သူရဲ့ မန်ချက်စတာစီးတီး အသင်းဖော် တိုက်စစ်ကစားသမား အာလင်းဟာလန်းက သူရဲ့ ကစားသမားဘဝတစ်လျှောက်မှာ သွင်းဂိုး စုစုပေါင်း (၈၀၀)လောက်အထိ သွင်းယူနိုင်လိမ့်မယ်လို့ မန်စီးတီး ကွင်းလယ်ကစားသမား ကယ်ဗင်ဒီဘရိုင်းနားက ခန့်မှန်း ပြောကြားလိုက်ပါတယ်။

Manchester City are making Erling Haaland the king of the one-touch finish  - The Athletic

Photo Credit : The Athletic

ဒီနှစ်နွေမှ ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ နော်ဝေ တိုက်စစ်ကစားသမား ဟာလန်းက စီးတီးအတွက် ပြိုင်ပွဲစုံ (၁၉)ပွဲ ပါဝင်ကစားခဲ့ရပြီး သွင်းဂိုး (၂၄)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာလည်း (၁၃)ပွဲ ကစားလို့အပြီး (၁၈)ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ ဟာလန်းက သူရဲ့ ကြံခိုင်မှု ကောင်းမွန်နေပြီး ဘောလုံးပိုင်းဆိုင်ရာ အမြင့်မားဆုံး အရည်အသွေးကောင်းတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်မယ်ဆိုရင် ကစားသမားဘဝအတွင်း ဂိုး(၈၀၀)လောက်အထိကို သွင်းယူနိုင်လိမ့်မယ်လို့ အသင်းဖော် ဒီဘရိုင်းနားက ဟောကိန်းထုတ်သွာခဲ့ပါတယ်။

Photo Credit : The Indian Express

“သူ့ကို အခြားတိုက်စစ်မှူးတွေနဲ့ နှိုင်းယှဉ်ဖို့က အရမ်းခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ အားလုံးက လုံးဝကို ခြားနားနေကြလို့ပါ။ သူတို့တွေက တူညီတဲ့ နေရာမှာ ကစားကြပေမယ့် တချို့က ရုပ်ပိုင်းဆိုင်ရာ ကစားသမားတွေဖြစ်ပြီး တချို့ကလည်း အရှိန်ကို အားပြုတဲ့ ကစားသမားတွေ ဖြစ်နေသလို သူတို့အားလုံးက ဂိုးတွေ သွင်းယူနိုင်ကြတယ်။ ဒီကစားသမားတွေက ဂိုး(၃၀၀) ဂိုး(၄၀၀)လောက်အထိ သွင်းယူနိုင်ခဲ့ကြပေမယ့် ဟာလန်းက အခု သူရဲ့အသက်အရွယ်ကြောင့် ဂိုးတွေ မသွင်းနိုင်သေးပါဘူး။ ဒါပေမယ့် ဟာလန်းက ဂိုးတွေ သွင်းယူရတာကို အရမ်း စွဲလန်းတဲ့ ကစားသမား ဖြစ်တာမို့ သူ့အနေနဲ့ အဲ့ဒီကစားသမားတွေ သွင်းယူတာထက်ကို ကျော်လွန်သွားနိုင်ပါတယ်။ သူက အခု ဂိုး(၂၀၀)လောက် သွင်းယူထားနိုင်တာမို့ သူသာ fit ဖြစ်နေမယ် နောက်ပြီး အခု သူ လုပ်နေတဲ့အတိုင်း ဆက်တိုက် လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ဂိုး(၆၀၀) ဂိုး(၇၀၀) ဒါမှမဟုတ် (၈၀၀)လောက်အထိကို သွင်းယူနိုင်ပါလိမ့်မယ်။ သူက တကယ့်က်ု ထိပ်တန်း တိုက်စစ်မှူးတစ်ယောက်ပါ” လို့ ဒီဘရိုင်းနားက သူ့အသင်းဖော် ဟာလန်းနဲ့ ပတ်သတ်ပြီး မှတ်ချက်ပြုသွားခဲ့ပါတယ်။ ဟာလန်းနဲ့ ဒီဘရိုင်းနားတို့ဟာ မန်စီးတီးအသင်းမှာ အတော်လေးကို အတွဲအဖက်မိမိနဲ့ ခြေစွမ်းပြနေတာဖြစ်ပြီး ဒီဘရိုင်းနားရဲ့ တိကျတဲ့ ဖန်တီးမှုတွေနဲ့ ဟာလန်းရဲ့ သေသပ်တဲ့ အဆုံးသတ် ဂိုးကန်သွင်းချက်တွေနဲ့ စီးတီးအတွက် ဂိုးတွေများစွာ ဖော်ဆောင်နေလျက် ရှိပါတယ်။