၂၀၁၉-၂၀၂၀ ေဘာလုံးရာသီရဲ႕ခရီးရွည္ႀကီးကေတာ့ ၾသဂုတ္လေလာက္ကေနစတင္ၿပီး စတင္လည္ပတ္လာခဲ႔ရာ အခုဆုိရင္ ခရီးက ထက္ဝက္နီးပါးကုိ ေရာက္ရွိလာခဲ႔ၿပီျဖစ္ၿပီး လိဂ္ၿပိဳင္ပြဲေတာ္ေတာ္မ်ားမ်ားမွာ ခ်န္ပီယံေနရာအတြက္ သိသာထင္ရွားတဲ႔ ၿပိဳင္ဘက္ကင္းအသင္းေတြ မထြက္ေပၚေသးေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ လီဗာပူးလ္က ခ်န္ပီယံဆုအတြက္ အေျခအေနေကာင္းလုိ႔ေနပါတယ္။ သိပ္မၾကာခင္မွာလည္း ေဆာင္းရာသီအေျပာင္းအေရႊ႔ေစ်းကြက္က စတင္ဖြင့္လွစ္ေတာ့မွာျဖစ္လုိ႔ ေစ်းကြက္အေျခအေနနဲ႔ပတ္သက္တဲ႔ ေဆာင္းပါးေလးတစ္ခုကုိ ျပင္ဆင္ထားပါတယ္။ ဒါကေတာ့ ဒီႏွစ္ေႏြေစ်းကြက္မွာ ျဖစ္ေပၚခဲ႔တဲ႔ အေျပာင္းအေရႊ႔ေတြထဲမွ စိတ္ပ်က္စရာေကာင္းခဲ႔တဲ႔ ကစားသမားေခၚယူမႈေတြအေၾကာင္းပဲျဖစ္ပါတယ္။

Photo Credit : Sportskeeda

မြိဳက္စ္ကင္း

အသက္၂၀ေတာင္ မျပည့္ေသးတဲ႔ အီတလီတုိက္စစ္မွဴးေလး မြိဳက္စ္ကင္းကေတာ့ ဥေရာပရဲ႕အလားအလာအရွိဆုံး ၾကယ္ပြင့္ေလးလုိ႔ တင္စားေခၚဆုိခံထားရသူျဖစ္ေပမယ့္လည္း အဲဗာတန္အသင္းဆီကုိ ဂ်ဳဗင္တပ္စ္အသင္းကေန ေပါင္သန္း၃၀ဝန္းက်င္ေလာက္နဲ႔ ေရာက္ရွိလာခ်ိန္မွာေတာ့ ကင္းဟာ အသင္းနဲ႔အတူ ပြဲထြက္ကစားခြင့္ပုိင္းမွာ ကန္႔သတ္ထားခံရသလုိ အသင္းအတြက္ မိနစ္အနည္းငယ္ ပါဝင္ရတဲ႔ပြဲေတြမွာလည္း သြင္းဂုိး၁ဂုိးမွ မရထားႏုိင္ခဲ႔ပါဘူး။

Photo Credit : Sportskeeda

ကူထရီုနီ

ကင္းလုိပဲ စီးရီးေအနာမည္ေက်ာ္ကလပ္ ေအစီမီလန္ကေန ပရီးမီးယားလိဂ္ကုိ ေရာက္ရွိလာခဲ့တဲ႔ အီတလီတုိက္စစ္မွဴးေလး ကူထရုိနီမွာလည္း အသင္းသစ္ဝုလ္ဗ္မွာ ပုံမွန္ေနရာရဖုိ႔ကုိ ရုန္းကန္ေနခဲ့ရၿပီး အသင္းအတြက္ ပရီးမီးယားလိဂ္မွာ ၃ပြဲပဲ ပြဲထြက္ကစားထားရသလုိ သြင္းဂုိး၂ဂုိးေတာင္ ပုိင္ဆုိင္ထားခဲ႔ရပါတယ္။ ကူထရုိနီဟာလည္း ကင္းနဲ႔ အသက္အရႊယ္ မတိမ္းမယိမ္ေလးျဖစ္ၿပီး ဝုလ္ဗ္အသင္းကုိေတာ့ ေပါင္၁၅သန္းဝန္းက်င္နဲ႔ ေျပာင္းေရႊ႔ခဲ႔သူျဖစ္ကာ ဂ်ီမီနက္ဇ္ရဲ႕႔ေနာက္ အရန္တုိက္စစ္မွဴးအျဖစ္သာ ပါဝင္ကစားေနရပါတယ္။

