ကဲ အပတ်စဉ် တင်ဆက်ပေးနေကြ ပရီးမီးယားလိဂ် ပွဲကြို ခန့်မှန်းချက်တွေကို တင်ဆက်ပေးရမယ့် အချိန်အခါကို ကျရောက်လာပြန်ပါပြီ။ ဒီတပတ်မှာတော့ နယူးကာဆယ်နဲ့ လီဗာပူးပွဲလို ပွဲကြီးပွဲကောင်း ၊ အာဆင်နယ်နဲ့ ဖူလ်ဟမ်လို ဘာမဆို ဖြစ်သွားနိုင်တဲ့ ပွဲကောင်းတွေ ရှိနေတာကြောင့် ယူနိုက်တက်ဂန္တဝင် တိုက်စစ်မှူး ဘာဘာတော့ဗ်ရဲ့ ပွဲကြို ခန့်မှန်းချက်ကို စုစည်း တင်ဆက်ပေးသွားချင်ပါတယ်။

Photo Credit: The Sun

မန်ယူနိုက်တက်နဲ့ နော်တင်ဟမ် ဖောရက်စ် (စနေနေ့ည ၈နာရီခွဲ)

ဒီပွဲက မန်ချက်စတာ ယူနိုက်တက် အတွက် မဖြစ်မနေ အနိုင်ယူရမယ့်ပွဲပါ။ တကယ်လို့ ဒီပွဲမှာသာ သူတို့က နိုင်ပွဲကို မရှာနိုင်ခဲ့ရင် လူတွေက သူတို့အသင်းဟာ ခက်ခဲတဲ့ ကာလထဲ ရောက်နေပြီလို့ ပြောကြပါလိမ့်မယ်။ ဒါကြောင့် သူတို့က အကောင်းဆုံး ကစားနိုင်ဖို့ လိုပါတယ်။ မဟုတ်ရင်တော့ သူတို့ရဲ့ ဘောလုံးရာသီက ဒီနေရာမှာတင် ပြီးဆုံးသွားမှာ ဖြစ်သလို မျှော်လင့်ထားတဲ့ အောင်မြင်မှုတွေ မရတဲ့ ဘောလုံးရာသီ တခုကို ထပ်မံ ပိုင်ဆိုင်သွားရပါလိမ့်မယ်။ ယူနိုက်တက်က နိုင်ပွဲ ရဖို့ လိုအပ်နေသလို ကစားပုံကောင်းကောင်း ပြသနိုင်ဖို့လည်း လိုပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးက နိုင်ဖို့ပါပဲ။

ခန့်မှန်းရလဒ် – မန်ယူနိုက်တက် ၂-၁ နော်တင်ဟမ် ဖောရက်စ်

Photo Credit: Standard

အာဆင်နယ်နဲ့ ဖူလ်ဟမ် (စနေနေ့ည ၈နာရီခွဲ)

အခု မီထရိုဗစ် မရှိတော့ဘူး။ ဒါကြောင့် ဖူလ်ဟမ်က သွင်းဂိုးတွေနဲ့ တည်ငြိမ်မှုကို ရှာဖွေနိုင်ဖို့ လိုနေပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ ဖူလ်ဟမ်ရဲ့ ကစားပုံရော ၊ ရလဒ်ပိုင်းပါ အတော်လေး ဆိုးခဲ့ပါတယ်။ ဒီတပတ်မှာလည်း သူတို့က အာဆင်နယ်နဲ့ ရင်ဆိုင် ကစားရမှာမို့လို့ နောက်ထပ် ခက်ခဲတဲ့ ပွဲတပွဲကို ထပ်ပြီး ဖြတ်ကျော်ရဦးမှာပါ။ မီခေး အာတီတာရဲ့ အာဆင်နယ်ကတော့ ကစားပုံ အတော်လေး ကောင်းနေပါတယ်။ ပြီးတော့ အာဆင်နယ်က ကစားပုံ မကောင်းခဲ့ရင်တောင် အနိုင် ၃မှတ် ဘယ်လိုယူရမလဲ ဆိုတာ ကောင်းကောင်းကြီး သိပါတယ်။ ပြီးခဲ့တဲ့ ခရစ္စတယ် ပဲလေ့စ်နဲ့ ပွဲစဉ်မှာ သူတို့က အဲ့ဒါကို သက်သေပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဒီပွဲမှာ အာဆင်နယ်ပဲ နိုင်သွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – အာဆင်နယ် ၃-၁ ဖူလ်ဟမ်

Photo Credit: The Sun

နယူးကာဆယ်နဲ့ လီဗာပူး (တနင်္ဂနွေနေ့ည ၁၀နာရီ)

ဒီပွဲက ပွဲကောင်း တပွဲ ဖြစ်လာမှာ ဖြစ်သလို ကျွန်တော်ကတော့ နယူးကာဆယ်နဲ့ပဲ နေချင်ပါတယ်။ လူတွေက နယူးကာဆယ်ကို အာရုံမစိုက်ကြသေးပါဘူး။ နယူးကာဆယ်က လူအင်အားတောင့်သလို မန်စီးတီးနဲ့ပွဲမှာလည်း ကစားပုံ ကောင်းခဲ့ပါတယ်။ လီဗာပူးကတော့ ကစားသမားတွေ ထွက်ခွာမှုကြောင့် အရင်လို ခြေစွမ်းကောင်းတွေ မပြသနိုင်သေးပါဘူး။ အထူးသဖြင့် ကွင်းလယ်လူတွေ ဆုံးရှုံးခဲ့ရတာက ဆိုးရွားပါတယ်။ ဒါကြောင့် ကျွန်တော်က ဒီပွဲမှာ နယူးကာဆယ်ဟာ လီဗာပူးရဲ့ အားနည်းချက်တွေကို ထိုးနှက်ပြီး အနိုင်ရသွားလိမ့်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – နယူးကာဆယ် ၃-၂ လီဗာပူး

Photo Credit: Metro

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

ချယ်လ်ဆီး ၂-၀ လူတန်တောင်း (ပွဲပြီးရလဒ် ချယ်လ်ဆီး ၃-၀ လူတန်တောင်း)

ဘုန်းမောက် ၁-၁ စပါး

ဘရန့်ဖို့ဒ် ၂-၁ ခရစ္စတယ် ပဲလေ့စ်

အဲဗာတန် ၁-၀ ဝုလ်ဗ်

ဘရိုက်တန် ၄-၂ ဝက်စ်ဟမ်း

ရှက်ဖီးလ် ၀-၃ မန်စီးတီး

ဘန်လေ ၂-၂ ဗီလာ