ဒီနေ့ဇွန်လ(၄)ရက်နေ့မှာတော့ စပိန်လာလီဂါ ဘောလုံးပြိုင်ပွဲအတွင်း ထူးခြားဖြစ်စဉ်(၂)ခု ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဖြစ်စဉ်(၂)ခုကတော့ ပုံစံတူတွေပဲဖြစ်ပြီး ကလပ်အသင်းလေး(၂)သင်းက နှစ်ပေါင်းများစွာအကြာမှ စပိန်လာလီဂါကို တန်းတတ်ခွင့်ရခဲ့တဲ့ ဖြစ်စဉ်လေးဖြစ်ပါတယ်။ ဒီအသင်းတွေကတော့ လီဟာနက်စ်နဲ့ ဟီရိုနာအသင်းတို့ပဲဖြစ်ပါတယ်။

Photo Credit : Spain LaLiga

မက်ဒရစ်မြို့အခြေစိုက် လီဟာနက်စ်အသင်းကတော့ ၂၀၁၆ခုနှစ်ကမှ လာလီဂါကို တန်းတက်ခွင့် ပိုင်ဆိုင်ရခဲ့တာဖြစ်ပြီး ဒီလို အဆင့်မြင့်တန်းမှာ ကစားရဖို့အတွက် (၈၈)နှစ်အထိတောင် ကြာမြင့်ခဲ့ရပါတယ်။ ဒီရာသီမှာတော့ လီဟာနက်စ်ရဲ့ ရပ်တည်မှုက အဆင့်(၁၉)နေရာ ရောက်နေတဲ့အတွက်ကြောင့် တန်းမဆင်းရဖို့အတွက် လက်ကျန်ပွဲတွေက အမှတ်တွေရယူထားသင့်ပါတယ်။

Photo Credit : Spain LaLiga

လီဟာနက်စ် လာလီဂါကိုတန်းတတ်ပြီး တစ်နှစ်အကြာမှာပဲ နောက်ထပ်ဆီဂန်ဒါ အသင်းငယ်လေးဖြစ်တဲ့ ဟီရိုနာကလည်း (၈၇)နှစ်အတွင်းမှာ လာလီဂါကို တန်းတတ်ခွင့်ရရှိခဲ့ပြန်ပါတယ်။ ဒါပေမယ့် ကတ်တလန်အခြေစိုက်အသင်းကတော့ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ အဆင့်(၁၈)နေရာနဲ့ လာလီဂါကနေ တန်းပြန်ဆင်းခဲ့ရပြီး လာမယ့်နှစ်မှာတော့ လာလီဂါကို ပြန်လည်တတ်လှမ်းလာနိုင်ဖွယ်ရှိနေပါတယ်။