ဘောလုံး အသင်း အင်္ကျီဆိုတာ ဘောလုံးအသင်းတစ်သင်း ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပေမယ့်လည်း ဒီဇိုင်နာ တွေရဲ့ လက်ချက်ကြောင့် ရုပ်ဆိုး အကျည်းတန် သွားရတာတွေလည်း ရှိပါတယ်။ ဒီနေ့မှာတော့ ၂၀၂၀ ခုနှစ်ရဲ့ အဆိုးဝါးဆုံး ဘောလုံး အသင်း အင်္ကျီ ၁၀ ခုကို ဖော်ပြလိုက်ပါတယ်။ နံပါတ် (၁) နေရာမှာရှိနေတာကတော့ ချယ်လ်ဆီး အသင်းရဲ့ တတိယဂျာစီ ဖြစ်ပါတယ်။ အဆိုပါ ဂျာစီမှာတော့ အနီဖျော့ရောင် နဲ့ အပြာရောင်ကို အခြေခံပြီး ဒီဇိုင်းဆွဲထားပြီးတော့ အရောင်စပ်ပုံတွေက အင်မတန်မှ ကြည့်ရဆိုးနေတာကို မြင်တွေ့နိုင်ပါတယ်။ ချယ်လ်ဆီး ပရိသတ်တွေအကြားမှာလည်း မကျော်ကြားခဲ့သလို ခရစ္စတယ်ပဲလေ့စ် အသင်း ဂျာစီ နဲ့တောင် ခပ်ဆင်ဆင် ဖြစ်နေပါတယ်။ နံပါတ် (၂) နေရာကတော့ ဝုလ်ဗ် အသင်းရဲ့ ဒုတိယဂျာစီ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းအရတော့ အတော်လေးမိုက်ခဲ့ပေမယ့်လည်း သူတို့အသင်းရဲ့ သင်္ကေတ အရောင်လို့ ဆိုရမယ့် လိမ္မော်နဲ့ အနက်ရောင်ကို လက်မောင်းမှာ ထည့်ထားတာကြောင့် အရောင်ပေါင်းစပ်မှုက ကိုးလို့ကန်းလန့်ကြီး ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ယခုနှစ် နွေရာသီတုန်းက စိတ်ဝင်စားမှု အတော်လေးခံခဲ့ရတဲ့ ဂျာစီ ဖြစ်ပါတယ်။

Photo Credit: Goal

နံပါတ် (၃) နေရာမှာ ရှိနေတဲ့ ဂျာစီတော့ ဝက်စ်ဘရွန်း အသင်းရဲ့ တတိယဂျာစီ ဖြစ်ပါတယ်။ ဝက်စ်ဘရွန်း အသင်းအနေနဲ့ အဆိုပါ ဂျာစီကို ၁၉၉၂-၉၃ တုန်းက ဝတ်ဆင်ခဲ့တဲ့ ဂျာစီ ပုံစံကို အတုခိုးပြီး ဒီဇိုင်းဆွဲထားတာ ဖြစ်ပြီးတော့ အသုံးပြုထားတဲ့ အရောင်တွေနဲ့ အရောင်အရင့်တွေကြောင့် ကြည့်ရတာ ကြောက်စရာတောင် ကောင်းနေပါတယ်။ နံပါတ် (၄) နေရာမှာတော့ ဂျုဗင်တပ် အသင်းရဲ့ ပထမ ဂျာစီက ရရှိထားပါတယ်။ ရိုးရိုးရှင်းရှင်းလေး နဲ့ ကြည့်ရမဆိုးပေမယ့်လည်း အဖြူအ‌ပေါ်မှာ ရွှေရောင် နဲ့ သုံးထားတာကြောင့် အသင်း တံဆိပ်က သိပ်ပြီး မပေါ်လွင်သလို ဖြစ်နေပါတယ်။ နံပါတ် (၅) နေရာမှာကတော့ ဂရန်နာဒါ အသင်းရဲ့ တတိယဂျာစီ က နေရာယူထားပါတယ်။ နာမည်ကြီး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Nike က ဒီဇိုင်နာတွေ တာဝန်ယူ ရေးဆွဲထားတဲ့ အဆိုပါ ဂျာစီ ကတော့ စပိန် နိုင်ငံရဲ့ အသင်းတွေကြားထဲမှာ အထင်းဆုံး ဖြစ်နေမှာတော့ အသေအချာပါပဲ။

Photo Credit: Goal

နံပါတ် (၆) နေရာမှာ ရရှိထားတဲ့ ဂျာစီကတော့ လီဗာပူး အသင်းရဲ့ တတိယဂျာစီ ဖြစ်ပါတယ်။ အသုံးပြုထားတဲ့ အနီဖျော့ရောင်၊ အနက်ရောင်နဲ့ မီးခိုးရောင်တို့ဟာ မအပ်စပ်တဲ့ အထဲမှာ ပါပေမယ့်လည်း ကြည့်ရတော့ သိပ်မဆိုးလှပါဘူး။ နံပါတ် (၇) နေရာမှာကတော့ အင်တာမီလန် အသင်းရဲ့ ဒုတိယဂျာစီက နေရာယူထားပါတယ်။ အသုံးပြုထားတဲ့ အရောင်တွေက မဆိုးဝါးပေမယ့်လည်း ဒီဇိုင်းကတော့ အနည်းငယ် မျက်စိရှုပ်စေတဲ့ ဒီဇိုင်းလို့ ဆိုရပါမယ်။ နံပါတ် (၈) နေရာမှာတော့ ဗီလာရီးရဲလ် အသင်းရဲ့ တတိဂျာစီက နေရာယူလို့ ထားပါတယ်။ ဒီဇိုင်းပိုင်း ကလည်း အတော်လေးမိုက်သလို ရွေးချယ် အသုံးပြုထားတဲ့ အရောင်တွေက သိပ်မဆိုးလှပေမယ့်လည်း နံပါတ် ၈ နေရာမှာ ရောက်ရှိနေပါတယ်။ နံပါတ် (၉) နေရာမှာ ရောက်ရှိနေတာကတော့ ဘာဆာကပ်ရှီရာ အသင်းရဲ့ တတိယဂျာစီ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာ အတော်လေးကို အံ့အားသင့်လောက်သွားစေတဲ့ အနေအထားမှာ ရှိပြီး အရောင်ရွေးချယ်မှုကလည်း မှန်ကန်တယ်လို့ ဆိုနိုင်ပေမယ့် အပြာရောင် အစား အခြား အရောင်တစ်ခုခု အသုံးပြုသင့်တယ်လို့ ထင်ပါတယ်။ နံပါတ် (၁၀) နေရာကိုတော့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဒုတိယ ဂျာစီက ရရှိထားပါတယ်။ ပန်းဖျော့ရောင်ကို အခြေခံပြီး ထုတ်ထားတဲ့ အဆိုပါ ဂျာစီဟာ ကြည့်ရတာ ရိုးရိုးရှင်းရှင်းကြီး ဖြစ်နေပြီး ဒီဇိုင်းပိုင်းမှာ ဘာမှ ထူးထူးခြားခြား မပါဝင်တာကြောင့် နံပါတ် ၁၀ နေရာမှာ ရောက်ရှိနေရခြင်း ဖြစ်ပါတယ်။