နည္းျပေဟာင္း ဆာရီေနရာ အစားထိုးဝင္ေရာက္လာခဲ့တဲ့ လမ္းပတ္ဟာ အဖက္ဖက္ကေန ယိုင္နဲ႔ေနခဲ့တဲ့ ခ်ဲလ္ဆီးအသင္းကို ကိုင္တြယ္ၿပီးေနာက္ ရွိတဲ့ လူအင္အားနဲ႔ အင္တိုက္အားတိုက္ ယွဥ္ၿပိဳင္လာျခင္းေၾကာင့္ အသင္းကိုဇယားထိပ္အဆင့္(၄)အထိ ပိုေဆာင္ေပးႏိုင္တာ ေတြ႕ရပါတယ္။ကစားသမားသစ္ေခၚယူမႈ ပိတ္ပင္ခံရျခင္းနဲ႔ လူငယ္ကစားသမားေတြကို အသားေပးတဲ့ နည္းျပသစ္ လမ္းပတ္လက္ထက္မွာ စီနီယာကစားသမားအခ်ိဳဟာ ေနရာမရေတာ့တဲ့ အႏၲရာယ္ရင္ဆိုင္ေနၾကရပါၿပီ။လာမယ့္ဇန္နဝါရီလမွာ အသင္းကို ေက်ာခိုင္းဖို အလားအလာရွိတဲ့ ကစားသမား (၃)ဦးကို ေဖာ္ျပေပးလိုက္ပါတယ္။

photo credit: sportskeeda

၁။ပတ္ဒ႐ို ႐ိုဒီဂြတ္ဇ္

စပိန္သား ႐ိုဒီဂြတ္ဇ္အေနနဲ႔ ကြင္းထဲမွာသာမက ကြင္းျပင္မွာပါ ျပႆနာေပါင္း ေသာင္းေျခာက္ေထာင္နဲ႔ ရင္ဆိုင္ေနရပါတယ္။နည္းျပလမ္းပတ္ရဲ႕ ဦးစားေပးကစားသမားေတြထဲ မပါဝင္ေတာ့တာေတြ၊အိမ္ေထာင္ေရးအရႈပ္အရွင္း စတာေတြက စပိန္သားကို နယ္ေျမသစ္ရွာပုံေတာ္ ဖြင့္ေစဖို တြန္းအားေပးေနပါတယ္။ဟာဇက္အေနနဲ႔ ရီးရဲမက္ဒရစ္ကို ေျပာင္းေ႐ႊ႕သြားတဲ့ေနာက္ ပတ္ဒ႐ိုသာ ပထမဦးစားေပးကစားသမားျဖစ္လာလိမ့္မယ္လို ထင္ေၾကးေပးခဲ့‌ၾကေပမဲ့ နည္းျပသစ္ရဲ႕ လူငယ္ကစားသမားေတြအေပၚ အႀကိဳင္ယိမ္းတာရယ္၊ ‘ႏုပ်ိဳဆဲ မာန္ျပည့္ၿမဲ’လို ဆိုရမယ့္ ဝီလီယမ္ ရွိေနတာေၾကာင့္ ပတ္ဒ႐ိုအတြက္ မွန္းခ်က္နဲ႔ ႏွမ္းထြက္ မကိုက္တာ ေတြ႕ရပါတယ္။ဒါေၾကာင့္ စပိန္သားဟာ တစ္ေန႔မွာ မိခင္စပိန္ေျမကို ဦးတည္ဖို တာစူေနေၾကာင္း အရိတ္အႁမြတ္ေျပာၾကားခဲ့တာ ေတြ႕ရပါတယ္။ဒါမွမဟုတ္ တ႐ုတ္ျပည္ကို ႐ြတ္လႊင့္မလားဆိုတာလည္း ေစာင့္ၾကည့္ရမွာပါ။

