ဘာစီလိုနာအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ ကစားသမားအင်အားကို တောင့်တင်းနေစေဖို့အတွက် အေစီမီလန် ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆေးနဲ့ ချယ်လ်ဆီး နောက်ခံကစားသမား ခရစ္စတန်ဆန်တို့ကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားနိုင်ခဲ့ပေမယ့်လည်း အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် ဒီကစားသမားနှစ်ဦးလုံးကို အသင်းသားအဖြစ် စာရင်းသွင်းဖို့ ခဲယဉ်းနေရတယ်လို့ စပိန်အခြေစိုက် SPORT သတင်းစာကနေ ဖော်ပြသွားခဲ့ပါတယ်။

Franck Kessie, who has agreed to join on a free transfer from AC Milan, can't be registered

Photo Credit : Daily Mail

အသင်းဘတ်ဂျက် အခက်အခဲ ရှိနေရတဲ့ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီကတည်းက မန်ဖစ်ဒီပိုင်း အဲရစ်ဂါဆီယာ ဆာဂျီယိုအဂွဲရိုးတို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့သလို အခုနွေမှာလည်း ကတ်ဆေး ခရစ္စတန်ဆန်တို့ကို free transfer နဲ့ ထပ်မံခေါ်ယူသွားဖို့ သဘောတူညီမှု ရယူထားနိုင်ခဲ့ပေမယ့် FFP(Financial Fair Play) အခြေအနေတွေကြောင့် ကစားသမားသစ်နှစ်ဦးကို စာရင်းသွင်းနိုင်ဖို့ ခဲယဉ်းနေရတာ ဖြစ်ပါတယ်။ SPORT သတင်းစာရဲ့ ဖော်ပြချက်မှာတော့ လာလီဂါပြိုင်ပွဲကိုသာ ဒီကနေ့ စတင်မယ်သာဆိုရင် ဘာစီလိုနာအနေနဲ့ ဒီကစားသမားနှစ်ဦးလုံးကို စာရင်းသွင်းနိုင်မှာ မဟုတ်တာကြောင့် အသင်းရဲ့ ပွဲစဉ်တွေမှာလည်း ထည့်သွင်းနိုင်မှာ မဟုတ်ဘူးလို့ ဖော်ပြသွားခဲ့ပါတယ်။

Andreas Christensen (pictured) will seemingly have to wait for his Barcelona unveiling

Photo Credit : Daily Mail

ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းကနေ ဖယ်ရန်တောရက်စ်ကို ခေါ်ယူခဲ့စဉ်တုန်းကလည်း အခုလို အခြေအနေမျိုးနဲ့ တွေ့ကြုံခဲ့ရလို့ အသင်းက ကစားသမားတချို့ရဲ့ လစာတွေကို အနည်းငယ်လျှော့ချခဲ့ရပြီး တောရက်စ်ရဲ့ အခြေအနေကို ဖြေရှင်းခဲ့ရပါတယ်။ ဒီလို အခြေအနေမျိုး ကြုံတွေ့ထားခဲ့ရပေမယ့် ဘာစီလိုနာအသင်းက ခရစ္စတန်ဆန်နဲ့ ကတ်ဆေးတို့ကို free transfer နဲ့ ခေါ်ယူနိုင်ခဲ့သလို ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးနဲ့ လိဒ်စ်ယူနိုက်တက် တောင်ပံကစားသမား ရာဖင်ညာတို့ကိုလည်း ဆက်လက်ခေါ်ယူဖို့ပါ စီစဉ်နေတာ ဖြစ်ပါတယ်။ ဘိုင်ယန်နဲ့ လမ်းခွဲတော့မယ့် လီဝန်ဒေါစကီးနဲ့ အသင်းပြောင်းဖို့ ဆန္ဒရှိနေတဲ့ ရာဖင်ညာတို့ကို အရခေါ်ယူနိုင်ဖို့နဲ့ ကတ်ဆေး ခရစ္စတန်ဆန်တို့ကိုလည်း register လုပ်နိုင်ဖို့အတွက် ဗီလာအသင်းဆီ အငှားချထားခဲ့တဲ့ ကော်တင်ဟိုကို အပြီးသတ် ရောင်းချခဲ့သလို ပီယာနစ် ဂရီးဇ်မန်း ထရင်ကာအိုတို့လို အငှားချထားတဲ့ ကစားသမားတွေကိုပါ ဆက်လက်ရောင်းထုတ်ဖို့ လိုအပ်နေသလို အသင်းက ကစားသမားတချို့ကိုပါ လစာငွေ လျှော့ချရဖွယ် ရှိနေပါတယ်။