ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ နဲ့ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုတို့ဟာ တစ်ကိုယ်တော် ဆုတွေ အများကြီး ရရှိခဲ့ကြပေမဲ့ နိုင်ငံအသင်း ကိုယ်စီ၊ ကလပ်အသင်း ကိုယ်စီနဲ့ ရယူခဲ့ကြတဲ့ ဆုဖလားတွေကို အများကြီး မရှိတာကြောင့် ထိပ်သီး (၃) နေရာ မဝင်နိုင်ကြတာ ဖြစ်ပါတယ်။ (၂၁) ရာစုအတွင်း ဆုဖလား အများဆုံး ရရှိထားတဲ့ ထိပ်သီး ကစားသမား (၃) ဦးတွေကတော့ ဒန်နီ အဲဗက်စ် (ဆုဖလားပေါင်း ၄၀ )၊ အင်နီယေစတာ ဆုဖလားပေါင်း (၃၇ ခု ) နဲ့ မက်စ်ဝဲလ် (ဆုဖလားပေါင်း ၃၆) ခု ဖြစ်ပြီး သူတို့က ဆုဖလား အများဆုံး ရရှိထားကြတာပဲ ဖြစ်ပါတယ်။

Photo Credit: Sportskeeda

ဒန်နီ အဲဗက်စ်ဟာ ကလပ်အသင်းနဲ့ရော နိုင်ငံအသင်းနဲ့ရော ဆုဖလားပေါင်း (၄၀) ခုအထိကို ရရှိခဲ့ပြီး ကစားသမားဘဝက အနားမယူသေးဘဲ လက်ရှိမှာကတော့ ဘရာဇီးအခြေစိုက် Sao Paulo (ဆာအို ပေါလိုအသင်း) နဲ့ ဘရာဇီးလက်ရွေးစင်အသင်းမှာ ကစားနေဆဲ ဖြစ်ပါတယ်။ ဒန်နီ အဲဗက်စ်ဟာ ဆုဖလား ပေါင်း (၄၀) ခု ရယူခဲ့ပြီး ဘာဟီးယားအသင်းနဲ့ (၁) ခု၊ ဆီဗီလာ အသင်းနဲ့ (၅) ခု၊ ဘာစီလိုနာအသင်းနဲ့ (၂၃) ခု၊ ဂျုဗင်တပ်အသင်းနဲ့ (၂) ခု၊ PSG အသင်းနဲ့ (၆) ခု ရရှိခဲ့သလို နိုင်ငံ လက်ရွေးစင် ဘရာဇီးအသင်းနဲ့ (၄) ခုအထိ ရရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။

မက်စ်ဝဲလ်

Photo Credit: Sportskeeda

(၂၁) ရာစုအတွင်း ဆုဖလား အများဆုံး ရရှိနိုင်ကြတဲ့ ထိပ်သီး ကစားသမား (၃) ယောက်မှာ (၂) ယောက်က ဘရာဇီး ကစားသမား ဒန်နီ အဲဗက်စ် နဲ့ မက်စ်ဝဲလ် ဖြစ်ကြပြီး ကျန်တစ်ဦးက စပိန် ကစားသမား အင်နီယေ စတာ ဖြစ်ပါတယ်။ နောက်ခံ ကစားသမားဟောင်း မက်စ်ဝဲလ် နှင့် ကွင်းလယ် ကစားသမားဟောင်း အင်နီယေစတာတို့က ဘောလုံးကစားသမားဘဝကနေ အနားယူသွားခဲ့ကြပြီ ဖြစ်တာကြောင့် ဒန်နီ အဲဗက်စ်ကို မှီနိုင်ဖို့က အလွန် ခက်ခဲသွားခဲ့ပါပြီ။ ဒန်နီ အဲလ်က်စ်ကတော့ လက်ရှိအချိန်အထိ ဘောလုံး ကစားနေဆဲ ဖြစ်ပြီး သူဟာ မက်ဆီ နဲ့ ရော်နယ်ဒိုတို့လောက် မကျော်ကြားပေမဲ့ ဆုဖလား အောင်မြင်မှုနဲ့သာ တိုင်းကြေးဆိုရင်တော့ ဒန်နီ အဲလ်ဗက်စ်ဟာ ကမ္ဘာမှာ အအောင်မြင်ဆုံး ကစားသမားလို့ ကြိမ်းသေ ပြောနိုင်ပါတယ်။