ဒီရက္ပုိင္ေလးကေတာ့ ဗီယက္နမ္ေဘာလုံးအသင္းအတြက္ အေတာ္ကုိ ႀကီးက်ယ္ခမ္းနားလြန္းတဲ႔ အခ်ိန္အခါလုိ႔ေတာင္ တင္စားေခၚဆုိႏုိင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဗီယက္နမ္အမ်ိဳးသမီးလက္ေရြးစင္ ေဘာလုံးအသင္းအတြက္ ဆီးဂိမ္းေရႊတံဆိပ္ဆုကုိ ၆ႀကိမ္ေျမာက္အျဖစ္ ပုိင္ဆုိင္ႏုိင္ခဲ႔တာျဖစ္သလုိ ဗီယက္နမ္ယူ-၂၂အသင္းအတြက္လည္း ဆီးဂိမ္းေရႊတံဆိပ္ဆုကုိ ပထမဆုံးအႀကိမ္ ပုိင္ဆုိင္ႏုိင္ခဲ႔ရလုိ႔ပဲျဖစ္ပါတယ္။

လက္ရွိ ဖိလစ္ပုိင္ႏုိင္ငံမွာ အႀကိမ္၃၀ေျမာက္အျဖစ္  က်င္းပလုိ႔ေနတဲ႔ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲႀကီးျဖစ္ေသာ ဆီးဂိမ္းၿပိဳင္ပြဲမွာ ဗီယက္နမ္အမ်ိဳးသမီး ေဘာလုံးအသင္းကလည္း ဝင္ေရာက္ဆင္ႏြဲခဲ႔ၿပီး ၿပီးခဲ႔တဲ႔ ဒီဇင္ဘာ၈ရက္ေန႔ကမွ ထုိင္းအမ်ိဳးသမီးအသင္းနဲ႔ ဗုိလ္လုပြဲကုိ ယွဥ္ၿပိဳင္ကစားခဲ႔ရာမွာ ၁ဂုိးတည္းနဲ႔ ကပ္အႏုိင္ရခဲ႔တာေၾကာင့္ အာဆီယံ အမ်ိဳးသမီးေဘာလုံးအသင္း အေအာင္ျမင္အသင္းအျဖစ္ ရပ္တည္ခဲ႔ၿပီး ဒီေန႔မွာ အင္ဒုိနီရွားယူ-၂၂အသင္းနဲ႔ ဆီးဂ္ိမ္းအမ်ိဳးသား ေဘာလုံးပြဲရဲ႕ဖုိင္နယ္ပြဲမွာ ဗီယက္နမ္အမ်ိဳးသား ယူ-၂၂အသင္းက ၃ဂုိးျပတ္နဲ႔ အႏိုင္ရခဲ႔ကာ အမ်ိဳးသားေရာ အမ်ိဳးသမီးအသင္းပါ ေရႊတံဆိပ္ဆုကုိ ဗီယက္နမ္ေဘာလုံးအသင္းကပဲ သိမ္းက်ံဳးရယူသြားနုိင္ခဲ႔ပါတယ္။

ဗီယက္နမ္အသင္းဟာ အေရွ႕ေတာင္အာရွေဘာလုံးအသင္းေတြထဲမွာ ေျခစြမ္းပုိင္းအင္အားေတာင့္တင္းလြန္တဲ႔ အသင္းဆုိေပမယ့္ ဆီးဂိမ္းၿပိဳင္ပြဲမွာေတာ့ အိမ္ရွင္အျဖစ္ က်င္းပခဲ့တဲ႔ ၂၀၀၃ခုႏွစ္အပါအဝင္ ၂၀၀၅ခုႏွစ္နဲ႔ ၂၀၀၉ခုႏွစ္ေတြမွာ အျမင့္မားဆုံးေအာင္ျမင္မႈေတြအျဖစ္ ဒုတိယေနရာနဲ႔ ေငြတံဆိပ္ဆုေတြကုိသာ ပုိင္ဆုိင္ခဲ့ရတာျဖစ္ပါတယ္။ လက္ရွိ ဆီးဂိမ္းအမ်ိဳးသားေဘာလုံးၿပိဳင္ပြဲမွာေတာ့ ထုိင္းအသင္းက အေအာင္ျမင္ဆုံးအသင္းအျဖစ္ ရပ္တည္ထားႏုိင္ဆဲျဖစ္ၿပီး ဒီႏွစ္မွာေတာ့ ထုိင္းအသင္းဟာ အုပ္စုအဆင့္နဲပဲ အေစာဆုံးလွည့္ျပန္ခဲ႔ရၿပီး ထုိင္းကိုေက်ာ္တတ္ကာ ဖုိင္နယ္အထိ ေရာက္လာခဲ႔တဲ႔ အင္ဒုိနီးရွားအသင္းဟာလည္း ေငြတံဆိပ္ကုိ ထုိက္ထုိက္တန္တန္ ပုိင္ဆုိင္ႏုိင္ခဲ႔ပါတယ္။ ဆီးဂိမ္းသမုိင္းတေလွ်ာက္ တတိယေျမာက္အေကာင္းဆုံး ေဘာလုံးအသင္းျဖစ္တဲ႔ ကြ်န္ေတာ္တုိ႔ျမန္မာအသင္းက ဒီႏွစ္ဆီးဂိမ္းမွာ ကေမာၻဒီယားအသင္းကုိ အခ်ိန္ပုိပင္နယ္တီမွာ အႏုိင္ယူခဲ႔ၿပီး တတိယေနရာ ေၾကးတံဆိပ္ဆုကုိ ပုိင္ဆုိင္ႏုိင္ခဲ႔ၿပီး အၿမဲတမ္းလုိလုိ ေၾကးတံဆိပ္ဆုေတြကုိ ပုိင္ဆုိင္ေလ့ရွိတဲ႔ ျမန္မာလက္ေရြးစင္ အမ်ိဳးသမီးအသင္းဟာလည္း ဒီႏွစ္မွာလည္း တတိယေနရရာကုိ ဆက္လက္ပုိင္ဆုိင္ႏုိင္ခဲ႔ပါတယ္။

