အပတ်စဉ် တင်ဆက်ပေးနေကြ ပရီးမီးယားလိဂ် ဂန္တဝင် ဘာဘာတော့ဗ်ရဲ့ ပရီးမီးယားလိဂ် ပွဲကြို သုံးသပ်ချက်တွေကို တင်ဆက်ပေးရမယ့် အချိန်အခါ ကျရောက်လာပြန်ပါပြီ။ ဒီတပတ်မှာ ပရိသတ်တွေ အတွက် ချယ်လ်ဆီးနဲ့ အာဆင်နယ် ၊ မန်ချက်စတာ စီးတီးနဲ့ ဘရိုက်တန် ၊ လီဗာပူးနဲ့ အဲဗာတန်တို့လို ပွဲကောင်းတွေ ရှိနေတာကြောင့် ဘာဘာတော့ဗ် တယောက် ဘယ်လို ခန့်မှန်းချက်တွေ လုပ်ထားလဲ ဆိုတာ ဖတ်ရှုကြည့်လိုက်ရအောင်ဗျာ…။

Photo Credit: Squawka

လီဗာပူးနဲ့ အဲဗာတန် (စနေနေ့ည ၆နာရီ)

ကစားသမားတွေက အစောကြီး ကန်ရတာကို မကြိုက်ကြပါဘူး။ ဒီပွဲက ဒါဘီပွဲ ဖြစ်နေပေမယ့် လီဗာပူးက အခုချိန်မှာ ပိုကောင်းတဲ့ အသင်း ဖြစ်နေပါပြီ။ ဒါကြောင့် ကျွန်တော်ကတော့ ဒီပွဲမှာ လီဗာပူးကပဲ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – လီဗာပူး ၂-၀ အဲဗာတန်

Photo Credit: Manchester City

မန်စီးတီးနဲ့ ဘရိုက်တန် (စနေနေ့ည ၈နာရီခွဲ)

သာမန်အမြင်အရ ကြည့်မယ် ဆိုရင် ဒီပွဲက ပွဲကောင်း တပွဲ ဖြစ်ဖို့ များပါတယ်။ ဒါပေမယ့် မန်ချက်စတာ စီးတီးက သူတို့ရဲ့ အာရုံစူးစိုက်မှု မရှိမှသာ ဒီပွဲက ပွဲကောင်း တပွဲ ဖြစ်လာမှာပါ။ စီးတီးကသာ အာရုံစိုက်ပြီး ဆော့မယ် ဆိုရင် ဒီပွဲက သူတို့အတွက် နိုင်ပွဲပါပဲ။ ဒီပွဲက စီးတီးအတွက် လွယ်ကူတဲ့ ပွဲမျိုး မဟုတ်ပေမယ့် ဘရိုက်တန်ကသာ အံ့အားသင့်စရာ ကောင်းတဲ့ စွမ်းဆောင်ရည်တွေ မပြနိုင်ခဲ့ရင် စီးတီးအတွက် အနိုင် ၃မှတ် သေချာပါတယ်။

ခန့်မှန်းရလဒ် – မန်စီးတီး ၃-၁ ဘရိုက်တန်

Photo Credit: 90 Min

ချယ်လ်ဆီးနဲ့ အာဆင်နယ် (စနေနေ့ည ၁၁နာရီ)

ဒီပွဲအတွက် အာဆင်နယ်က အလေးသာနေတယ် ဆိုတာ အမှန်ပါ။ ဒါပေမယ့် ကျွန်တော်တို့က ချယ်လ်ဆီးကိုလည်း လျှော့တွက်လို့ မရပါဘူး။ ချယ်လ်ဆီးက အမြန်နှုန်းနဲ့ ကစားနိုင်နေသလို မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကိုလည်း ပြန်ရောက်နေပါပြီ။ ကျွန်တော်ကတော့ ဒီပွဲမှာ ဂိုးများနိုင်တယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံးက ဂိုးတွေ သွင်းနိုင်ပါတယ်။ ကျွန်တော်ကတော့ ဒီပွဲမှာ ဂိုးအများကိုပဲ ကြိုက်ပါတယ်။ နီကိုလပ်စ် ဂျက်ဆန်နဲ့ မာတီနယ်လီတို့လို ဂိုးဧရိယာထဲမှာ အမြဲတမ်း ရှိတဲ့ ကစားသမားတွေကြောင့် ဒီပွဲက ဂိုးများပါမယ်။

ခန့်မှန်းရလဒ် – ချယ်လ်ဆီး ၂-၂ အာဆင်နယ်

Photo Credit: The Sun

ရှက်ဖီးလ်နဲ့ မန်ယူ (တနင်္ဂနွေနေ့ မနက် ၁နာရီခွဲ)

ဒီပွဲက မန်ချက်စတာ ယူနိုက်တက် အတွက် ခက်ခဲတဲ့ စမ်းသပ်မှု တခု ဖြစ်နေပါလိမ့်မယ်။ သူတို့က ခက်ခဲ ကြမ်းတမ်းတဲ့ နေရာတခုဆီ ချီတက်ရမှာ ဖြစ်သလို ရှက်ဖီးလ် ယူနိုက်တက်ကလည်း ဒီပွဲမှာ တတ်နိုင်သလောက် ရလဒ်ကောင်း တခု ရအောင် အစွမ်းကုန် ကြိုးစားမှာပါ။ မန်ချက်စတာ ယူနိုက်တက်က ဒီပွဲမှာ အပြည့်အဝ အာရုံစိုက် ကစားဖို့ လိုသလို ပြိုင်ဘက်ကို ထိန်းချုပ်ပြီး နိုင်ပွဲ ရယူရပါမယ်။ ကျွန်တော်က ဒီပွဲဟာ သရေရလဒ် ဖြစ်မယ်လို့ ထင်ကြေးပေးချင်ပေမယ့် ယူနိုက်တက် အနိုင်ကိုပဲ ရွေးချယ်ပေးပါမယ်။

ခန့်မှန်းရလဒ် – ရှက်ဖီးလ် ၁-၂ မန်ယူ

Photo Credit: Mirror

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

ဘရန့်ဖို့ဒ် ၁-၁ ဘန်လေ

ဘုန်းမောက် ၁-၀ ဝုလ်ဗ်

နော်တင်ဟမ် ဖောရက်စ် ၁-၀ လူတန်

နယူးကာဆယ် ၂-၀ ခရစ္စတယ် ပဲလေ့စ်

ဗီလာ ၂-၂ ဝက်စ်ဟမ်း

စပါး ၃-၀ ဖူလ်ဟမ်