ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက သူတို့အသင်းရဲ့ အားနည်းနေတဲ့ ကွင်းလယ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် လာမယ့် နွေဈေးကွက် အတွင်းမှာ ဘရိုက်တန်ရဲ့ အဓိက ကွင်းလယ်လူ အယ်လစ္စတာကို ခေါ်ယူနိုင်ရန် နီးစပ်နေကြောင်း လီဗာပူးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဒေးဗစ် အော့ကော့က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

လီဗာပူးက ကွင်းလယ်ပိုင်းမှာ အားနည်းချက်တွေ အတော်လေး များပြားနေတဲ့ အသင်း ဖြစ်ပြီး ဖာဘင်ဟို ၊ ဟန်ဒါဆန် ၊ သီယာဂို စတဲ့ အားကိုးရတဲ့ ကွင်းလယ်လူတွေက အသက်အရွယ်ကြောင့် အကျပိုင်းကို ရောက်လာချိန်မှာ လူငယ် ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ဘာ့ချ်စီတစ် ၊ အဲလိယက်ဇ် ၊ ကာဗယ်လ်ဟိုနဲ့ ကာတစ်ဂျုံးစ်တို့ကလည်း အားကိုးရတဲ့ အနေအထားမျိုးမှာ မရှိသေးပါဘူး။

z

Photo Credit: Goal

ဒါကြောင့်ပဲ လီဗာပူးရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အဓိကထား အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ထားပြီး လီဗာပူးဟာ ထိပ်တန်း ကွင်းလယ်လူ ၂ဦး (ဒါမှမဟုတ်) ၃ဦးကို ခေါ်ယူဖို့ ရည်မှန်းထားပါတယ်။

လက်ရှိမှာ လီဗာပူးက သူတို့အသင်းရဲ့ နံပါတ်တစ် ကွင်းလယ်ပစ်မှတ် ဖြစ်တဲ့ အယ်လစ္စတာကို ခေါ်ယူနိုင်ဖို့ အရှိန်အဟုန်မြှင့် ကြိုးစားနေပြီး အယ်လစ္စတာကလည်း ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ ဘရိုက်တန်ကို စွန့်ခွာဖို့ ဆုံးဖြတ်ထားသလို လီဗာပူးလို အသင်းကြီး တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: The Sun

လီဗာပူးနဲ့ ပတ်သတ်တဲ့ သတင်းတွေ ဆိုရင် ယုံကြည်ရတဲ့ နာမည်ကြီး သတင်းထောက် ဒေးဗစ် အော့ကော့ရဲ့ ဖော်ပြချက်အရ လီဗာပူးဟာ အယ်လစ္စတာကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားသလို ဘရိုက်တန်နဲ့လည်း အယ်လစ္စတာရဲ့ ပြောင်းရွှေ့ကြေး အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကာ လီဗာပူးဟာ အယ်လစ္စတာကို ယူရို ၈၀သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း လီဗာပူးဟာ အယ်လစ္စတာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ သတင်းကို ထပ်ဆင့် အတည်ပြုပေးထားတာကြောင့် မကြာခင်မှာပဲ လီဗာပူးက အယ်လစ္စတာ အတွက် အပြီးသတ် သဘောတူညီမှု ရရှိသွားနိုင်ပါတယ်။