ဂျာမန် ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ အင်အားအကြီးမားဆုံး ကလပ်အသင်း ဘိုင်ယန်မြူးနစ်ဟာ သူတို့ရဲ့ အနီးစပ်ဆုံး ပြည်တွင်း ပြိုင်ဘက်တွေဆီကနေ ကြယ်ပွင့်ကစားသမားတွေကို အသင်းဆီ ခေါ်ယူ အားဖြည့်တတ်တဲ့ အစဉ်အလာတွေ ရှိခဲ့တဲ့အတိုင်း အခုလည်း လိုက်ပ်ဇစ် ကွင်းလယ်လူ ကော်နတ်လိုင်းမားကိုပါ ခေါ်ယူနိုင်ပါတော့မယ်။

Photo Credit : Bavarian Football Works

ဘိုင်ယန်ဟာ ယခင်ကတည်းက လိုက်ပ်ဇစ်အသင်းရဲ့ ကစားသမားတွေြ့ဖစ်တဲ့ အူပါမယ်ကာနို ဆာဘစ်ဇာတို့ကို ခေါ်ယူခဲ့ဖူးသလို လိုက်ပ်ဇစ်နည်းပြ နာဂယ်စမန်းကိုပါ အသင်းနည်းပြသစ်အဖြစ်နဲ့ ခန့်အပ်ခဲ့ပါသေးတယ်။ အခုလည်း နောက်ထပ် လိုက်ပ်ဇစ်ကစားသမားဖြစ်သူ ကွင်းလယ်လူ လိုင်းမားကို လာမယ့်နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက အကြိုသဘောတူညီမှု ရယူထားနိုင်ခဲ့ပြီ ဖြစ်သလို ဘိုင်ယန်နည်းပြသစ် သောမတ်စ်တူဟယ်လ်ကလည်း လိုင်းမားရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး အစီအစဉ်ကို ပြောင်းလဲဖို့ မရှိတာကြောင့် လိုင်းမားအနေနဲ့ လာမယ့်ရာသီမှာ ဘိုင်ယန်ဂျာစီကို ဝတ်ဆင်ရပါတော့မယ်။

Photo Credit : Bavarian Football Works

အသက်(၂၅)နှစ်အရွယ်ရှိ သြစတြီးယားလက်ရွေးစင် ကွင်းလယ်လူ လိုင်းမားကို ခေါ်ယူခဲ့တဲ့ ဘိုင်ယန်ဟာ သူရဲ့လက်ရွေးစင် အသင်းဖော်လည်းဖြစ် လိုက်ပ်ဇစ်မှာလည်း တွဲဖက်ကစားခဲ့ဖူးသူလည်းဖြစ်တဲ့ နောက်ထပ် ကွင်းလယ်လူ မာဆယ်ဆာဘစ်ဇာကိုတော့ မန်ယူနိုက်တက်အသင်းဆီ အငှားချထားရာကနေ အပြီးသတ် ရောင်းထုတ်သွားလိုနေပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ လိုင်းမားနဲ့ လိုက်ပ်ဇစ်မှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြ နာဂယ်စမန်းကတော့ ဘိုင်ယန်မှာ ရှိမနေတော့ပဲ နာဂယ်စမန်းရဲ့ ဆရာသမား တူဟယ်လ်ကသာ နာဂယ်စမန်းနေရာကို အစားဝင်ရောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။