လွန်ခဲ့တဲ့ (၁၉၅၆) ခုနှစ်ကတည်းက ပေးအပ်လာခဲ့တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဖြစ်တဲ့ ဘလွန်းဒီအော်ဆုကို ယခုနှစ် (၂၀၂၀) ခုနှစ်မှာတော့ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပေးအပ်သွားမှာ မဟုတ်ဘူးလို့ ပြင်သစ် ဘောလုံး (France Football) စာထုတ်ပြန်ခဲ့ပြီး အတည်ပြုသွားလိုက်တာပဲ ဖြစ်ပါတယ်။ ပြင်သစ် ဘောလုံး အဖွဲ့အစည်းက “လုံလောက်ပြီး မျှတတဲ့ အခြေအနေ မရှိခြင်း” ကြောင့် လက်ရှိရာသီမှာ ဘလွန်းဒီအော်ဆုကို ပေးအပ်သွားမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပြီး လက်ရှိရာသီကတော့ ဘောလုံးသမိုင်းမှာ ပထမဆုံး အကြိမ် အဖြစ် ဘလွန်းဒီအော်ဆုကို မပေးအပ်တဲ့ နှစ် အဖြစ် သမိုင်းဝင်သွားမှာ ဖြစ်ပါတယ်။

Photo Credit: Goal

ဘလွန်းဒီအော်ဆုဟာ လွန်ခဲ့တဲ့ (၁၉၅၆) ခုနှစ်ကနေ နှစ်စဉ်နှစ်တိုင်း ပေးအပ်လာခဲ့ရာမှာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက ဘလွန်းဒီအော်ဆုကို (၆) ကြိမ်နဲ့ အများဆုံး ရရှိထားပြီး ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုက ဘလွန်းဒီအော်ဆုကို (၅) ကြိမ်နဲ့ ဒုတိယ အများဆုံး ရရှိထားတဲ့ ကစားသမားပဲ ဖြစ်ပါတယ်။ လက်ရှိရာသီဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် မလွဲမရှောင်သာလို့ ဘလွန်းဒီအော်ဆုကို မပေးအပ်မှာ ဖြစ်ပြီး လက်ရှိရာသီမှာ ဘလွန်းဒီအော်ဆုကို ရရှိနိုင်တယ်လို့ ထင်ကြေးပေးခံရတဲ့ ဘိုင်နယ် တိုက်စစ်မှူး လီဝန်ဒေါ့စကီးရဲ့ စွမ်းဆောင်ရည်ကို မြင်ခဲ့ကြတဲ့ သူတွေအတွက်တော့ စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ဘိုင်ယန် မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ လက်ရှိရာသီမှာတော့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ နဲ့ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုတို့ထက် သွင်းဂိုးတွေ ပို များနေပြီး ပြည်တွင်းလိဂ် ပြိုင်ပွဲ နဲ့ ဥရောပ ပြိုင်ပွဲတွေမှာ ခြေစွမ်းပြသနေတာကြောင့် ဘလွန်းဒီအော်ဆုကို ရရှိဖို့ အထိုက်တန်ဆုံး ဖြစ်ပါတယ်။ တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ ပြည်တွင်း ပြိုင်ပွဲ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ ဆိုရင် ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၃၁) ပွဲ ကစားရာမှာ သွင်းဂိုး (၃၄) ဂိုး သွင်းယူခဲ့တာကြောင့် ကစားတဲ့ ပွဲစဉ် အရေအတွက်ထက် သွင်းဂိုးတွေက ပို များနေပြီး ပြိုင်ပွဲစုံ ပွဲစဉ် (၄၃) ပွဲမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၅၁) ဂိုး သွင်းယူခဲ့ပါတယ်။ ပြင်သစ် ဘောလုံးက ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် လက်ရှိရာသီမှာ ဘလွန်းဒီအော်ဆု မပေးဖို့အတွက် ဆုံးဖြတ်ခဲ့တာ ဖြစ်ပေမယ့်လည်း လက်ရှိရာသီမှာ သူမတူတဲ့ စွမ်းဆောင်ရည်ကို ပြသထားပြီး သွင်းဂိုးတွေ တရစပ် သွင်းယူထားတဲ့ တိုက်စစ်မှူး လီဝန်ဒေါ့စကီးအတွက် တကယ် စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။