ရီးယဲလ်မက်ဒရစ်အသင်းဟာ ဥရောပမှာဆိုရင် ဘယ်လို ပြိုင်ဘက်မျိုးနဲ့မဆို ရင်ဆိုင် ကျော်ဖြတ်နိုင်ပေမယ့် စပိန်ဘက်မှာဆိုရင်တော့ အခါးသီးဆုံး ပြိုင်ဘက် ဘာစီလိုနာနဲ့ ထိပ်တိုက် တွေ့ဆုံရချိန်တိုင်းမှာတော့ ရုန်းကန်နေရတတ်ပြီး ဒီရာသီရဲ့ ရလဒ်ပိုင်းတွေက အဆိုးရွားဆုံး အခြေအနေ ဖြစ်နေရပါတယ်။

Photo Credit : Eurosport

လက်ရှိအချိန်ထိ ဒီရာသီအတွင်း ရီးယဲလ် နဲ့ ဘာစီလိုနာတို့ဟာ El Clasico ပွဲတွေအဖြစ် (၄)ကြိမ်အထိ ထိပ်တိုက် တွေ့ဆုံထားခဲ့ရာ ရီးယဲလ်က ပထမဆုံး တွေ့ဆုံမှုမှာပဲ နိုင်ပွဲရခဲ့ပြီး ကျန်တဲ့ (၃)ပွဲဆက်တိုက်မှာတော့ ဘာစီလိုနာကသာ နိုင်ပွဲ ဟက်ထရစ် ယူထားခဲ့သလို မနေ့ညက ယှဥ်ပြိုက်သွားခဲ့တဲ့ အမျိုးသမီး El Clasico ပွဲမှာလည်း ဘာစီလိုနာ အမျိုးသမီးအသင်းကပဲ ရလဒ်ကောင်း ဖော်ဆောင်သွားနိုင်ခဲ့ပြန်ပါတယ်။

Photo Credit : Twitter

ဘာစီလိုနာ အမျိုးသားအသင်းက ရီးယဲလ် အမျိုးသားအသင်းကို စပိန်စူပါဖလား ဖိုင်နယ်ပွဲ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ပကျော့ပွဲနဲ့ နူးကမ့်မှာ ကစားခဲ့တဲ့ လာလီဂါပွဲ (၃)ပွဲလုံးမှာ အနိုင်ရထားခဲ့ပါတယ်။ ဒီလို အနိုင်ရထားခဲ့တဲ့ ဘာစီလိုနာက စပိန်စူပါဖလား ချန်ပီယံ ဖြစ်ထားသလို လာလီဂါမှာလည်း (၁၂)မှတ်အထိ အသာရထားသလို ကိုပါဒယ်ရေးမှာလည်း ဖိုင်နယ်တတ်ပြီး ဗိုလ်စွဲဖို့ပါ အခြေအနေကောင်းနေရပါတယ်။ ဒီအခြေအနေအရဆိုရင် ဘာစီလိုနာက ပြည်တွင်းမှာ ဖလား(၃)လုံး မျှော်မှန်းချက်ပါ ရှိနေရပါတယ်။

Barça Women 1–0 Real Madrid Femenino: Clásico win to keep the run going

Photo Credit : FC Barcelona

ဒီလိုအချိန်မှာ ဘာစီလိုနာ အမျိုးသမီးအသင်းကပါ ရီးယဲလ် အမျိုးသမီးအသင်းကို နူးကမ့်မှာ (1-0) နဲ့ အနိုင်ယူပြီး လာလီဂါ (၂၃)ပွဲမှာ ပွဲအားလုံးကို အနိုင်ရထားခဲ့ပါတယ်။ အမျိုးသမီးအသင်းဘက်မှာလည်း ဘာစီလိုနာကပဲ သူတို့ရဲ့ El Clasico ပြိုင်ဘက် ရီးယဲလ်ကို လာလီဂါ (၂)ပွဲလုံး အနိုင်ယူထားခဲ့ပြီး စပိန်စူပါဖလားမှာလည်း ဆီမီးအဆင့် အနိုင်ယူ ကျော်ဖြတ်ထားကာ ဖိုင်နယ်မှာလည်း ဆိုစီဒက်ကို အနိုင်ယူကာ ချန်ပီယံ ဖြစ်ထားခဲ့ပါတယ်။