မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသက်လက်တီကို မက်ဒရစ်အသင်းရဲ့ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ် ကစားသမား ဂျာအို ဖီးလစ်ကို ခေါ်ယူသွားဖို့အတွက် အသက်လက်တီကိုအသင်းထံ ဆက်သွယ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ Sport Witness ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football Espana

ဂျာအို ဖီးလစ်ဟာ မန်ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ဟောင်း ကစားသမားတစ်ဦးဖြစ်ပြီး ဘင်ဖီကာအသင်းမှာ ကစားခဲ့စဉ် အသက်လက်တီကိုအသင်းဆီ မရောက်ရှိခင်ကတည်းက ယူနိုက်တက်နဲ့ အကြိမ်ပေါင်းများစွာ သတင်းထွက်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း တိုက်စစ်ပိုင်း အားဖြည့်ဖို့ လိုအပ်နေတဲ့ ယူနိုက်တက်က သူတို့ရဲ့ ပစ်မှတ်ဟောင်းကို ထပ်မံ ကြိုးပမ်းကြည့်ဖို့ စီစဉ်လာခဲ့တာဖြစ်ပြီး ဂျာအိုဖီးလစ် ကိုယ်တိုင်ကလည်း ချန်ပီယံလိဂ် ဝင်ခွင့်ရရှိထားတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းသင်းဆီကို ပြောင်းရွှေ့လိုနေပါတယ်။

Photo Credit : Football Espana

ပြီးခဲ့တဲ့ ဘောလုံးရာသီ ဒုတိယ ရာသီဝက်တွင် ချယ်လ်ဆီးအသင်းမှာ အငှားနဲ့ လာရောက် ကစားခဲ့ဖူးသူ ဖီးလစ်ကို မန်ယူနိုက်တက် နည်းတူ နယူးကာဆယ် နဲ့ အက်စတွန် ဗီလာအသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိလို့နေပြီး အဓိကတော့ မန်ယူနိုက်တက် နဲ့ နယူးကာဆယ်တို့ အပြိုင် ကမ်းလှမ်းကြရဖွယ် ရှိနိုင်ပါတယ်။ အသက်လက်တီကိုဘက်ကတော့ သူတို့ ကစားသမားအတွက် တစ်ရာသီ အငှားနဲ့ ကမ်းလှမ်းလာမယ် ဆိုပါက တစ်ရာသီ အငှားကြေးကို သူတို့ တောင်းသလောက် ပေးမယ်ဆိုရင် အငှားလွတ်ပေးဖွယ် ရှိနေပါတယ်။

Photo Credit : Into The Calderon

လက်ရှိမှာ ယူနိုက်တက်အသင်းက မေဆန်မောင့်ကို ခေါ်ယူထားပြီး ဂိုးသမား အိုနာနာကိုပါ ထပ်မံ ခေါ်ယူလိုက်မယ်ဆိုရင် တိုက်စစ်ပိုင်းအတွက် ငွေထပ်သုံးနိုင်ဖို့က ကစားသမား ရောင်းချမှ ဖြစ်တော့မှာမို့ ဂျာအို ဖီးလစ်ကိုသာ တစ်ရာသီ အငှားနဲ့သာ ကမ်းလှမ်းသွားဖို့ အခြေအနေများနေပြီး ဆက်သွယ်မှုတွေ လုပ်ထားပေမယ့်လည်း အခုထိတော့ ကမ်းလှမ်းထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။