၂၀၂၂ခုနှစ် ကာတာနိုင်ငံမှာ ကျင်းပပြုလုပ်သွားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအတွက် ဥရောပဇုန်အတွင်းက ခြေစစ်ပွဲစဉ်တွေအားလုံး မနေ့ကပဲ ပြီးဆုံးသွားခဲ့ပါတယ်။ အုပ်စု(၁၀)စုမှာ အုပ်စုဗိုလ်နေရာကို ရယူနိုင်ခဲ့တဲ့ အသင်း(၁၀)သင်းက ခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်ခဲ့ကြပြီး အုပ်စုဒုတိယနေရာရ အသင်း(၁၀)သင်းနဲ့ UEFA Nations League က အသင်း(၂)သင်းတို့က ပလေးအော့အဆင့်ကို ဆက်လက်ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။

အုပ်စုဗိုလ်(၁၀)သင်း

ဆာဘီးယား

စပိန်

ဆွစ်ဇာလန်

ပြင်သစ်

ဘယ်လ်ဂျီယံ

ဒိန်းမတ်

နယ်သာလန်

ခရိုအေးရှား

အင်္ဂလန်

ဂျာမနီ

ပလေးအော့ ဆက်လက်ကစားရမယ့် အသင်း(၁၂)သင်း

ပေါ်တူဂီ

ဆွီဒင်

အီတလီ

ယူကရိန်း

ဝေးလ်စ်

စကော့တလန်

တူရကီ

ရုရှား

ပိုလန်

မက်ဆီဒိုးနီးယား

ချက်

သြစတြီးယား

(ချက်နဲ့ သြစတြီးယားအသင်းတွေက နေရှင်နယ်စ်လိဂ်ပြိုင်ပွဲမှာ အုပ်စုဗိုလ်နေရာကို ရယူနိုင်ခဲ့တာကြောင့် အခုလို ပလေးအော့အဆင့်ကို ကစားခွင့်ရခဲ့တာဖြစ်ပါတယ်)

ပလေးအော့ပွဲစဉ်တွေကို လာမယ့် နိုဝင်ဘာ(၂၆)ရက်နေ့မှာ မဲနှိုက်ရွေးချယ်သွားမှာဖြစ်ပြီး (၄)သင်းကို ဆီမီးဖိုင်နယ်နဲ့ဖိုင်နယ်ဆိုပြီး ကျင်းပစေမှာဖြစ်ကာ နောက်ဆုံးဖိုင်နယ်(၃)ခုကနေ အနိုင်ရလာမယ့် (၃)သင်းက ကမ္ဘာ့ဖလားကို ဝင်ရောက်ဆင်နွဲခွင့်တွေ ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်တွေကိုလည်း လာမယ့် ၂၀၂၂ခုနှစ် မတ်လနောက်ဆုံးပတ်အတွင်းမှာပဲ ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။