အာဆင်နယ်အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် တိုက်စစ်ကစားသမား ရှာပုံတော်ဖွင့်လို့နေရာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း အီတလီစီးရီးအေပြိုင်ပွဲမှာ ခြေစွမ်းပြထားနိုင်သူ ဆာဆူအိုလို တိုက်စစ်ကစားသမားလေး ဂျန်လူကပ်ဆကန်မာကာကို တွေ့ရှိသွားခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင်(၃၅)သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ကမ်းလှမ်းမှုကို ပယ်ချသွားခဲ့တယ်လို့ သိရှိရပါတယ်။

Who is Gianluca Scamacca? The 'Italian Zlatan' wanted by Arsenal, Spurs &  Juventus | FootballTransfers.com

Photo Credit : Football Transfer

အသက်(၂၃)နှစ်အရွှယ်သာ ရှိနေသေးတဲ့ အီတလီလက်ရွေးစင် တိုက်စစ်ကစားသမား ဆကန်မာကာဟာ လာဇီယို ရိုးမားတို့လို ရောမအသင်းနှစ်သင်းရဲ့ လူငယ်အကယ်ဒမီတွေမှာ ဘောလုံးပညာကို ဆည်းပူးခဲ့သလို အဲ့ဒီကမှ နယ်သာလန်ကလပ် PSV အသင်းရဲ့ လူငယ်အကယ်ဒမီကို ထပ်မံရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်မှာ ဆာဆူအိုလိုအသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဆကန်မာကာဟာ ဆာဆူအိုလိုမှာ (၃)ပွဲသာ ပါဝင်ခဲ့ရပြီးနောက် အသင်း(၄)သင်းဆီကို အငှားကစားသမားအဖြစ် သွားရောက်ကစားခဲ့ရပြီး မနှစ်က ဘောလုံးရာသီမှသာ ဆာဆူအိုလိုအတွက် တစ်ရာသီလုံး ပါဝင်ခွင့်ရခဲ့ကာ စီးရီးအေသွင်းဂိုး (၁၆)ဂိုးထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။

Scamacca in action against Argentina during the CONMEBOL-UEFA Cup of Champions

Photo Credit : The Sun

ဆာဆူအိုလိုရဲ့ ဂိုးသွင်းစက် ဖြစ်လာခဲ့သူ ဆကန်မာကာကို နည်းပြကြီးမန်ချီနီက အီတလီလက်ရွေးစင်အသင်းမှာ ရွေးချယ်လာခဲ့ပြီး အခုဆိုရင် ဆကန်မာကာဟာ အီတလီအသင်းအတွက် (၄)ပွဲထိပင် ပါဝင်ကစားထားရပြီ ဖြစ်ပါတယ်။ ဒီလို အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဆကန်မာကာကို စီးရီးအေကလပ်အသင်းတွေအပြင် တိုက်စစ်ပိုင်း လိုအပ်ချက်ရှိနေတဲ့ အာဆင်နယ်အသင်းကပါ ခေါ်ယူသွားချင်နေတာကြောင့် ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်လာခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင်က အင်္ဂလန်မြေဆီ မပြောင်းရွှေ့လိုပဲ အီတလီမှာသာ ဆက်နေလိုပြီး အသင်းပြောင်းဖြစ်မယ်ဆိုရင်တောင် စီးရီးအေကလပ်အသင်းကြီးတွေကိုပဲ ရွေးချယ်သွားချင်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ပေါင်(၃၅)သန်းတန် ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ ဆကန်မာကာကို အင်တာမီလန်အသင်းကလည်း ပစ်မှတ်ထားလို့နေပြီး မနှစ်ကမှ ချယ်လ်ဆီးအသင်းဆီ ပြန်လည်ရောက်ရှိသွားတဲ့ လူကာကူကို ပြန်ခေါ်ဖို့ မအောင်မြင်ခဲ့ရင် ဆကန်မာကာကို အရခေါ်ယူဖွယ် ရှိနေပါတယ်။