ပြီးခဲ့တဲ့ ဘောလုံးရာသီဖြစ်တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအပြီးမှာ တစ်ရာသီအတွင်း စွမ်းဆောင်ပြသနိုင်ခဲ့တဲ့ ခြေစွမ်းတွေ စွမ်းဆောင်ရည်တွေကြောင့် လက်ရှိတန်ကြေး မြင့်မားလာခဲ့ရတဲ့ ကစားသမားတွေ အများအပြား ရှိနေရာ ဒီကစားသမားတွေထဲကမှ Top 5 Lists ထဲမှာ ရှိနေတဲ့ ကစားသမား(၅)ယောက်ကို ရွေးချယ်ဖော်ပြပေးသွားချင်ပါတယ်။ သူတို့တွေကတော့

(၅)လီယာအို

LIVE Transfer Talk: Manchester City to battle Real Madrid for Rafael Leao's signature

အေစီမီလန်အသင်းရဲ့ ပေါ်တူဂီကြယ်ပွင့်လေး လီယာအိုက ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ မီလန်နဲ့အတူ စီးရီးအေချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး သွင်းဂိုး(၂၆)ဂိုး ဂိုးဖန်တီးမှု (၁၂)ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီလို စွမ်းရည်တွေကြောင့် တိုက်စစ်မှူးလေး လီယာအိုဟာ ယူရို(၄၅)သန်း တန်ကြေး မြင့်မားလာတာကြောင့် သူရဲ့ စုစုပေါင်းတန်ကြေးက ယူရိုသန်း(၇၀) ဖြစ်သွားခဲ့ပါတယ်။

(၄)ဗလာဟိုဗစ်

Juventus forward Vlahovic fighting groin injury ahead of pre-season - report - Football Italia

နောက်ထပ် စီးရီးအေ ကစားသမားတစ်ဦးဖြစ်သူ ဗလာဟိုဗစ်ကတော့ ပြီးခဲ့တဲ့ရာသီ ဖီအိုရင်တီးနားမှာရော ဂျုဗင်တပ်စ်မှာပါ ဂိုးမြူးခဲ့သူဖြစ်ပြီး သူရဲ့ ဂိုးသွင်းအားတွေကြောင့် အရမ်းကျော်ကြားလာခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီ စီးရီးအေမှာ (၂၄)ဂိုးထိ သွင်းယူနိုင်ခဲ့တဲ့ ဗလာဟိုဗစ်ဟာ သူရဲ့စွမ်းဆောင်ရည်တွေကြောင့် လီယာအိုလည်းပဲ တန်ကြေး ယူရို(၄၅)သန်း မြင့်တတ်လာခဲ့ပြီး စုစုပေါင်းတန်ကြေးက ယူရို(၈၅)သန်း ဖြစ်သွားခဲ့ရပါတယ်။

(၃)လူးဝစ်ဒီယက်ဇ်

Luis Diaz Hits The Ground Running At Liverpool

ဇန်နဝါရီဈေးကွက်ကမှ ပေါ်တိုကနေ လီဗာပူးလ်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ကိုလံဘီယာသား ဒီယက်ဇ်ဟာ တကယ့်ကို ကစားရခက်တဲ့ ပရီးမီးယားလိဂ်မှာ အံ့ဝင်ခွင်ကျဖြစ်အောင် ကစားနိုင်ခဲ့ပြီး လီဗာပူးလ်မှာ ပုံမှန်နေရာပါ ရလာခဲ့ပါတယ်။ လီဗာပူးလ်အတွက် သွင်းဂိုး(၆)ဂိုး သွင်းယူထားနိုင်တဲ့ ဒီယက်ဇ်ဟာလည်း ပြီးခဲ့တဲ့ရာသီမှာ သူရဲ့တန်ကြေးက ယူရို(၄၇)သန်း မြင့်တတ်လာခဲ့ရပြီး စုစုပေါင်းတန်ကြေး ယူရို(၆၅)သန်း ဖြစ်သွားခဲ့ရပါတယ်။

(၂)ဂါဗီ

Barcelona president provides crucial update on Gavi's contract renewal talks | Barca Universal

ဘာစီလိုနာအတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီက စိတ်ကျေနပ်စရာ ရာသီမျိုး မဟုတ်ပေမယ့် အသင်းအတွက် ဂါဗီလို လာမာစီယာ ရတနာမျိုး ပေါ်ထွက်လာတာက အဆိုးထဲက အကောင်းဖြစ်ခဲ့ရပါတယ်။ အသက်(၁၇)နှစ်သာ ရှိသေးတဲ့ စပိန်ချာတိတ်လေး ဂါဗီက ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအတွက် (၄၇)ပွဲအထိကို ပါဝင်န်ိုင်ခဲ့ရသလို သူရဲ့ကစားဟန်ကလည်း ဇာဗီ အင်နီယေစတာတို့ပါ နှိုင်းယှဉ်ခံရတဲ့ထိ ဖြစ်လာခဲ့တာကြောင့် ကျော်ကြားမှုနဲ့အတူ တန်ကြေးပါ မြင့်တတ်လာခဲ့ရပါတယ်။ စုစုပေါင်းတန်ကြေး ယူရိုသန်း(၆၀)ထိ မြင့်တတ်ခဲ့ပါတယ်။

(၁)ဗင်နီစီယပ်စ်

Flamengo pay tribute to Vinícius Júnior after Champions League heroics | OneFootball

ပြီးခဲ့တဲ့ရာသီမှာ ရီးယဲလ်ကို ချန်ပီယံလိဂ်ဖလား ရရှိစေနိုင်ခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးအပါအဝင် တစ်ရာသီလုံးမှာပါ သွင်းဂိုး(၂၂)ဂိုးထိ သွင်းယူနိုင်ခဲ့တဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမားလေး ဗင်နီစီယပ်စ်ဟာလည်း ခြေစွမ်းပိုင်း တိုးတတ်လာမှုနဲ့အတူ သူရဲ့ တန်ကြေးဟာလည်း ယူရိုသန်း(၆၀)ထိ ခုန်တတ်လာခဲ့တာကြောင့် အခုဆိုရင် သူရဲ့ စုစုပေါင်း တန်ကြေးက ယူရိုသန်း(၁၀၀)အထိ ရှိလာခဲ့ရပါတယ်။