လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိ နာမည်ကျော် ဗြိတိန် အားကစားရုပ်သံကြီး Sky Sports မှာ pundit အဖြစ် ဆောင်ရွက်နေတဲ့ ဂျင်မီကာရေဂါက လာမယ့်နွေမှာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ စပါး တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူနိုင်မှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

Photo Credit : Sky Sports

ယူနိုက်တက်အသင်းက အသင်းရဲ့ အဓိက တိုက်စစ်မှူးကြီးဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ လက်တွဲဖြုတ်ခဲ့ပြီးနောက် တိုက်စစ်ပိုင်းအတွက် နယ်သာလန် ကစားသမား ဗက်ဟို့စ်နဲ့သာ ယာယီ အစားထိုးထားခဲ့ရပြီး လာမယ့် ဈေးကွက်မှသာ ထိပ်တန်း အဆင့်ရှိ တိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့ စီစဉ်ထားပါတယ်။ ယူနိုက်တက် ခေါ်ယူဖွယ် ရှိနေတဲ့ တိုက်စစ်ကစားသမားတွေထဲမှာ စပါးအသင်းရဲ့ အင်္ဂလန် အသင်းခေါင်းဆောင် ဟာရီကိန်းက ထိပ်ဆုံးကနေ ပါဝင်လို့နေပြီး ကိန်း နဲ့ ယူနိုက်တက်တို့ အပြောင်းအရွှေ့က စောင့်ကြည့်ချင်စရာ ဖြစ်နေပေမယ့်လည်း ကာရေဂါကတော့ ကိန်းက စပါးမှာပဲ ဆက်ရှိနေရလိမ့်မယ်လို့ သုံးသပ်သွားပါတယ်။

Jamie Carragher: 'The only place Harry Kane can go realistically is Man  United' - Football | Tribuna.com

Photo Credit : Tribuna

“လီဗီးက မန်ချက်စတာယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချမှာ ဖြစ်ပြီး ယူနိုက်တက်အသင်းဟာလည်း ကိန်းထက် တခြားသော တိုက်စစ်ကစားသမား တစ်ဦးကိုသာ ခေါ်ယူရပါလိမ့်မယ်။ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းတိုင်းမှာ ထိပ်တန်း တိုက်စစ်မှူးတစ်ဦးလည်း ရှိကြပါတယ်။ ကိန်းကလည်း ပရီးမီးယားလိဂ် သွင်းဂိုး စံချိန်ကို ရယူသွားချင်နေတာကြောင့် လာမယ့်နွေမှာ နိုင်ငံရပ်ခြားက ကလပ်အသင်းတွေဆီ ပြောင်းရွှေ့ဖွယ် မရှိနိုင်ပါဘူး။ သူ စပါးအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်လိမ့်မယ်လို့ပဲ ကျွန်တော် ထင်မိတယ်” လို့ ကာရေဂါက မှတ်ချက်ပေးသွားခဲ့ပါတယ်။

Photo Credit : Manchester Evening News

လက်ရှိမှာ အသက် (၂၉)နှစ်အရွယ် ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး ကိန်းဟာ မကြာသေးခင်ကမှ စပါးအသင်းရဲ့ အမြဲတမ်း ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်ထားနိုင်ခဲ့ပြီး အလန်ရှီးယားရဲ့ ပရီးမီးယားလိဂ် သွင်းဂိုးစံချိန်ကိုပါ ဆက်လက် ရိုက်ချိုးသွားနိုင်ဖို့ပါ အလိုရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ကိန်းနဲ့ စပါးတို့ကြားက စာချုပ်သက်တမ်းက ၂၀၂၄ ဇွန်လမှာပဲ ကုန်ဆုံးတော့မှာဖြစ်ပြီး စပါးဘက်ကတော့ ကိန်းကို တစ်သင်းသင်းဆီ ရောင်းချဖို့ထက် သက်တမ်းတိုးဖို့သာ အလိုရှိနေပါတယ်။