ေရာ္နယ္ဒုိဟာ (၂၀၁၉) ခုႏွစ္ ဘလြန္းဒီေအာ္ဆုကုိ ရရွိဖုိ႔ ေရပန္းစားတဲ့ ကစားသမား (၃) ဦးထဲက တစ္ဦး ျဖစ္ၿပီး၊ ဘာလုိ႔ ဘလြန္းဒီေအာ္ဆု ရရွိႏုိင္တာလဲ ဆုိတဲ့ အေၾကာင္းရင္း ထြက္လာပါတယ္။ ေရာ္နယ္ဒုိဟာ မက္ဆီ၊ ဗန္ဒုိက္တုိ႔ကုိ ေက်ာ္ၿပီး (၂၀၁၉) ခုႏွစ္ ဘလြန္းဒီေအာ္ဆုကုိ မရႏုိင္ဘူးလုိ႔ ထင္ျမင္ယူဆခ်က္ေတြ ရွိခဲ့ေပမဲ့ အခု သူ ရႏုိင္တဲ့ အေၾကာင္းအရင္း (၃) ခု ထြက္ေပၚလာပါတယ္။

Photo Credit: Dailymail

၁. ဂ်ဳဗင္တပ္အသင္းမွာ ဆုဖလား ရရွိျခင္း
ေရာ္နယ္ဒုိဟာ ရီးရဲလ္အသင္းမွာ (၉) ႏွစ္ၾကာ ကစားခဲ့ၿပီးေနာက္ အီတလီ စီးရီးေအ ဂ်ဳဗင္တပ္ကုိ အၿပီးသတ္ ေျပာင္းလာခဲ့ၿပီး၊ စေရာက္ေရာက္ခ်င္းမွာေတာ့ အေတာ္ေလး ရုန္းကန္ေနခဲ့ရပါတယ္။ ဒါေပမဲ့ သူဟာ မႏွစ္က ဂ်ဳဗင္တပ္အသင္းနဲ႔ စီးရီးေအ ဆုဖလားကုိ ရရွိခဲ့ၿပီး၊ (၃၁) ပဲြ ကစားခဲ့ရာမွာ သြင္းဂုိး (၂၁) ဂုိး နဲ႔ ဂုိးဖန္တီးမႈ (၈) ႀကိမ္ ျပဳလုပ္ခဲ့လုိ႔ စီးရီးေအ အေကာင္းဆုံးဆုကုိ ရရွိခဲ့ပါတယ္။

Photo Credit: Dailymail

၂. ျပည္တြင္းၿပိဳင္ပဲြမွာ ေအာင္ျမင္မႈ ရရွိျခင္း
ေရာ္နယ္ဒုိဟာ ၿပီးခဲ့တဲ့ ရာသီမွာ ၿပိဳင္ပဲြစုံ (၄၃) ပဲြ ကစားခဲ့ရာမွာ၊ သြင္းဂုိး (၂၈) ဂုိး သြင္းယူူႏုိင္ခဲ့ၿပီး ဂုိးဖန္တီးမႈ (၁၀) ႀကိမ္ ျပဳလုပ္ႏုိင္ခဲ့လုိ႔ ျပည္တြင္းဖလား (၂) ခုကုိ ထုိက္တန္စြာနဲ႔ ရရွိႏုိင္ခဲ့ပါတယ္။ သူက ဂ်ဳဗင္တပ္အသင္းကုိ စီးရီးေအ ဆုဖလား (၈) ႀကိမ္ဆက္ ရရွိေအာင္ ကူညီႏုိင္ခဲ့ၿပီး၊ အီတလီ စူပါဖလား ဗုိလ္လုပဲြမွာ သူ႔ရဲ႕ သြင္းဂုိး (၁) ဂုိးတည္းနဲ႔ ေအစီမီလန္ကို အႏုိင္ရ ဗုိလ္စဲြသြားခဲ့ပါတယ္။

Photo Credit: Dailymail

၃. UEFA Nations League ကုိ ရရွိျခင္း
ေပၚတူဂီ လက္ေရြးစင္ တုိက္စစ္မွဴး ေရာ္နယ္ဒုိဟာ ဂ်ဳဗင္တပ္အသင္းနဲ႔သာ ေအာင္ျမင္မႈ ရရွိခဲ့တာ မဟုတ္ဘဲ၊ သူ႔ရဲ႕ လက္ေရြးစင္ ေပၚတူဂီအသင္းနဲ႔လည္း ႀကီးမားတဲ့ ေအာင္ျမင္မႈကုိ ရရွိခဲ့ပါတယ္။ သူက ေပၚတူဂီအသင္းနဲ႔ အတူ UEFA Nations League ဖလားကုိ ရရွိခဲ့ၿပီး၊ ဆီးမီးဖုိင္နယ္ပဲြစဥ္မွာ ဆြစ္ဇာလန္ႏုိင္ငံအသင္းနဲ႔ ကစားခဲ့စဥ္က ဟယ္ထရစ္ (၃) ဂုိးအထိေတာင္ သြင္းႏုိင္ခဲ့တာ ျဖစ္ပါတယ္။