Photo Credit : Sportskeeda

ဂ်ိဳးလင္တန္

ဘရာဇီးႏုိင္ငံသား အသက္၂၃ႏွစ္အရႊယ္ ေျပာင္းေရႊ႔ေၾကးက ေပါင္သန္း၄၀ ဒီဂုဏ္ပုဒ္ေတြေၾကာင့္ နယူးကားဆဲလ္တုိက္စစ္မွဴးသစ္ ဂ်ိဳးလင္တန္အေပၚမွာ ေမွ်ာ္လင့္ခ်က္ေတြ ႀကီးမားခဲ့ေပမယ့္လည္း ၁၄ပြဲေလာက္အထိ ေတာက္ေလွ်ာက္ပြဲထြက္ကစားခဲ႔ရတာေတာင္ အသင္းအတြက္ သြင္းဂုိး၁ဂုိးပဲ ရယူႏုိင္ခဲ႔တဲ႔အထိကုိ သူရဲ႕ပရီးမီးယားလိဂ္ၿပိဳင္ပြဲနဲ႔ အံ့မဝင္ႏုိင္မႈေတြကုိ ျမင္ေတြ႔ခဲ႔ရပါတယ္။ ဒီေနာက္ပုိင္းမွာ နယူးကာဆဲလ္အသင္းက ဂ်ိဳးလင္တန္းအစား အန္ဒီကာရုိးလ္ကုိေတာင္ ပြဲထြက္ကစားသမားေနရာ သုံးစြဲလာတဲ႔အထိကုိ ဂ်ိဳးလင္တန္ရဲ႕တုိက္စစ္စြမ္းရည္ေတြက အံ့အားသင့္စရာ ျဖစ္ေနရပါတယ္။

Photo Credit : Sportskeeda

ေဖာ္နယ္စ္

ဒီစပိန္လူငယ္ကစားသမားေလးကုိ ကလပ္အသင္းႀကီးေတြက ဝုိင္းဝန္းပစ္မွတ္ထားခဲ႔ၾကေပမယ့္လည္း တကယ္တမ္းမွာေတာ့ ဝက္စ္ဟမ္းအသင္းဆီကုိပဲ ေပါင္၂၄သန္းနဲ႔ ေရာက္ရွိလာခဲ႔ပါတယ္။ ဗီလာရီးရဲလ္ကြင္းလယ္လူေဟာင္း ေဖာ္နယ္စ္ကေတာ့ ကင္း ကူထရုိနီတုိ႔မတူပဲ ၆ပြဲေလာက္အထိကုိ ပြဲထြက္ကစားခဲ႔ရသလုိ သူလုံးဝမပါဝင္ခဲ႔ရတဲ႔ပြဲကလည္း ၁ပြဲပဲရွိခဲ့ေပမယ့္ အခုထိ ပရီးမီးယားလိဂ္သြင္းဂုိးလည္း မရွိေသးသလုိ ဂုိးဖန္တီီးမႈမွာလည္း ၁ႀကိမ္ပဲ ျပဳလုပ္ထားႏုိင္ပါတယ္။

Photo Credit : Sportskeeda

ေပေပ

လုိင္လီအသင္းမွာ အေတာ္ေလးေျခစြမ္းျပႏုိင္ခဲ႔လုိ႔ အသင္းႀကီးေတြရဲ႕မ်က္စိက်ျခင္းကုိ ခံလာခဲ႔ရတဲ႔ နီကုိလပ္စ္ေပေပကေတာ့ အားလုံးထဲကမွ အာဆင္နယ္ကုိေရြးခ်ယ္ၿပီး အသင္းရဲ႕သမုိင္းတေလ်ာက္ စံခ်ိန္တင္ေျပာင္ေရႊ႔႕ေၾကးနဲ႔ ေျပာင္းေရႊ႔ခဲ႔ပါတယ္။ ဒါေပမယ့္ ေပေပဟာ အာဆင္နယ္အတြက္ ပရီးမီးယားလိဂ္သြင္းဂုိး ၁ဂုိးတည္းပဲ သြင္းယူထားႏုိင္သလုိ ဒီဂုိးေတာင္ ပင္နယ္တီကေန သြင္းယူထားခဲ႔တာျဖစ္ပါတယ္။ ၈ပြဲဆက္တုိက္ေလာက္ ပြဲထြက္ကစားခဲ႔ရေပမယ့္လည္း အသင္းအတြက္ သြင္းဂုိး၁ဂုိးနဲ႔ ဂုိးဖန္တီးမႈ၂ႀကိမ္သာျပဳလုပ္ထားခဲ႔လုိ႔ ေပေပက အာဆင္နယ္အတြက္ အႀကီးဆုံးဂ်င္းတစ္ခုအျဖစ္ သတ္မွတ္ခံခဲ႔ရပါတယ္။

