ချယ်လ်ဆီးအသင်းရဲ့ နံပါတစ်ဂိုးသမားလည်းဖြစ် ကမ္ဘာပေါ်မှာ ပြောင်းရွှေ့ကြေးအမြင့်မားဆုံး ဂိုးသမားအဖြစ်ပါ စံချိန်တင်ထားခဲ့ရတဲ့ ဂိုးသမားကယ်ပါကတော့ အသင်းကို စတင်ရောက်ချင်းနှစ်မှာတော့ အကောင်းဆုံးလက်စွမ်းတွေကို ပြသနိုင်ခဲ့ပေမယ့်လည်း ဒီရာသမှာတော့ လက်စွမ်းပိုင်းကျဆင်းမှုတွေကြောင့် ဝေဖန်မှုတွေနဲဲ့ အလူးအလဲရင်ဆိုင်နေရပြိး ဂိုးပေါက်ကာကွယ်မှုပိုင်းမှာလည်း အားနည်းလွန်းနေတာကြောင့် အသင်းကနေ သူ့ကိုရောင်းထုတ်ဖို့တောင် စဉ်းစားလာခဲဲ့ပြီး တကယ်လို့ ကယ်ပါကိုသာ ထုတ်ပယ်ခဲ့မယ်ဆိုရင် ဘယ်ဂိုးသမားကို အစားထိုးဖို့ ပစ်မှတ်ထားသင့်သလဲဆိုတာကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Sportskeeda

နစ်ပုဒ်

ကယ်ပါနေရာမှာ ဝင်ရောက်ဖို့အတွက် ရေပန်းအစားဆုံးဖြစ်နေရတဲ့ ဂိုးသမားဖြစ်ပါတယ်။ ဘန်လေအရန်ဂိုးသမားဘဝကနေ အခွင့်အရေးရလာချိန်မှာ အသင်းရဲ့ပင်တိုင်ဂိုးသမားနေရာကို ပိုင်ဆိုင်လာခဲ့ရပြီး လက်စွမ်းပိုင်းတွေကလည်း တစ်ရာသီပြီးတစ်ရာသီ ပိုမိုကောင်းမွန်လာခဲဲ့ပါတယ်။ ဒီရာသီမှာဆိုရင်လည်း နစ်ပုဒ်က ကယ်ပါထက် Clean Sheet အကြိမ်ရေနဲ့ ကာကွယ်မှုအကြိမ်ရေများစွာ လုပ်ဆောင်ထားနိုင်ခဲ့ပြီး ဘန်လေနဲ့ သက်တမ်းကတော့ ၂၀၂၃ခုနှစ်အထိ ရှိနေသေးလို့ ပြောင်းရွှေ့ကြေးကို အများကြီးပေးဆောင်ရနိုင်ပါတယ်။

Photo Credit : Sportskeeda

ဒွန်နာရမ်မာ

အသက်၂၀ပဲရှိသေးပေမယ့် ဒီအီတလီသား ဂိုးသမားက အေစီမီလန်အသင်းရဲ့ ပင်တိုင်ဂိုးသမားနေရာကို ပိုင်ဆိုင်ထားတာက ၄ ၅ နှစ်လောက်အထိတောင် ရှိလို့နေပါပြီ။ ဒါပေမယ့် မီလန်အသင်းရဲ့ နောက်ပိုင်းနှစ်တွေအတွင်း တဖြည်းဖြည်းကျဆင်းလာခဲ့လို့ အသင်းကိုစွန့်ခွာချင်နေပြီး ဒါကို ချယ်လ်ဆီးဘက်ကနေ အကောင်းဆုံးအသုံးချနိုင်မယ်ဆိုရင် အကောင်းဆုံးခေါ်ယူမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ဒွန်နာရမ်မာက မီလန်နဲ့ စာချုပ်သက်တမ်း ၁နှစ်ပဲကျန်ရစ်နေတော့ကလည်း ချယ်လ်ဆီးအတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

