၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ် ဒုတိယနေ့ကို ရောက်ရှိလာခဲ့ပါပြီ။ မနေ့ညက ပွဲစဉ်တွေမှာ နယ်သာလန် အာဂျင်တီးနားတို့လို နာမည်ကြီးအသင်းတွေကပဲ ကွာတားကို တတ်လှမ်းသွားခဲ့ပြီး ဒီနေ့ညမှာလည်း ပြင်သစ်နဲ့ပိုလန် အင်္ဂလန်နဲ့ဆီနီဂေါပွဲတွေ ဆက်လက် ကျင်းပသွားဖို့ရှိနေရာ ည(၉)နာရီခွဲအချိန်မှာ ကစားသွားမယ့် ပြင်သစ်နဲ့ပိုလန်ပွဲအကြောင်းကို အရင်ဦးဆုံး သုံးသပ်ပေးသွားချင်ပါတယ်။

France players celebrate Kylian Mbappe's goal against Denmark on November 26, 2022

Photo Credit : Sports Mole

ပြင်သစ်က တူနီးရှားနဲ့ ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အဓိက ကစားသမား (၉)ယောက်လောက်အထိ အနားပေးထားနိုင်ခဲ့လို့ အဲ့ဒီကစားသမားတွေက ဒီပွဲအတွက် လန်းလန်းဆန်းဆန်း ဖြစ်နေကြမှာပါ။ အုပ်စုအတွင်းမှာလည်း သြစတြေးလျနဲ့ ဒိန်းမတ်တို့ အနိုင်ယူထားခဲ့ပြီး (၆)မှတ်ပိုင်ဆိုင်ခဲ့သလို သြစတြေးလျနဲ့ အမှတ်ချင်း တူနေရချိန်မှာတောင် ဂိုးကွာခြားချက်မှာ ပြင်သစ်က သာလွန်ခဲ့ရပါသေးတယ်။ ဘာပေလို ငယ်ရွယ်ပြီး မြန်နှုန်းမြင့် ကစားသမားမျိုး ဂျရူးလို အတွေ့အကြုံကောင်းတွေ ကြွယ်ဝပြီး အမြင့်ဘောကောင်းတဲ့ ကစားသမားမျိုး ဒမ်ဘီလီလို ဘောလုံးပညာ ကြွယ်ဝလွန်းတဲ့ ကစားသမားမျိုးတွေကို အသင်းရဲ့တိုက်စစ်ပိုင်းမှာ ပိုင်ဆိုင်ထားတာဟာ အရမ်းကို အားရစရာကောင်းပါတယ်။ ဒီလို တိုက်စစ်အစုအဖွဲ့ကြောင့် ပိုလန်ခံစစ်က ပွဲချိန်ပြည့် တောင့်ခံကစားသွားဖို့ဆိုတာ အလွန်ခက်ခဲပါလိမ့်မယ်။

Poland's Wojciech Szczesny saves a penalty from Argentina's Lionel Messi at the World Cup on November 30, 2022

Photo Credit : Sports Mole

ပိုလန်ကတော့ သူတို့အုပ်စုမှာ မက္ကဆီကို ကို သရေ ဆော်ဒီကို နိုင်ပြီး အာဂျင်တီးနားကို ရှုံးကာ အုပ်စုပွဲစဉ်တွေ ပြီးဆုံးချိန် မက္ကဆီကိုနဲ့ အမှတ်ချင်းတူကာ ဂိုးကွာခြားချက်နဲ့ ရှုံးထွက်ကို တတ်လာခဲ့ရတာ ဖြစ်ပါတယ်။ လီဝန်ဒေါစကီး ဦးဆောင်ထားတဲ့ အသင်းတိုက်စစ်က ဆော်ဒီနဲ့ ပွဲတစ်ပွဲတည်းမှာပဲ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်သလို အသင်းခံစစ်ဟာလည်း အာဂျင်တီးနားနဲ့ ပွဲတစ်ပွဲတည်းမှာပဲ ဂိုး(၂)ဂိုး ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ ခံစစ်က အကောင်းကြီး မဟုတ်တောင်မှ (၂)ပွဲဆက်တိုက်အထိ ပင်နယ်တီ ကာကွယ်မှုကို လုပ်ဆောင်ထားနိုင်တဲ့ ဂိုးသမား ဆက်ဇနီရဲ့ လက်စွမ်းတွေက တကယ့်ကို အံ့မခန်းပါပဲ။ အခု ပြင်သစ်နဲ့ပွဲမှာလည်း ပြင်သစ်ရဲ့ တိုက်စစ်အစုအဖွဲ့နဲ့ ဂိုးသမားဆက်ဇနီတို့ အားပြိုင်ကြရပါလိမ့်မယ်။ နောက်ပြီး ဆော်ဒီနဲ့ပွဲမှာ ကစားသမားဘဝရဲ့ ပထမဆုံးသော ကမ္ဘာ့ဖလားသွင်းဂိုးကို စတင် ရရှိထားတဲ့ လီဝန်ဒေါစကီးဟာလည်း ပြင်သစ်ခံစစ်ကို ဘယ်လောက်အထိ ဒုက္ခပေးသွားနိုင်မလဲဆိုတာကို စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

France vs Poland: Prediction & Betting Tips 04/12/2022 by Sebouh Babikian

Photo Credit : Bookmaker Rating

ပြင်သစ်နဲ့ပိုလန်တို့ဟာ ဥရောပအသင်းတွေ ဖြစ်နေပေမယ့် ၂၀၁၁ခုနှစ်နောက်ပိုင်းမှာ လုံးဝ တွေ့ဆုံထားခြင်းမရှိတာကြောင့် တစ်သင်းနဲ့တစ်သင်း အရမ်းကြီး အကြောင်းသိနေတယ်ဆိုပြီး ယူဆလို့ မရနိုင်ပါဘူး။ ပြင်သစ်က တူနီးရှားကို ရှုံးနိမ့်နေချိန်မှာ ဘာပေ ရာဘီယော့ ဂရစ်ဇ်မန်း ဒမ်ဘီလီတို့ကို ထည့်သွင်းခဲ့ပေမယ့် ဂိုးမရခဲ့ပေမယ့် ဒီပွဲမှာ ဘယ်လိုပဲ ရှုံးနိမ့်ပါစေ သြစတြေးလျနဲ့ သူတို့အသင်းကြားမှာ ဂိုးကွာခြားချက်ပိုင်း ကွာဟလွန်းနေတာမို့ သူတို့အတွက် ဖိအားမရှိပဲ ကစားအားချွေတာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ်ရဲ့ key players တွေက ဒီပွဲအတွက် အပြည့်အဝကို လန်းဆန်းနေနိုင်ပါတယ်။ ပိုလန်ကလည်း ဂိုးသမားရဲ့ လက်စွမ်းပိုင်း ကောင်းမွန်သလောက် ခံစစ်က (၂)ပွဲဆက်တိုက်အထိတောင် ပင်နယ်တီတွေ ခွင့်ပြုခဲ့ရတာက အလွန်သတိထားစရာ ဖြစ်နိုင်ပါတယ်။ ကစားသမားအား လက်ရှိ form အစဉ်အလာပိုင်း အားလုံးမှာ အသာရနေတဲ့ ပြင်သစ်ကပဲ ပိုလန်ကို မိနစ်(၉၀)အတွင်းမှာ အနိုင်ကစားသွားလိမ့်မယ်လို့ ထင်မိပါတယ်။