ပီအက်စ်ဂျီအသင်းက ကီလီယန် အမ်ဘာပေကို စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းထားပြီး တကယ်လို့ ဘာပေဘက်ကသာ ဒီကမ်းလှမ်းမှုကို လက်မခံပဲ ငြင်းဆန်ခဲ့မယ်ဆိုရင်တော့ ဆော်ဒီ ပရိုလိဂ် ကလပ် အယ်လ် ဟီလယ်အသင်းဆီကို ရောင်းချသွားလိမ့်မယ်လို့ Foot Mercato သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။
လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းဟာ ဂျပန် ခြေစမ်း ခရီးစဉ်အတွက် အသင်းရဲ့ ကစားသမားစာရင်းထဲမှာ ပါဝင်နေတဲ့ ဘာပေကို ဖယ်ရှားခဲ့ပြီး သူ့ကို ချက်ချင်း အရောင်းစာရင်းထဲ တင်ထားခဲ့ပါတယ်။ တကယ်လို့ ဘာပေအနေနဲ့ စိတ်ပြောင်းလဲပြီး ပီအက်စ်ဂျီမှာ ဆက်နေဖို့အတွက် ပီအက်စ်ဂျီ ကမ်းလှမ်းထားတဲ့ စာချုပ်သစ် လက်ခံခဲ့မယ်ဆိုရင် ပီအက်စ်ဂျီကလည်း ဘာပေကို အသင်းမှာပဲ သေချာ ဆက်ထိန်းထားမှာ ဖြစ်သလို ဒီလိုမှ မဟုတ်ရင်တော့ အယ်လ် ဟီလယ်အသင်းဆီ ရောင်းချသွားနိုင်တယ်လို့ သိရပါတယ်။
Photo Credit : Twitter
ကူလီဘလီ ၊ နေးဗက်စ် နဲ့ မီလင်ကိုဗစ် ဆာဗစ်တို့ကို ခေါ်ယူထားခဲ့တဲ့ ဆော်ဒီ ထိပ်သီးကလပ် အယ်လ်ဟီလယ်ဟာ တကယ်တော့ ဒီကစားသမားတွေကို မခေါ်ယူခင်မှာ လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းခဲ့ဖူးတာ ဖြစ်ပေမယ့် မက်ဆီက အင်တာ မိုင်ယာမီကိုသာ ရွေးချယ်ခဲ့လို့ မက်ဆီအစား ဘာပေကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။
အယ်လ် ဟီလယ်အသင်းက ဒီဈေးကွက်ထဲမှာ ကစားသမား ခေါ်ယူမှုတွေအတွက် ပြောင်းရွှေ့ကြေးတွေနဲ့သာ သုံးစွဲ ခေါ်ယူထားခဲ့တာဖြစ်ပြီး အခုဆိုရင်လည်း အရောင်းစာရင်းထဲ ရောက်နေတဲ့ ဘာပေအတွက်ကိုပါ ပီအက်စ်ဂျီ အလိုရှိနေတဲ့ ယူရို သန်း (၂၀၀)နဲ့ ကမ်းလှမ်းသွားဖို့ပါ ဆန္ဒရှိနေပါတယ်။ ဘာပေကတော့ သူရဲ့ ဘောလုံးသမားဘဝကို ဥရောပမှာသာ ဆက်လက် ဖြတ်သန်းလိုနေပြီး ဆော်ဒီကို သွားရောက်ကစားဖို့ ဆန္ဒမရှိပဲ ဖြစ်နေပါတယ်။
Photo Credit : Twitter
ဘာပေကိုယ်တိုင်ကတော့ ပြီးခဲ့တဲ့ နွေတုန်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုခဲ့စဉ် ၂၀၂၄ + (၁)နှစ် option ဆိုတာကို လက်ခံ သဘောတူခဲ့ပေမယ့် ထည့်သွင်းထားတဲ့ option က ဘာပေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်တယ်လို့ သတ်မှတ်ခဲ့ရာကနေ ဘာပေက ဒီ option အတိုင်း လုပ်ဆောင်သွားမှာ မဟုတ်ကြောင်း အသင်းထံ အသိပေးခဲ့ရာကနေ အခုလို ပြသာနာတွေက စတင်လာခဲ့တာ ဖြစ်ပါတယ်။
ဘာပေက သူနဲ့ ပီအက်စ်ဂျီတို့ ၂၀၂၄မှာ စာချုပ် သက်တမ်း ကုန်ဆုံးတောနဲ့ ပီအက်စ်ဂျီကနေ အလွတ်နဲ့ ထွက်ခွာရင်း သူ ပြောင်းရွှေ့ ကစားလိုတဲ့ ရီးယဲလ် မက်ဒရစ်အသင်းဆီ free နဲ့ ပြောင်းရွှေ့ဖို့ ရှိနေတာကို ပီအက်စ်ဂျီဘက်ကလည်း သတိထားမိတာကြောင့် အသင်းအပေါ် သစ္စာဖောက်တယ်လို့ ခံစားမိလာလို့ အခုလို ရောင်းချဖို့ စီစဉ်လာခဲ့ရတာပဲ ဖြစ်ပါတယ်။