Photo Credit : Sportskeeda

အိုနာနာ

လာမာစီယာ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကင်မရွန်းဂိုးသမား အိုနာနာကလည်း အေဂျက်စ်အသင်းမှာ ပါဝင်ကစားရင်းနဲ့ တဖြည်းဖြည်းနဲ့ World Class ဂိုးသမားတစ်ယောက် ဖြစ်လာခဲ့သူပါ။ ဒါကြောင့်လည်း သူ့ကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းပေါင်းများစွာကနေ စိတ်ဝင်စားလာခဲ့တာဖြစ်ကာ အသက်အရွှယ်အားဖြင့်ဆိုရင်လည်း အသက်၂၃နှစ်သာရှိသေးလို့ နှစ်များစွာ အသင်းရဲ့ဂိုးပေါက်မှာ အသုံးပြုနိုင်မှာဖြစ်လို့ ချယ်လ်ဆီးအနေနဲ့ အိုနာနာကိုလည်း စဉ်းစားသင့်ပါတယ်။ အိုနာနာကလည်း လာမယ့်၂နှစ်အတွင်းမှာ အေဂျက်စ်နဲ့ သက်တမ်းကုန်မှာဖြစ်လို့ ကမ်းလှမ်းမှုကောင်းကောင်းနဲ့ ခေါ်ယူနိုင်မှာပဲဖြစ်ပါတယ်။

(Zawgyi)

ကယ္ပါေနရာမွာ အစားထုိးဖုိ႔အတြက္ ခ်ယ္လ္ဆီးဘက္ကေန ပစ္မွတ္ထားသင့္တဲ႔ ဂုိးသမားမ်ား

ခ်ယ္လ္ဆီးအသင္းရဲ႕ နံပါတစ္ဂုိးသမားလည္းျဖစ္ ကမာၻေပၚမွာ ေျပာင္းေရႊ႕ေၾကးအျမင့္မားဆုံး ဂုိးသမားအျဖစ္ပါ စံခ်ိန္တင္ထားခဲ႔ရတဲ့ ဂုိးသမားကယ္ပါကေတာ့ အသင္းကုိ စတင္ေရာက္ခ်င္းႏွစ္မွာေတာ့ အေကာင္းဆုံးလက္စြမ္းေတြကုိ ျပသႏုိင္ခဲ႔ေပမယ့္လည္း ဒီရာသမွာေတာ့ လက္စြမ္းပုိင္းက်ဆင္းမႈေတြေၾကာင့္ ေဝဖန္မႈေတြနဲဲ႔ အလူးအလဲရင္ဆုိင္ေနရၿပိး ဂုိးေပါက္ကာကြယ္မႈပုိင္းမွာလည္း အားနည္းလြန္းေနတာေၾကာင့္ အသင္းကေန သူ႔ကုိေရာင္းထုတ္ဖုိ႔ေတာင္ စဥ္းစားလာခဲဲ႔ၿပီး တကယ္လုိ႔ ကယ္ပါကုိသာ ထုတ္ပယ္ခဲ႔မယ္ဆုိရင္ ဘယ္ဂုိးသမားကုိ အစားထုိးဖုိ႔ ပစ္မွတ္ထားသင့္သလဲဆုိတာကုိ ေဖာ္ျပေပးသြားခ်င္ပါတယ္။