(Unicode)

ဒီရာသီ ပရီးမီးယားလိဂ်ရဲ့စိတ်ပျက်စရာအကောင်းဆုံး နွေရာသီ ကစားသမားသစ် ခေါ်ယူမှု(၅)ခု

၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ခရီးရှည်ကြီးကတော့ သြဂုတ်လလောက်ကနေစတင်ပြီး စတင်လည်ပတ်လာခဲ့ရာ အခုဆိုရင် ခရီးက ထက်ဝက်နီးပါးကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး လိဂ်ပြိုင်ပွဲတော်တော်များများမှာ ချန်ပီယံနေရာအတွက် သိသာထင်ရှားတဲ့ ပြိုင်ဘက်ကင်းအသင်းတွေ မထွက်ပေါ်သေးပေမယ့် ပရီးမီးယားလိဂ်မှာတော့ လီဗာပူးလ်က ချန်ပီယံဆုအတွက် အခြေအနေကောင်းလို့နေပါတယ်။ သိပ်မကြာခင်မှာလည်း ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်က စတင်ဖွင့်လှစ်တော့မှာဖြစ်လို့ စျေးကွက်အခြေအနေနဲ့ပတ်သက်တဲ့ ဆောင်းပါးလေးတစ်ခုကို ပြင်ဆင်ထားပါတယ်။ ဒါကတော့ ဒီနှစ်နွေစျေးကွက်မှာ ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအရွှေ့တွေထဲမှ စိတ်ပျက်စရာကောင်းခဲ့တဲ့ ကစားသမားခေါ်ယူမှုတွေအကြောင်းပဲဖြစ်ပါတယ်။

Photo Credit : Sportskeeda

မွိုက်စ်ကင်း

အသက်၂၀တောင် မပြည့်သေးတဲ့ အီတလီတိုက်စစ်မှူးလေး မွိုက်စ်ကင်းကတော့ ဥရောပရဲ့အလားအလာအရှိဆုံး ကြယ်ပွင့်လေးလို့ တင်စားခေါ်ဆိုခံထားရသူဖြစ်ပေမယ့်လည်း အဲဗာတန်အသင်းဆီကို ဂျုဗင်တပ်စ်အသင်းကနေ ပေါင်သန်း၃၀ဝန်းကျင်လောက်နဲ့ ရောက်ရှိလာချိန်မှာတော့ ကင်းဟာ အသင်းနဲ့အတူ ပွဲထွက်ကစားခွင့်ပိုင်းမှာ ကန့်သတ်ထားခံရသလို အသင်းအတွက် မိနစ်အနည်းငယ် ပါဝင်ရတဲ့ပွဲတွေမှာလည်း သွင်းဂိုး၁ဂိုးမှ မရထားနိုင်ခဲ့ပါဘူး။

Photo Credit : Sportskeeda

ကူထရီုနီ

ကင်းလိုပဲ စီးရီးအေနာမည်ကျော်ကလပ် အေစီမီလန်ကနေ ပရီးမီးယားလိဂ်ကို ရောက်ရှိလာခဲ့တဲ့ အီတလီတိုက်စစ်မှူးလေး ကူထရိုနီမှာလည်း အသင်းသစ်ဝုလ်ဗ်မှာ ပုံမှန်နေရာရဖို့ကို ရုန်းကန်နေခဲ့ရပြီး အသင်းအတွက် ပရီးမီးယားလိဂ်မှာ ၃ပွဲပဲ ပွဲထွက်ကစားထားရသလို သွင်းဂိုး၂ဂိုးတောင် ပိုင်ဆိုင်ထားခဲ့ရပါတယ်။ ကူထရိုနီဟာလည်း ကင်းနဲ့ အသက်အရွှယ် မတိမ်းမယိမ်လေးဖြစ်ပြီး ဝုလ်ဗ်အသင်းကိုတော့ ပေါင်၁၅သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ကာ ဂျီမီနက်ဇ်ရဲ့့နောက် အရန်တိုက်စစ်မှူးအဖြစ်သာ ပါဝင်ကစားနေရပါတယ်။