photo credit: sportskeeda

၂။ဂီေရာ့

ကမာၻ႔ဖလားဆုရွင္ ျပင္သစ္သား ဂီေရာ့ဟာလည္း ဒီရာသီမွာ ခ်ဲလ္ဆီးအသင္းအတြက္ (၅)ႀကိမ္သာ ပြဲထြက္ခြင့္ရခဲ့ၿပီး အဆိုပါပြဲ‌စဥ္ထဲက (၄)ပြဲဟာ
အရံေနရာကေနသာ ကစားခဲ့ရပါတယ္။အကယ္ဒမီထြက္ ကစားသမားသစ္ အာဘရာဟံအေနနဲ႔ ဂိုးေတြ တဒိုင္းဒိုင္းသြင္းျပေနခ်ိန္ စီနီယာႀကီး ဂီေရာ့ကေတာ့ အသင္းအတြက္ အုပ္တစ္ခ်ပ္ သဲတစ္ပြင့္အျဖစ္ေတာင္ မစြမ္းေဆာင္ေပးႏိုင္ေတာ့တဲ့ အေျခအေနေရာက္ေနပါၿပီ။ထိုအျပင္ ဂီေတာ့အေနနဲ႔ ကလပ္အသင္းမွာ ေျခစြမ္းမျပႏိုင္ရင္ ႏိုင္ငံအသင္းမွာ ေနရာရဖို အလားအလားမရွိလို ပိုမိုေတာက္ပတဲ့ အနာဂတ္အသစ္ကို ပုံေဖာ္ဖို ခ်ဲလ္ဆီးနဲ႔ လမ္းခြဲ႐ုံကလြဲၿပီး ေ႐ြးခ်ယ္စရာမရွိေတာ့ပါဘူး။ ျပင္သစ္သားအေနနဲ႔ ဆရာေဟာင္း အန္တိုနီဂြန္တီ မင္းမူေနတဲ့ အင္တာမီလန္ကို ေျပာင့္ေ႐ႊ႕မလား၊ ဒါမွမဟုတ္ ခရစ္တယ္ပဲေလ့စ္၊မာဆီးလီး၊လိုင္ယြန္ စတဲ့ တစ္သင္းသင္းကို ေ႐ြးခ်ယ္မလား ဆိုတာကေတာ့ အားကစားပရိသတ္ေတြ ရင္ခုန္စြာနဲ႔ ေစာင့္ၾကည့္‌ေနရမွာပါ။

photo credit: sportskeeda

၃။မားကိုစ္အလြန္ဆို

ယခုရာသီအတြင္း အလြန္ဆိုကို ခ်ဲလ္ဆီးမွာ ရွိေနေစတဲ့ အေၾကာင္းအရင္းဆိုလို ဒဏ္ရာေတြ အဖန္တစ္ရာေထေနတဲ့ အီမာဆန္ ပဲရွိပါတယ္။ေအဂ်က္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိင္ပြဲမွာ လူစားလဲခံရတာဟာ အလြန္ဆိုရဲ႕ အနာဂတ္မေရရာေတာ့တာကို ျပေနပါတယ္။သူ႔အေနနဲ႔ နည္းျပေဟာင္းဂြန္တီလက္ထက္တုန္းက ေနာက္တန္းကစားသမားအျဖစ္ ေအာင္ျမင္မႈသရဖူ စိုက္ထူႏိုင္ခဲ့ေပမဲ့ ခံစစ္ကစားကြက္ေတြ ပုံေဖာ္ကစားတဲ့အခါ လိုက္ၿပီး မပံ့ပိုးေပးႏိုင္တာက သူ႔ရဲ႕ အားနည္းခ်က္ျဖစ္ေနပါတယ္။အလားအလာရွိတဲ့ တက္သစ္စကစားသမား မာ့ဆန္လည္း ပြဲဦးထြက္ကစားလာမယ္ဆိုရင္ အလြန္ဆိုအေနနဲ႔ အရံခုံထိုင္ေနရပါ‌ေတာ့မယ္။ၿပီးခဲ့တဲ့ ေႏြရာသီမွာ အက္သလက္တီကိုအသင္းက အလြန္ဆိုကို ကမ္းလွမ္းဖို စိတ္ဝင္စားခဲ့ေပမဲ့ ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးေၾကာင့္ လက္ေလွ်ာ့ခဲ့ရပါတယ္။ခ်ဲလ္ဆီးကလည္း အလြန္ဆိုကို ေဈးႏႈန္း နိမ့္နိမ့္နဲ႔ေတာ့ မေရာင္းခ်ခ်င္ပါဘူး။