Photo Credit : Sportskeeda

နစ္ပုဒ္

ကယ္ပါေနရာမွာ ဝင္ေရာက္ဖုိ႔အတြက္ ေရပန္းအစားဆုံးျဖစ္ေနရတဲ႔ ဂုိးသမားျဖစ္ပါတယ္။ ဘန္ေလအရန္ဂုိးသမားဘဝကေန အခြင့္အေရးရလာခ်ိန္မွာ အသင္းရဲ႕ပင္တုိင္ဂုိးသမားေနရာကုိ ပုိင္ဆုိင္လာခဲ႔ရၿပီး လက္စြမ္းပုိင္းေတြကလည္း တစ္ရာသီၿပီးတစ္ရာသီ ပုိမုိေကာင္းမြန္လာခဲဲ႔ပါတယ္။ ဒီရာသီမွာဆုိရင္လည္း နစ္ပုဒ္က ကယ္ပါထက္ Clean Sheet အႀကိမ္ေရနဲ႔ ကာကြယ္မႈအႀကိမ္ေရမ်ားစြာ လုပ္ေဆာင္ထားႏုိင္ခဲ႔ၿပီး ဘန္ေလနဲ႔ သက္တမ္းကေတာ့ ၂၀၂၃ခုႏွစ္အထိ ရွိေနေသးလုိ႔ ေျပာင္းေရႊ႕ေၾကးကုိ အမ်ားႀကီးေပးေဆာင္ရႏုိင္ပါတယ္။

Photo Credit : Sportskeeda

ဒြန္နာရမ္မာ

အသက္၂၀ပဲရွိေသးေပမယ့္ ဒီအီတလီသား ဂုိးသမားက ေအစီမီလန္အသင္းရဲ႕ ပင္တုိင္ဂုိးသမားေနရာကုိ ပုိင္ဆုိင္ထားတာက ၄ ၅ ႏွစ္ေလာက္အထိေတာင္ ရွိလုိ႔ေနပါၿပီ။ ဒါေပမယ့္ မီလန္အသင္းရဲ႕ ေနာက္ပုိင္းႏွစ္ေတြအတြင္း တျဖည္းျဖည္းက်ဆင္းလာခဲ႔လုိ႔ အသင္းကုိစြန္႔ခြာခ်င္ေနၿပီး ဒါကုိ ခ်ယ္လ္ဆီးဘက္ကေန အေကာင္းဆုံးအသုံးခ်ႏုိင္မယ္ဆုိရင္ အေကာင္းဆုံးေခၚယူမႈတစ္ခု ျဖစ္လာႏုိင္ပါတယ္။ ေနာက္ၿပီး ဒြန္နာရမ္မာက မီလန္နဲ႔ စာခ်ဳပ္သက္တမ္း ၁ႏွစ္ပဲက်န္ရစ္ေနေတာ့ကလည္း ခ်ယ္လ္ဆီးအတြက္ အခြင့္အလမ္းတစ္ခု ျဖစ္လာႏုိင္ပါတယ္။

Photo Credit : Sportskeeda

အုိနာနာ

လာမာစီယာ အကယ္ဒမီကေန ထြက္ေပၚလာတဲ႔ ကင္မရြန္းဂုိးသမား အိုနာနာကလည္း ေအဂ်က္စ္အသင္းမွာ ပါဝင္ကစားရင္းနဲ႔ တျဖည္းျဖည္းနဲ႔ World Class ဂုိးသမားတစ္ေယာက္ ျဖစ္လာခဲ႔သူပါ။ ဒါေၾကာင့္လည္း သူ႔ကုိ ပရီးမီးယားလိဂ္ထိပ္သီးအသင္းေပါင္းမ်ားစြာကေန စိတ္ဝင္စားလာခဲ႔တာျဖစ္ကာ အသက္အရႊယ္အားျဖင့္ဆုိရင္လည္း အသက္၂၃ႏွစ္သာရွိေသးလုိ႔ ႏွစ္မ်ားစြာ အသင္းရဲ႕ဂုိးေပါက္မွာ အသုံးျပဳႏုိင္မွာျဖစ္လုိ႔ ခ်ယ္လ္ဆီးအေနနဲ႔ အုိနာနာကုိလည္း စဥ္းစားသင့္ပါတယ္။ အုိနာနာကလည္း လာမယ့္၂ႏွစ္အတြင္းမွာ ေအဂ်က္စ္နဲ႔ သက္တမ္းကုန္မွာျဖစ္လုိ႔ ကမ္းလွမ္းမႈေကာင္းေကာင္းနဲ႔ ေခၚယူႏုိင္မွာပဲျဖစ္ပါတယ္။