Photo Credit : Sportskeeda

ဂျိုးလင်တန်

ဘရာဇီးနိုင်ငံသား အသက်၂၃နှစ်အရွှယ် ပြောင်းရွှေ့ကြေးက ပေါင်သန်း၄၀ ဒီဂုဏ်ပုဒ်တွေကြောင့် နယူးကားဆဲလ်တိုက်စစ်မှူးသစ် ဂျိုးလင်တန်အပေါ်မှာ မျှော်လင့်ချက်တွေ ကြီးမားခဲ့ပေမယ့်လည်း ၁၄ပွဲလောက်အထိ တောက်လျှောက်ပွဲထွက်ကစားခဲ့ရတာတောင် အသင်းအတွက် သွင်းဂိုး၁ဂိုးပဲ ရယူနိုင်ခဲ့တဲ့အထိကို သူရဲ့ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ အံ့မဝင်နိုင်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒီနောက်ပိုင်းမှာ နယူးကာဆဲလ်အသင်းက ဂျိုးလင်တန်းအစား အန်ဒီကာရိုးလ်ကိုတောင် ပွဲထွက်ကစားသမားနေရာ သုံးစွဲလာတဲ့အထိကို ဂျိုးလင်တန်ရဲ့တိုက်စစ်စွမ်းရည်တွေက အံ့အားသင့်စရာ ဖြစ်နေရပါတယ်။

Photo Credit : Sportskeeda

ဖော်နယ်စ်

ဒီစပိန်လူငယ်ကစားသမားလေးကို ကလပ်အသင်းကြီးတွေက ဝိုင်းဝန်းပစ်မှတ်ထားခဲ့ကြပေမယ့်လည်း တကယ်တမ်းမှာတော့ ဝက်စ်ဟမ်းအသင်းဆီကိုပဲ ပေါင်၂၄သန်းနဲ့ ရောက်ရှိလာခဲ့ပါတယ်။ ဗီလာရီးရဲလ်ကွင်းလယ်လူဟောင်း ဖော်နယ်စ်ကတော့ ကင်း ကူထရိုနီတို့မတူပဲ ၆ပွဲလောက်အထိကို ပွဲထွက်ကစားခဲ့ရသလို သူလုံးဝမပါဝင်ခဲ့ရတဲ့ပွဲကလည်း ၁ပွဲပဲရှိခဲ့ပေမယ့် အခုထိ ပရီးမီးယားလိဂ်သွင်းဂိုးလည်း မရှိသေးသလို ဂိုးဖန်တီီးမှုမှာလည်း ၁ကြိမ်ပဲ ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit : Sportskeeda

ပေပေ

လိုင်လီအသင်းမှာ အတော်လေးခြေစွမ်းပြနိုင်ခဲ့လို့ အသင်းကြီးတွေရဲ့မျက်စိကျခြင်းကို ခံလာခဲ့ရတဲ့ နီကိုလပ်စ်ပေပေကတော့ အားလုံးထဲကမှ အာဆင်နယ်ကိုရွေးချယ်ပြီး အသင်းရဲ့သမိုင်းတလျောက် စံချိန်တင်ပြောင်ရွှေ့့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့် ပေပေဟာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁ဂိုးတည်းပဲ သွင်းယူထားနိုင်သလို ဒီဂိုးတောင် ပင်နယ်တီကနေ သွင်းယူထားခဲ့တာဖြစ်ပါတယ်။ ၈ပွဲဆက်တိုက်လောက် ပွဲထွက်ကစားခဲ့ရပေမယ့်လည်း အသင်းအတွက် သွင်းဂိုး၁ဂိုးနဲ့ ဂိုးဖန်တီးမှု၂ကြိမ်သာပြုလုပ်ထားခဲ့လို့ ပေပေက အာဆင်နယ်အတွက် အကြီးဆုံးဂျင်းတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။