{Unicode}

နည်းပြဟောင်း ဆာရီနေရာ အစားထိုးဝင်ရောက်လာခဲ့တဲ့ လမ်းပတ်ဟာ အဖက်ဖက်ကနေ ယိုင်နဲ့နေခဲ့တဲ့ ချဲလ်ဆီးအသင်းကို ကိုင်တွယ်ပြီးနောက် ရှိတဲ့ လူအင်အားနဲ့ အင်တိုက်အားတိုက် ယှဉ်ပြိုင်လာခြင်းကြောင့် အသင်းကိုဇယားထိပ်အဆင့်(၄)အထိ ပိုဆောင်ပေးနိုင်တာ တွေ့ရပါတယ်။ကစားသမားသစ်ခေါ်ယူမှု ပိတ်ပင်ခံရခြင်းနဲ့ လူငယ်ကစားသမားတွေကို အသားပေးတဲ့ နည်းပြသစ် လမ်းပတ်လက်ထက်မှာ စီနီယာကစားသမားအချိုဟာ နေရာမရတော့တဲ့ အန္တရာယ်ရင်ဆိုင်နေကြရပါပြီ။လာမယ့်ဇန်နဝါရီလမှာ အသင်းကို ကျောခိုင်းဖို အလားအလာရှိတဲ့ ကစားသမား (၃)ဦးကို ဖော်ပြပေးလိုက်ပါတယ်။

photo credit: sportskeeda

၁။ပတ်ဒရို ရိုဒီဂွတ်ဇ်

စပိန်သား ရိုဒီဂွတ်ဇ်အနေနဲ့ ကွင်းထဲမှာသာမက ကွင်းပြင်မှာပါ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်နေရပါတယ်။နည်းပြလမ်းပတ်ရဲ့ ဦးစားပေးကစားသမားတွေထဲ မပါဝင်တော့တာတွေ၊အိမ်ထောင်ရေးအရှုပ်အရှင်း စတာတွေက စပိန်သားကို နယ်မြေသစ်ရှာပုံတော် ဖွင့်စေဖို တွန်းအားပေးနေပါတယ်။ဟာဇက်အနေနဲ့ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့သွားတဲ့နောက် ပတ်ဒရိုသာ ပထမဦးစားပေးကစားသမားဖြစ်လာလိမ့်မယ်လို ထင်ကြေးပေးခဲ့‌ကြပေမဲ့ နည်းပြသစ်ရဲ့ လူငယ်ကစားသမားတွေအပေါ် အကြိုင်ယိမ်းတာရယ်၊ ‘နုပျိုဆဲ မာန်ပြည့်မြဲ’လို ဆိုရမယ့် ဝီလီယမ် ရှိနေတာကြောင့် ပတ်ဒရိုအတွက် မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာ တွေ့ရပါတယ်။ဒါကြောင့် စပိန်သားဟာ တစ်နေ့မှာ မိခင်စပိန်မြေကို ဦးတည်ဖို တာစူနေကြောင်း အရိတ်အမြွတ်ပြောကြားခဲ့တာ တွေ့ရပါတယ်။ဒါမှမဟုတ် တရုတ်ပြည်ကို ရွတ်လွှင့်မလားဆိုတာလည်း စောင့်ကြည့်ရမှာပါ။

