ကဲ အပတ်စဉ် တင်ဆက်ပေးနေကြ ဘာဘာတော့ဗ်ရဲ့ ပွဲကြို ခန့်မှန်း သုံးသပ်ချက်တွေကို တင်ဆက်ပေးရမယ့် အချိန်အခါကို ကျရောက်လာပြန်ပါပြီ။ ဒီတပတ်မှာလည်း ချယ်လ်ဆီးနဲ့ မန်ချက်စတာ စီးတီး ပွဲလိုမျိုး ပွဲကြီးပွဲကောင်း ရှိနေသလို တခြား စိတ်ဝင်စားစရာ ကောင်းတဲ့ ပွဲတွေလည်း ရှိနေတာကြောင့် ဘာဘာတော့ဗ် တယောက် ဘယ်လို ခန့်မှန်းချက်တွေ လုပ်ထားလဲ ဆိုတာ စောင့်ကြည့်လိုက်ရအောင်ဗျာ…။

Photo Credit: Sky Sports

ဝုလ်ဗ်နဲ့ စပါး (စနေနေ့ည ၇နာရီ)

ဒီပွဲက ပြီးခဲ့တဲ့အပတ်မှာ ချယ်လ်ဆီးကို ရှုံးထားတဲ့ စပါးအတွက် အရေးကြီးတဲ့ပွဲပါ။ သူတို့တွေ ပြန်ပြီး နိုးထလာနိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။ ကျွန်တော်က စပါးအသင်း အနိုင်ရမယ်လို့ ပြောချင်ပေမယ့် ဝုလ်ဗ်ကလည်း မခေတဲ့ ပြိုင်ဘက်ပါ။ ဒါပေမယ့် ကျွန်တော်က စပါးဟာ ဒီရာသီမှာ ထူးခြ၁ားတဲ့ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ ယုံကြည်နေတာကြောင့် စပါး အနိုင်ကိုပဲ ရွေးချင်ပါတယ်။

ခန့်မှန်းရလဒ် – ဝုလ်ဗ် ၁-၂ စပါး

Photo Credit: Arsenal

အာဆင်နယ်နဲ့ ဘန်လေ (စနေနေ့ည ၉နာရီခွဲ)

အာဆင်နယ်က ပြီးခဲ့တဲ့အပတ်မှာ နယူးကာဆယ်ကို အငြင်းပွားဖွယ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာကြောင့် ဒီပွဲမှာ အသန်မာဆုံးပုံစံနဲ့ ပြန်လာနိုင်ဖို့ လိုပါတယ်။ အငြင်းပွားဖွယ်ဂိုးနဲ့ ရှုံးခဲ့တာက သူတို့ရဲ့ စိတ်ဓာတ်ပိုင်းကို သက်ရောက်မှု ရှိမယ် ဆိုတာ သေချာပါတယ်။ ဘန်လေကလည်း တန်းဆင်းဇုန်ထဲ ကနေ ရုန်းထွက်ဖို့ နိုင်ပွဲတွေ လိုနေပါပြီ။ ဒါပေမယ့် အာဆင်နယ်ရဲ့ ကစားသမားတွေက ဘန်လေရဲ့ ကစားသမားတွေထက် အများကြီး သာနေပါတယ်။ ဒါကြောင့် ကျွန်တော်ကပဲ အိမ်ရှင်ကိုပဲ ရွေးချင်ပါတယ်။

ခန့်မှန်းရလဒ် – အာဆင်နယ် ၃-၀ ဘန်လေ

Photo Credit: Standard

မန်ယူနဲ့ လူတန်တောင်း (စနေနေ့ည ၉နာရီခွဲ)

မန်ချက်စတာ ယူနိုက်တက်က ဒီပွဲကို သတိထား ကစားရပါလိမ့်မယ်။ တန်းဆင်းဇုန်ထဲက အသင်းတွေမှာ ဘာမှ ဆုံးရှုံးစရာ မရှိတော့တာကြောင့် သူတို့က ဖောင်ဖျက်ပြီး ကစားလာနိုင်ပါတယ်။ လူတန်က ခံစစ်ပိုင်းကို အားပြု ကစားပြီး လီဗာပူးနဲ့ပွဲတုန်းကလို တိုက်စစ်ဆင်မှုတွေ လုပ်လာနိုင်ပါတယ်။ သူတို့အသင်းက လူတွေကို အံ့အားသင့်အောင် လုပ်နိုင်စွမ်း ရှိပါတယ်။ မန်ယူနိုက်တက်ကတော့ ဒီပွဲမှာ ရိုးရိုးရှင်းရှင်း ကစားဖို့ပဲ လိုပါတယ်။ တိုက်စစ်ကို အားပြု ကစားမယ်။ ပြီးရင် မိနစ် ၉၀လုံး အာရုံစိုက်ထားမယ်။ အနီကတ်တွေ မရအောင်လည်း သတိထားမယ်။ ဒီပွဲက ယူနိုက်တက် အတွက် မဖြစ်မနေ အနိုင် ကစားရမယ့် ပွဲမျိုး ဖြစ်တာကြောင့် ကျွန်တော်ကတော့ သူတို့တွေ နိုင်သွားမယ်လို့ပဲ ပြောချင်ပါတယ်။