{Unicode}

ရော်နယ်ဒိုဟာ (၂၀၁၉) ခုနှစ် ဘလွန်းဒီအော်ဆုကို ရရှိဖို့ ရေပန်းစားတဲ့ ကစားသမား (၃) ဦးထဲက တစ်ဦး ဖြစ်ပြီး၊ ဘာလို့ ဘလွန်းဒီအော်ဆု ရရှိနိုင်တာလဲ ဆိုတဲ့ အကြောင်းရင်း ထွက်လာပါတယ်။ ရော်နယ်ဒိုဟာ မက်ဆီ၊ ဗန်ဒိုက်တို့ကို ကျော်ပြီး (၂၀၁၉) ခုနှစ် ဘလွန်းဒီအော်ဆုကို မရနိုင်ဘူးလို့ ထင်မြင်ယူဆချက်တွေ ရှိခဲ့ပေမဲ့ အခု သူ ရနိုင်တဲ့ အကြောင်းအရင်း (၃) ခု ထွက်ပေါ်လာပါတယ်။

Photo Credit: Dailymail

၁. ဂျုဗင်တပ်အသင်းမှာ ဆုဖလား ရရှိခြင်း
ရော်နယ်ဒိုဟာ ရီးရဲလ်အသင်းမှာ (၉) နှစ်ကြာ ကစားခဲ့ပြီးနောက် အီတလီ စီးရီးအေ ဂျုဗင်တပ်ကို အပြီးသတ် ပြောင်းလာခဲ့ပြီး၊ စရောက်ရောက်ချင်းမှာတော့ အတော်လေး ရုန်းကန်နေခဲ့ရပါတယ်။ ဒါပေမဲ့ သူဟာ မနှစ်က ဂျုဗင်တပ်အသင်းနဲ့ စီးရီးအေ ဆုဖလားကို ရရှိခဲ့ပြီး၊ (၃၁) ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး (၂၁) ဂိုး နဲ့ ဂိုးဖန်တီးမှု (၈) ကြိမ် ပြုလုပ်ခဲ့လို့ စီးရီးအေ အကောင်းဆုံးဆုကို ရရှိခဲ့ပါတယ်။

Photo Credit: Dailymail

၂. ပြည်တွင်းပြိုင်ပွဲမှာ အောင်မြင်မှု ရရှိခြင်း
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရာသီမှာ ပြိုင်ပွဲစုံ (၄၃) ပွဲ ကစားခဲ့ရာမှာ၊ သွင်းဂိုး (၂၈) ဂိုး သွင်းယူူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု (၁၀) ကြိမ် ပြုလုပ်နိုင်ခဲ့လို့ ပြည်တွင်းဖလား (၂) ခုကို ထိုက်တန်စွာနဲ့ ရရှိနိုင်ခဲ့ပါတယ်။ သူက ဂျုဗင်တပ်အသင်းကို စီးရီးအေ ဆုဖလား (၈) ကြိမ်ဆက် ရရှိအောင် ကူညီနိုင်ခဲ့ပြီး၊ အီတလီ စူပါဖလား ဗိုလ်လုပွဲမှာ သူ့ရဲ့ သွင်းဂိုး (၁) ဂိုးတည်းနဲ့ အေစီမီလန်ကို အနိုင်ရ ဗိုလ်စွဲသွားခဲ့ပါတယ်။

၃. UEFA Nations League ကို ရရှိခြင်း
ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဂျုဗင်တပ်အသင်းနဲ့သာ အောင်မြင်မှု ရရှိခဲ့တာ မဟုတ်ဘဲ၊ သူ့ရဲ့ လက်ရွေးစင် ပေါ်တူဂီအသင်းနဲ့လည်း ကြီးမားတဲ့ အောင်မြင်မှုကို ရရှိခဲ့ပါတယ်။ သူက ပေါ်တူဂီအသင်းနဲ့ အတူ UEFA Nations League ဖလားကို ရရှိခဲ့ပြီး၊ ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ ဆွစ်ဇာလန်နိုင်ငံအသင်းနဲ့ ကစားခဲ့စဉ်က ဟယ်ထရစ် (၃) ဂိုးအထိတောင် သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။