photo credit: sportskeeda

၂။ဂီရော့

ကမ္ဘာ့ဖလားဆုရှင် ပြင်သစ်သား ဂီရော့ဟာလည်း ဒီရာသီမှာ ချဲလ်ဆီးအသင်းအတွက် (၅)ကြိမ်သာ ပွဲထွက်ခွင့်ရခဲ့ပြီး အဆိုပါပွဲ‌စဉ်ထဲက (၄)ပွဲဟာ
အရံနေရာကနေသာ ကစားခဲ့ရပါတယ်။အကယ်ဒမီထွက် ကစားသမားသစ် အာဘရာဟံအနေနဲ့ ဂိုးတွေ တဒိုင်းဒိုင်းသွင်းပြနေချိန် စီနီယာကြီး ဂီရော့ကတော့ အသင်းအတွက် အုပ်တစ်ချပ် သဲတစ်ပွင့်အဖြစ်တောင် မစွမ်းဆောင်ပေးနိုင်တော့တဲ့ အခြေအနေရောက်နေပါပြီ။ထိုအပြင် ဂီတော့အနေနဲ့ ကလပ်အသင်းမှာ ခြေစွမ်းမပြနိုင်ရင် နိုင်ငံအသင်းမှာ နေရာရဖို အလားအလားမရှိလို ပိုမိုတောက်ပတဲ့ အနာဂတ်အသစ်ကို ပုံဖော်ဖို ချဲလ်ဆီးနဲ့ လမ်းခွဲရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ပါဘူး။ ပြင်သစ်သားအနေနဲ့ ဆရာဟောင်း အန်တိုနီဂွန်တီ မင်းမူနေတဲ့ အင်တာမီလန်ကို ပြောင့်ရွှေ့မလား၊ ဒါမှမဟုတ် ခရစ်တယ်ပဲလေ့စ်၊မာဆီးလီး၊လိုင်ယွန် စတဲ့ တစ်သင်းသင်းကို ရွေးချယ်မလား ဆိုတာကတော့ အားကစားပရိသတ်တွေ ရင်ခုန်စွာနဲ့ စောင့်ကြည့်‌ေနရမှာပါ။

photo credit: sportskeeda

၃။မားကိုစ်အလွန်ဆို

ယခုရာသီအတွင်း အလွန်ဆိုကို ချဲလ်ဆီးမှာ ရှိနေစေတဲ့ အကြောင်းအရင်းဆိုလို ဒဏ်ရာတွေ အဖန်တစ်ရာထေနေတဲ့ အီမာဆန် ပဲရှိပါတယ်။အေဂျက်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိင်ပွဲမှာ လူစားလဲခံရတာဟာ အလွန်ဆိုရဲ့ အနာဂတ်မရေရာတော့တာကို ပြနေပါတယ်။သူ့အနေနဲ့ နည်းပြဟောင်းဂွန်တီလက်ထက်တုန်းက နောက်တန်းကစားသမားအဖြစ် အောင်မြင်မှုသရဖူ စိုက်ထူနိုင်ခဲ့ပေမဲ့ ခံစစ်ကစားကွက်တွေ ပုံဖော်ကစားတဲ့အခါ လိုက်ပြီး မပံ့ပိုးပေးနိုင်တာက သူ့ရဲ့ အားနည်းချက်ဖြစ်နေပါတယ်။အလားအလာရှိတဲ့ တက်သစ်စကစားသမား မာ့ဆန်လည်း ပွဲဦးထွက်ကစားလာမယ်ဆိုရင် အလွန်ဆိုအနေနဲ့ အရံခုံထိုင်နေရပါ‌ေတာ့မယ်။ပြီးခဲ့တဲ့ နွေရာသီမှာ အက်သလက်တီကိုအသင်းက အလွန်ဆိုကို ကမ်းလှမ်းဖို စိတ်ဝင်စားခဲ့ပေမဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကြောင့် လက်လျှော့ခဲ့ရပါတယ်။ချဲလ်ဆီးကလည်း အလွန်ဆိုကို ဈေးနှုန်း နိမ့်နိမ့်နဲ့တော့ မရောင်းချချင်ပါဘူး။