လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ် ပဲလေ့စ်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ နာမည်​​​​ကျော် စူပါစတား ကစားသမားဟောင်း အီဒင် ဟာဇက်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ပဲလေ့စ်က ချယ်လ်ဆီး ကစားသမားဟောင်း ဟာဇက်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်ဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း ဟာဇက်ကိုယ်တိုင်က သူရဲ့ကစားသမားဘဝကို အဆုံးသတ်ဖို့သာ အခြေအနေများနေရပါတယ်။

Crystal Palace plotting surprise move for two-time Premier League winner |  Yardbarker

Photo Credit : Yardbarker

ပဲလေ့စ်အသင်းက ဒီနွေမှာ အသင်းရဲ့ ဝါရင့် ကစားသမား အသင်းခေါင်းဆောင် ဝီးလ်ဖရက်ဒ် ဇာဟာကို အလွတ်နဲ့ လက်လွတ်ထားခဲ့ရတာကြောင့် ဇာဟာနေရာမှာ ပြန်လည် အစားထိုးဖို့အတွက် ဟာဇက်ကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

ဟာဇက်ကလည်း ရီးယဲလ် မက်ဒရစ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးတဲ့နောက် လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေရပြီး ခေါ်ယူချင်တဲ့ ကလပ်အသင်းတွေက ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့်လည်း ဟာဇက်ကိုယ်တိုင်ကတော့ ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းသွားဖို့ ဆန္ဒမရှိပဲ ဖြစ်နေပါတယ်။

Photo Credit : Sky Sports

လိုင်လီအသင်းနဲ့ တောက်ပခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဟာဇက်က ချယ်လ်ဆီးမှာတော့ အတော်လေးကို ခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းရဲ့ အမာခံ ကစားသမားတစ်ဦးအဖြစ် အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်ဖလား အက်ဖ်အေဖလား လိဂ်ဖလား နဲ့ ယူရိုပါလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တဲ့ ဟာဇက်က ရီးယဲလ်ကို ရောက်ရှိသွားချိန်မှာတော့ (၄)ရာသီအတွင်း (၇၆)ပွဲသာ ကစားပေးခဲ့ရတဲ့အပြင် (၇)ဂိုးသွင်းယူနိုင်တဲ့အထိ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။