(Unicode)

ဆီးဂိမ်းဘောလုံးပြိုင်ပွဲရဲ့ရွှေတံဆိပ်ဆုကို ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဗီယက်နမ်

ဒီရက်ပိုင်လေးကတော့ ဗီယက်နမ်ဘောလုံးအသင်းအတွက် အတော်ကို ကြီးကျယ်ခမ်းနားလွန်းတဲ့ အချိန်အခါလို့တောင် တင်စားခေါ်ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီယက်နမ်အမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းအတွက် ဆီးဂိမ်းရွှေတံဆိပ်ဆုကို ၆ကြိမ်မြောက်အဖြစ် ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်သလို ဗီယက်နမ်ယူ-၂၂အသင်းအတွက်လည်း ဆီးဂိမ်းရွှေတံဆိပ်ဆုကို ပထမဆုံးအကြိမ် ပိုင်ဆိုင်နိုင်ခဲ့ရလို့ပဲဖြစ်ပါတယ်။

လက်ရှိ ဖိလစ်ပိုင်နိုင်ငံမှာ အကြိမ်၃၀မြောက်အဖြစ်  ကျင်းပလို့နေတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးဖြစ်သော ဆီးဂိမ်းပြိုင်ပွဲမှာ ဗီယက်နမ်အမျိုးသမီး ဘောလုံးအသင်းကလည်း ဝင်ရောက်ဆင်နွဲခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ၈ရက်နေ့ကမှ ထိုင်းအမျိုးသမီးအသင်းနဲ့ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ ၁ဂိုးတည်းနဲ့ ကပ်အနိုင်ရခဲ့တာကြောင့် အာဆီယံ အမျိုးသမီးဘောလုံးအသင်း အအောင်မြင်အသင်းအဖြစ် ရပ်တည်ခဲ့ပြီး ဒီနေ့မှာ အင်ဒိုနီရှားယူ-၂၂အသင်းနဲ့ ဆီးဂ်ိမ်းအမျိုးသား ဘောလုံးပွဲရဲ့ဖိုင်နယ်ပွဲမှာ ဗီယက်နမ်အမျိုးသား ယူ-၂၂အသင်းက ၃ဂိုးပြတ်နဲ့ အနိုင်ရခဲ့ကာ အမျိုးသားရော အမျိုးသမီးအသင်းပါ ရွှေတံဆိပ်ဆုကို ဗီယက်နမ်ဘောလုံးအသင်းကပဲ သိမ်းကျုံးရယူသွားနိုင်ခဲ့ပါတယ်။

ဗီယက်နမ်အသင်းဟာ အရှေ့တောင်အာရှဘောလုံးအသင်းတွေထဲမှာ ခြေစွမ်းပိုင်းအင်အားတောင့်တင်းလွန်တဲ့ အသင်းဆိုပေမယ့် ဆီးဂိမ်းပြိုင်ပွဲမှာတော့ အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ၂၀၀၃ခုနှစ်အပါအဝင် ၂၀၀၅ခုနှစ်နဲ့ ၂၀၀၉ခုနှစ်တွေမှာ အမြင့်မားဆုံးအောင်မြင်မှုတွေအဖြစ် ဒုတိယနေရာနဲ့ ငွေတံဆိပ်ဆုတွေကိုသာ ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိ ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲမှာတော့ ထိုင်းအသင်းက အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်ထားနိုင်ဆဲဖြစ်ပြီး ဒီနှစ်မှာတော့ ထိုင်းအသင်းဟာ အုပ်စုအဆင့်နဲပဲ အစောဆုံးလှည့်ပြန်ခဲ့ရပြီး ထိုင်းကိုကျော်တတ်ကာ ဖိုင်နယ်အထိ ရောက်လာခဲ့တဲ့ အင်ဒိုနီးရှားအသင်းဟာလည်း ငွေတံဆိပ်ကို ထိုက်ထိုက်တန်တန် ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဆီးဂိမ်းသမိုင်းတလျှောက် တတိယမြောက်အကောင်းဆုံး ဘောလုံးအသင်းဖြစ်တဲ့ ကျွန်တော်တို့မြန်မာအသင်းက ဒီနှစ်ဆီးဂိမ်းမှာ ကမ္ဘောဒီယားအသင်းကို အချိန်ပိုပင်နယ်တီမှာ အနိုင်ယူခဲ့ပြီး တတိယနေရာ ကြေးတံဆိပ်ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပြီး အမြဲတမ်းလိုလို ကြေးတံဆိပ်ဆုတွေကို ပိုင်ဆိုင်လေ့ရှိတဲ့ မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းဟာလည်း ဒီနှစ်မှာလည်း တတိယနေရရာကို ဆက်လက်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။