ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ိပီယံဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းဟာ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့သွားခဲ့ပြီး ဇင်ချန်ကိုရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘရိုက်တန် ဘယ်နောက်ခံလူ ကူကူရယ်လာကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေပေမယ့်လည်း အပြောင်းအရွှေ့က အဆင်မပြေနိုင်ခဲ့ဘူးဆိုရင် ဘွန်ဒစ်လီဂါကလပ် စတုဂတ်အသင်းရဲ့ ဘယ်နောက်ခံကစားသမား ဘော်နာဆိုဆာကို ခေါ်ယူသွားဖွယ် ရှိနေပါတယ်။
Photo Credit : Morocco Detail Zero
စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ မွေးဖွားပြီး ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီမှာပါ တတ်ရောက်ခဲ့ဖူးသူ ကူကူရယ်လာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ လာလီဂါကနေ ပရီးမီးယားလိဂ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘရိုက်တန်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တာကြောင့် သူ့ကို မန်စီးတီးအပြင် ချယ်လ်ဆီးအသင်းကပါ အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ချယ်လ်ဆီးက ကူကူရယ်လာကို ခေါ်ယူနိုင်ဖို့ အရှိန်အဟုန်မြင့် လုပ်ဆောင်နေပြီး တကယ်လို့သာ ချယ်လ်ဆီးကို ရောက်ရှိသွားမယ်ဆိုရင် မန်စီးတီးဘက်က စတုဂတ် left-back ဆိုဆာကို ပစ်မှတ်ထားသွားဖွယ် ရှိနေရပါတယ်။
Photo Credit : Bavarian Football Works
ခရိုအေးရှားလက်ရွေးစင် left-back နဲ့ left-winger ကစားသမား ဘော်နာဆိုဆာဟာ ခရိုအေးရှား ထိပ်သီးကလပ် ဒိုင်နမိုဇာဂရက်အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ကစားသမားဖြစ်ပြီး သူရဲ့ စီနီယာ ကစားသမားဘဝကိုလည်း ဒိုင်နမိုဇာဂရက်မှာပဲ စတင်ခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်မှာတော့ ဆိုဆာဟာ ဂျာမန်ကလပ် စတုဂတ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုဖြစ်ခဲ့သလို လွန်ခဲ့တဲ့ ၂၀၂၀ခုနှစ်မှာလည်း ၂၀၂၅ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုထားဖြစ်ခဲ့ပါတယ်။ ၂၀၂၁ခုနှစ်မှာပဲ ခရိုအေးရှား လက်ရွေးစင်အသင်းအတွက် စတင်ရွေးချယ်ခံလာရတဲ့ ဘယ်နောက်ခံလူ ဆိုဆာဟာ လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း (၆)ပွဲ ကစားထားသလို စတုဂတ်အတွက်လည်း (၄)ရာသီအတွင်း ပွဲပေါင်း (၁၃၅)ပွဲကို ပါဝင်ထားခဲ့ပါတယ်။ လက်ရှိတန်ကြေးအရ ယူရို(၂၃)သန်းဝန်းကျင်သာ ရှိနေတဲ့ ဆိုဆာကို မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စားနေကြပေမယ့် ချယ်လ်ဆီးက ကူကူရယ်လာကိုသာ အလိုရှိနေပြီး မန်စီးတီးထက်လည်း လက်ဦးမှု ရယူနိုင်ဖို့ အခြေအနေကောင်းနေတာကြောင့် မန်စီးတီးက ဆိုဆာကို အရခေါ်ယူဖွယ် ရှိနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ မန်စီးတီးရော ချယ်လ်ဆီးပါ ကူကူရယ်လာကို ရရှိနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဖွယ် ရှိနေပါတယ်။