MySport Myanmar

လက်ရှိမှာ တန်ဖိုးအကြီးမားဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ လက်ရွေးစင်အသင်း (၅)သင်း

၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ ပထမဆုံး international break မှာ နိုင်ငံလက်ရွေးစင်အသင်းတွေက သူတို့ရဲ့ nations league ပွဲစဉ်များ ခြေစမ်းပွဲစဉ်များကို ဆင်နွဲနေကြလျက် ရှိနေရာ ဒီအသင်းတွေထဲကမှ တန်ဖိုး အကြီးမားဆုံး squad တစ်ခုကို ပိုင်ဆိုင်ထားတဲ့ လက်ရွေးစင်အသင်း(၅)သင်းအကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

၅။ ဂျာမနီ (ယူရို၈၁၈သန်း)

ကမ္ဘာ့ဖလားကို (၄)ကြိမ်ထိ ပိုင်ဆိုင်ထားခဲ့ဖူးတဲ့ ဂျာမနီဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်မှာ အုပ်စုကနေ လှည်ု့ပြန်ထားရသလို ကမ္ဘာ့အဆင့်မှာတောင် (၁၁)ထိပါ ကျဆင်းသွားခဲ့ရပါတယ်။ ဒါပေမယ့် သူတို့အသင်းမှာ ဟာဗက်ဇ် ဗာနာ ဆာနေး နာဘရီတို့လို ထိပ်တန်းကစားသမားတွေ ပါဝင်နေလို့ အသင်းရဲ့ လူစာရင်းက ယူရို(၈၁၈)သန်းလောက်အထိကို တန်ကြေး ရှိနေရပါတယ်။

၄။ ပြင်သစ် (ယူရို၉၁၀သန်း)

၂၀၁၈ခုနှစ်ရဲ့ world cup ချန်ပီယံ ပြင်သစ်ကတော့ တိုက်စစ်ကစားသမား ဘာပေတစ်ဦးတည်းနဲ့ပဲ ယူရိုသန်း(၁၆၀)လောက်အထိကို တန်ကြေး ရှိနေတဲ့အပြင် ကာမာဗင်ဂါ ချူယာမန်နီ အန်ကွန်ကူ ခွန်ဒဲတို့လို တန်ကြေးမြင့် ကစားသမားတွေကို ပိုင်ဆိုင်ထားတာကြောင့် စုစုပေါင်း တန်ကြေးက ယူရိုသန်း(၉၁၀)လောက်အထိ ရှိနေရပါတယ်။

၃။ ပေါ်တူဂီ (ယူရို၉၃၈သန်း)

ဥရောပ ထိပ်တန်းကစားသမားကောင်းတွေကို တပြုံကြီး ပိုင်ဆိုင်ထားတဲ့ ပေါ်တူဂီအသင်းဟာလည်း squad value မြင့်မားလှတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ် ရူဘင်ဒီယက်စ် ဂျေအိုဖေးလစ် ဘာနာဒိုဆေးလ်ဗားတို့လို တန်ကြေး မြင့်မားတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ ပေါ်တူဂီရဲ့ full squad တန်ဖိုးက ယူရို(၉၃၈)သန်းအထိကို ရှိနေရပါတယ်။

၄။ ဘရာဇီးလ် (ယူရို၁.၁လီလီယံ)

တကယ့်ကို တောင့်တင်းခိုင်မာလှတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားခဲ့တဲ့ တောင်အမေရိက အင်အားကြီး ဘရာဇီးလ်အသင်းဟာလည်း ဗင်နီစီယပ်စ်လို တစ်ဦးတည်း ယူရိုသန်း(၁၂၀)လောက် တန်ကြေးရှိနေတဲ့ ကစားသမားမျိုးအပြင် နေမာ အန်တိုနီ ရိုဒရီဂို မာကင်ဟို့စ်တို့လို တန်ဖိုး မြင့်မားလွန်းတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ သူတို့ရဲ့ full squad တန်ကြေးက ယူရို(၁.၁)ဘီလီယံအထိ ရှိနေရပါတယ်။

၁။ အင်္ဂလန် (ယူရို၁.၃ဘီလီယံ)

ပြိုင်ပွဲတိုင်းမှာ အမြဲတမ်း ရေပန်းစားတတ်ပြီး ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် ကစားသမားတွေ ပါဝင်ထားတဲ့ အင်္ဂလန်အသင်းဟာလည်း ဟာရီကိန်း ဂရီးလစ် စတာလင် အာနိုး မေဆန်မောင့် ရိုက်စ် ဆာခါတို့လို တန်ဖိုး မြင့်မားလွန်းတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ အသင်းလူစာရင်းတစ်ခုလုံးရဲ့ တန်ကြေးက လက်ရွေးစင်အသင်းအားလုံးအနက် အမြင့်ဆုံး ဖြစ်နေရပါတယ်။ ဒါပေမယ့် အောင်မြင်မှုတွေ ရယူဖို့က လိုအပ်နေပါသေးတယ်။

Exit mobile version