ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းရဲ့ ဝါရင့် ဂိုးသမားကြီး နူအာနေရာမှာ ရေရှည် အစားထိုးဖို့အတွက် ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းက ဂိုးသမား အီမီလီယာနိုမာတီနက်ဇ်အပြင် ဘွန်ဒစ်လီဂါက ဂိုးသမားတစ်ဦးဖြစ်တဲ့ မိုချန်ဂလာဘတ်ရဲ့ ဆွစ်ဂိုးသမား ယန်းဆွန်းမားတို့ကို ပစ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

ဘိုင်ယန်ရဲ့ ဂျာမနီလက်ရွေးစင် ဂိုးသမားကြီး နူအာဟာ လက်ရှိမှာ အသက်(၃၆)နှစ်အရွယ်ကို ရောက်ရှိနေပြီ ဖြစ်သလို ခြေထောက်ကျိုးထားတဲ့ ဒဏ်ရာကြောင့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ လက်ကျန်ပွဲစဉ်တွေအားလုံး လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ဘိုင်ယန်ဘက်က ဂိုးသမားတစ်ဦးက ယာယီ သဘောမျိုးအနေနဲ့ ခေါ်ယူသွားချင်နေသလို နူအာနေရာမှာ ရေရှည်အစားထိုးနိုင်မယ့် ဂိုးသမားကိုပါ အလိုရှိလာခဲ့ပါတယ်။ ဘိုင်ယန်ဟာ ဒေါ့မွန်ကနေ မိုနာကိုအသင်းဆီ အငှားချထားတဲ့ ဂျာမနီ ဂိုးသမား နူဘယ်လ်နဲ့ ဂလာဘတ်အသင်းက ဆွစ်ဇာလန် ဂိုးသမားကြီး ဆွန်းမားတို့ကို ခေါ်ယူသွားချင်နေသလို ကမ္ဘာ့ဖလားမှာ လက်စွမ်းပြခဲ့သူ မာတီနက်ဇ်ကိုလည်း စိတ်ဝင်တစား ရှိနေပါတယ်။

Borussia Mönchengladbach goalkeeper Yann Sommer: Switzerland's man to stop  Cristiano Ronaldo and Portugal | Bundesliga

Photo Credit : Bundesliga

ဘိုင်ယန်မှာက လက်ရှိ ဂိုးသမား(၃)ဦး ရှိနေပြီး နူအာတစ်ဦးတည်းသာ အရည်အသွေးမြင့် ဂိုးသမား ဖြစ်နေပေမယ့် နောက်ပိုင်းနှစ်တွေမှာ နူအာရဲ့ လက်စွမ်းပိုင်း ကျဆင်းလာရမှုနဲ့ ဒဏ်ရာပြသာနာတွေကြောင့် အနည်းဆုံး ဂိုးသမားတစ်ဦးခန့် ခေါ်ယူဖို့ လိုအပ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ဘိုင်ယန်ဟာ မာတီနက်ဇ် နူဘယ် ဆွန်းမားတို့အပြင် ခရိုအေးရှားက ဒိုင်နမိုဇာဂရက် ဂိုးသမား လီဗာကိုဗစ်ကိုပါ စိတ်ဝင်စားလျက် ရှိနေပြီး လာမယ့်နွေမှာ မိုချန်ဂလာဘတ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဆွစ်ဇာလန် ဂိုးသမား ဆွန်းမားကတော့ ဘိုင်ယန် list ထဲမှာ ရှိနေတဲ့ ဂိုးသမားတွေအနက် ခေါ်ယူဖို့ ဖြစ်နိုင်ခြေ အရှိဆုံး ဂိုးသမားတစ်ဦး ဖြစ်နေရပါတယ်။ ဒါပေမယ့်လည်း အတွေကအကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဆွန်းမားကို မန်ချက်စတာယူနိုက်တက်အသင်း အပါအဝင် ဥရောပထိပ်တန်း အသင်းတွေကပါ အလိုရှိနေတာဖြစ်လို့ အပြိုင် ကမ်းလှမ်းရဖွယ် ရှိနိုင်ပါတယ်။ နောက်ပြီး ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိကတို့မှာ ရွှေလက်အိတ်ဆုတွေကို ပိုင်ဆိုင်ခဲ့တဲ့ မာတီနက်ဇ်ကိုလည်း ဗီလာအသင်းက အသင်းမှာသာ ဆက်ထိန်းချင်မှာ သေချာနေသလို ရောင်းချမယ်ဆိုရင်တောင် ပြောင်းရွှေ့ကြေးများစွာ တောင်းဆိုလာနိုင်လို့ ခက်ခဲရဖွယ် ရှိနိုင်ပါတယ်။