MySport Myanmar

လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ခွင့်ရရှိထားတဲ့ ဥရောပထိပ်သီးလိဂ် ကလပ်အသင်းများ

၂၀၂၁-၂၀၂၂ ဘောလုံးရာသီကြီး ပြီးဆုံးသွားဖို့က တဖြည်းဖြည်း နီးစပ်လာခဲ့ပြီဖြစ်တာကြောင့် ဒီအချိန်မှာ အမှတ်ပေးလိဂ်တချို့ရဲ့ ချန်ပီယံအသင်းတွေ တန်းဆင်းရမယ့်အသင်းတွေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့ အသင်းတွေပါ ပေါ်ထွက်နေပြီ ဖြစ်ပါတယ်။ ထူးထူးခြားခြားတော့ အီတလီစီးရီးအေဘက်က ပွဲစဉ်(၃၅)အပြီးမှာပဲ ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းအားလုံး ပေါ်ထွက်လာခဲ့ရပြီဖြစ်ပြီး ဘယ်လိဂ်က ဘယ်အသင်းတွေပါ ချန်ပီယံလိဂ်ဝင်ခွင့်တွေကို ရရှိထားသေးလဲဆိုတာ ဆက်လက်ဖော်ပြသွားချင်ပါတယ်။

ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်မှာတော့ ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေကြတဲ့ မန်စီးတီးနဲ့ လီဗာပူးလ်တို့က ချန်ပီယံလိဂ်ဝင်ခွင့်ကို ပိုင်ဆိုင်နေပြီဖြစ်ပေမယ့် လက်ကျန်(၂)နေရာအတွက်ကိုတော့ ချယ်လ်ဆီး အာဆင်နယ် စပါးတို့ လန်ဒန်(၃)သင်းက ပြိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။

စီးရီးအေ

ဒီတစ်ပတ််မှာ အဆင့်(၅)နေရာက ရိုးမားရဲ့သရေပွဲကြောင့် အဆင့်(၃)နဲ့(၄)နေရာတို့က နာပိုလီ ဂျုဗင်တပ်စ်အသင်းတွေဟာ အေစီမီလန် အင်တာမီလန်တို့နဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိသွားခဲ့ရပါတယ်။ ရာသီမကုန်ခင် top 4 အသင်းတွေ အဖြေထွက်ခဲ့ပေမယ့် ချန်ပီယံအတွက် အဖြေမထွက်သေးလို့ စိတ်ဝင်စားဖို့ ကောင်းနေဦးမှာ သေချာပါတယ်။

လာလီဂါ

လာလီဂါချန်ပီယံ ရီးယဲလ်မက်ဒရစ်သာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိထားခဲ့ပြီး အဆင့်(၂)နေရာက ဘာစီလိုနာကနေ အဆင့်(၆)နေရာက ဆိုစီဒက်အသင်းထိ လက်ကျန်(၃)နေရာအတွက် မျှော်လင့်ချက်ကိုယ်စီ ရှိနေရပါတယ်။ ဘာစီလိုနာ ဆီဗီလာ အသက်လက်တီကို ဘက်တစ် ဆိုစီဒက်တို့မှာ ဘက်တစ်က တစ်ပွဲလျော့ထားပေမယ့် ဘာကာ ဆီဗီလာတို့က အခြေအနေ အကောင်းဆုံး ဖြစ်နေရပါတယ်။

ဘွန်ဒစ်လီဂါ

ဂျာမနီဘက်မှာတော့ ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်နဲ့ ဒေါ့မွန်တို့က ချန်ပီယံလိဂ်ဝင်ခွင့်တွေ ကိုယ်စီရရှိထားကြပေမယ့် လေဗာကူဆင် ဖရိုင်းဘတ် လိုက်ပ်ဇစ် ကိုလုံး အူန်ယွန်းဘာလင်တို့က လက်ကျန်(၂)နေရာစာအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

လီဂူးဝမ်း

လီဂူးဘက်မှာ လီဂူးချန်ပီယံ ပီအက်စ်ဂျီ တစ်သင်းတည်းပဲ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားပြီး လက်ကျန်(၂)နေရာစာအတွက် မာဆေးလ်က အခြေအနေ အကောင်းဆုံး ဖြစ်နေရပေမယ့် ရန်းစ် မိုနာကို နိုက်စ်အသင်းတို့က ချန်ပီယံလိဂ်ကို ခြေစစ်ပွဲကနေ ဝင်ကစားရမယ့် အဆင့်(၃)နေရာအတွက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

တခြားအမှတ်ပေးလိဂ်တွေဘက်မှာတော့ ပေါ်တူဂီဘက်က ပေါ်တိုနဲ့စပို့တင်းလစ္စဘွန်းတို့က ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်ရခဲ့ပြီး ဘင်ဖီကာက ခြေစစ်ပွဲကနေ ဝင်ကစားရမှာ ဖြစ်ပါတယ်။ စကော့တလန်မှာလည်း ဆဲလ်တစ်က ချန်ပီယံလိဂ်ကို ခြေစစ်ပွဲကတစ်ဆင့် တူရကီဘက်မှာ ချန်ပီယံ ထရက်ဇွန်စပေါကလည်း ခြေစစ်ပွဲတစ်ဆင့် သြစကြီးယားဘက်မှာလည်း ဆာလ်ဇ်ဘာ့ဂ်နဲ့ စတမ်းဂရက်ဇ်တို့က ခြေစစ်ပွဲအဆင့်တွေကနေ ဆင်နွဲရမှာ ဖြစ်ပါတယ်။

Exit mobile version