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ အူဂါတေးဘက်က လက်ခံ ခေါင်းညိတ်ခဲ့ပေမယ့်လည်း ပီအက်စ်ဂျီဘက်က အူဂါတေးအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးဟာ မြင့်မားနေတာကြောင့် ယူနိုက်တက်က အူဂါတေးထက် တခြား ကွင်းလယ် options တွေကိုသာ ပစ်မှတ်ထားလာပါတယ်။
Photo Credit : Youtbue
ဒါပေမယ့်လည်း ယူနိုက်တက် အမှန်တကယ် လိုချင်နေတာက အူဂါတေး ဖြစ်နေတာမို့ ဒါကို ကောင်းကောင်းသိနေတဲ့ စူပါအေးဂျင့် ဂျော့မန်ဒက်စ်က အင်္ဂလန်ကို ရောက်နေတုန်း အူဂါတေး ယူနိုက်တက် ပီအက်စ်ဂျီအသင်းတို့ကြား အပြောင်းအရွှေ့ အထမြောက်လာဖို့အတွက် အသေအချာ ဆွေးနွေးဆောင်ရွက်ပေးလို့နေပါတယ်။
အူဂါတေးကလည်း ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့် မရထားသည့်တိုင် ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ချင်နေတဲ့အတွက် ပီအက်စ်ဂျီအသင်းထံကိုလည်း တွန်းအားပေးလျက် ရှိနေသလို သူ့အေးဂျင့်ဖြစ်တဲ့ မန်ဒက်စ်ကလည်း ယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့ကြား အူဂါတေး အပြောင်းအရွှေ့ ဖြစ်လာဖို့အတွက် ညှိနှိုင်း ဆောင်ရွှက်ပေးနေပါတယ်။