ခန့်မှန်းရလဒ် – မန်ယူ ၂-၀ လူတန်တောင်း

Photo Credit: 90 Min

လီဗာပူးနဲ့ ဘရန့်ဖို့ဒ် (တနင်္ဂနွေနေ့ည ၈နာရီခွဲ)

ဘရန့်ဖို့ဒ်က အံ့အားသင့်စရာ ရလဒ်တွေ ရအောင် လုပ်နိုင်တဲ့ အသင်းပါ။ သူတို့က အကောင်းဆုံးပုံစံ တခုကို ပြန်ရနေပြီ ဖြစ်တာကြောင့် သူတို့ကို အနိုင်ယူဖို့ဟာ ခက်ခဲပါလိမ့်မယ်။ လီဗာပူးကတော့ သူတို့အသင်း ပုံစံကောင်း မပြနိုင်တဲ့ အချိန်မှာ ရလဒ်ကောင်းတွေ ရအောင် ဘယ်လို ကစားရမလဲ ဆိုတာ သိဖို့ လိုအပ်နေပါတယ်။ လူတန်တောင်းနဲ့ ပွဲမှာ သူတို့တွေ ကြုံခဲ့ရသလိုမျိုးပေါ့။ လီဗာပူးက လူတန်တောင်းနဲ့ ပွဲမှာ လုပ်မိခဲ့တဲ့ အမှားတွေကို ပြန်ပြင်ဆင်နိုင်ဖို့ လိုပါတယ်။ ပြီးတော့ သူတို့က ဒီပွဲကို အန်ဖီးလ်ကွင်းမှာ ကစားရမှာပါ။ ဒါကြောင့် ကျွန်တော်ကတော့ လီဗာပူးတို့ နိုင်မယ်လို့ပဲ မျှော်လင့်ထားပါတယ်။

ခန့်မှန်းရလဒ် – လီဗာပူး ၂-၀ ဘရန့်ဖို့ဒ်

Photo Credit: BT Sports

ချယ်လ်ဆီးနဲ့ မန်စီးတီး (တနင်္ဂနွေနေ့ည ၁၀နာရီ)

ချယ်လ်ဆီးက စပါးကို နိုင်ခဲ့ပေမယ့် သူတို့က ၉ယောက်ပဲ ရှိတဲ့ အသင်းကို နိုင်ခဲ့တာပါ။ သူတို့တွေက မန်စီးတီးနဲ့ပွဲမှာတော့ ပွဲစ ၊ ပွဲဆုံး အာရုံစိုက် ကစားဖို့ လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ချယ်လ်ဆီးမှာ တိုးတက်ရမယ့် နေရာတွေ အများကြီး ရှိနေလို့ပါ။ သူတို့အသင်းက ပြိုင်ဘက်တွေကို အလွယ်တကူ ပေးဂိုးတွေ ခွင့်ပြုပေးနေရပါတယ်။ တဖက်မှာတော့ မန်ချက်စတာ စီးတီးက တိုက်စစ်ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။ တကယ်လို့ ချယ်လ်ဆီးကသာ အာရုံစိုက်မှု လျော့သွားရင် တိုက်စစ်ကစားသမားကောင်းတွေ ရှိတဲ့ မန်ချက်စတာ စီးတီးက ဂိုးတွေ အများကြီး သွင်းပြီး ပွဲကို အနိုင်ယူသွားပါလိမ့်မယ်။ ချယ်လ်ဆီးက ပိုချက်တီနို လက်အောက်မှာ ကစားပုံကောင်း တခု ရဖို့ ကြိုးစားနေရသေးတာမို့လို့ ဒီနေ့ပွဲမှာ စီးတီးကို အံတုနိုင်ဖို့ ခက်ပါတယ်။

ခန့်မှန်းရလဒ် – ချယ်လ်ဆီး ၁-၃ မန်စီးတီး

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

ခရစ္စတယ် ပဲလေ့စ် ၁-၁ အဲဗာတန်

ဘုန်းမောက် ၁-၁ နယူးကာဆယ်

ဗီလာ ၃-၁ ဖူလ်ဟမ်

ဘရိုက်တန် ၂-၀ ရှက်ဖီးလ် ယူနိုက်တက်

ဝက်စ်ဟမ်း ၁-၀ နော်တင်ဟမ် ဖောရက်စ်