မန်ချက်စတာ ယူနိုက်တက်အသင်း နဲ့ နယူးကာဆယ်အသင်းတို့ရဲ့ ပစ်မှတ် ကစားသမားဖြစ်သူ မိုနာကို ခံစစ်မှူး အဲလက် ဒီဆာဆီကို ချယ်လ်ဆီးအသင်းက အလျင်အမြန်ပဲ ကြားဖြတ် ကမ်းလှမ်းခဲ့ရာ သဘောတူညီမှုပါ ရရှိသွားခဲ့ပြီလို့ နာမည်ကြီး ဘောလုံးသတင်းထောက် ဒေးဗစ် အွန်စတိန်းက အတည်ပြု ဖော်ပြထားခဲ့ပါတယ်။

Photo Credit : SuperSport

ယူနိုက်တက်အသင်းက နာပိုလီရဲ့ တောင်ကိုရီးယား နောက်ခံလူ ကင်မင်ဂျေးကို ပစ်မှတ်ထားနေရင်း ကင်မင်ဂျေးက ဘိုင်ယန် ရောက်ဖို့ နီးစပ်သွားချိန် ဒီဆာဆီကို ပြောင်းလဲ ပစ်မှတ်ထားခဲ့သလို နယူးကာဆယ်ကလည်း အသင်းရဲ့ ခံစစ်ပိုင်း မာကြောဖို့အတွက် ဒီဆာဆီကို ယူနိုက်တက်နဲ့အပြိုင် စိတ်ဝင်စားလာခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ရော နယူးကာဆယ်ပါ ဒီဆာဘီအတွက် တရားဝင် ကမ်းလှမ်းမှုတွေ မလုပ်ဆောင်သေးပဲ ရှိနေရာ ဝက်စလေ ဖိုဖာနာကြောင့် ခံစစ် ကစားသမား အစားထိုးဖို့ ရှိနေရတဲ့ ချယ်လ်ဆီးက ဒီဆာဘီကို အလျင်အမြန် ကြိုးပမ်းလာခဲ့ရင်း နောက်ဆုံးမှာတော့ ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရရှိသွားခဲ့ရပါတယ်။

Photo Credit : Evening Standard

ချယ်လ်ဆီးက ဒီဆာဆီအတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရို (၄၅)သန်းနဲ့ ကမ်းလှမ်းခဲ့ရာ ဒါကို မိုနာကိုဘက်က လက်ခံသွားခဲ့တဲ့အတွက် လာမယ့် တစ်ပတ်အတွင်းမှာပဲ အပြောင်းအရွှေ့က အပြီးသတ်နိုင်ဖွယ် ရှိနေပါတယ်။ ချယ်လ်ဆီးက သူတို့ရဲ့ ကစားသမားသစ် ဖြစ်လာမယ့် ဒီဆာဘီကို (၅)နှစ် + (၁)နှစ် စာချုပ်လည်း ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

ချယ်လ်ဆီးကို ရောက်လာတော့မယ့် ဒီဆာ​ဆီက ချယ်လ်ဆီးအသင်းမှာ သူရဲ့ မိုနာကို အသင်း​​​​ဖော်ဟောင်း ဘာဒီအက်ရှီလီနဲ့လည်း ပြန်လည် တွဲဖက် ကစားရတော့မှာဖြစ်ပြီး ချယ်လ်ဆီး ခံစစ်မှာလည်း အရေးပါတဲ့ နေရာကနေ ပါဝင် ကစားသွားရဖွယ် ရှိနေပါတယ်။