ထုိင္းႏုိင္ငံကေန အိမ္ရွင္အျဖစ္နဲ႔ လက္ခံက်င္းပလုိ႔ေနတဲ႔ ၄ႀကိမ္ေျမာက္ ၂၀၂၀ခုႏွစ္ အာရွယူ-၂၃ခ်န္ပီယံရွစ္ ေဘာလုံးၿပိဳင္ပြဲကေတာ့ ဇန္နဝါရီလ ၈ရက္ေန႔ကေန စတင္က်င္းပလာခဲ႔ရာမွာ အခုဆုိရင္ ၿပိဳင္ပြဲက အုပ္စုအဆင့္ပြဲေတြ အားလုံးၿပီးဆုံးသြားၿပီျဖစ္ၿပီး မနက္ျဖန္ကေနစတင္ကာ ကြာတားဖုိင္နယ္ပြဲစဥ္ေတြကုိ ဆင္ႏြဲသြားေတာ့မွာျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲရဲ႕သက္တမ္းက သိပ္မၾကာျမင့္ေသးပဲနဲ႔ ၿပိဳင္ပြဲမွာ ဗုိလ္လုပြဲကုိ တတ္ေရာက္လာမယ့္ အသင္း၂သင္းနဲ႔ တတိယေနရာကုိ ရရွိမယ့္ အသင္းေတြကုိ ဒီႏွစ္အတြင္းမွာ က်င္းပသြားမယ့္ ၂၀၂၀ တုိက်ိဳအုိလံပစ္ၿပိဳင္ပြဲအတြင္း ဝင္ေရာက္ဆင္ႏႊြဲဲခြင့္ရရွိမွာလုိ႔လည္း သိရွိရပါတယ္။

Photo Credit : The AFC

အခုလက္ရွိ ကြာတားဖုိင္နယ္ပြဲစဥ္ကုိေတာ့ တစ္သင္းတည္းေသာ အေရွ႕ေတာင္အာရွကုိယ္စားျပဳ အသင္းျဖစ္တဲ႔ အိမ္ရွင္ထုိင္း လက္ရွိခ်န္ပီယံ ဥဇဘက္ကစၥတန္ ၊ ၾသစေၾတးလ် ၊ ေဆာ္ဒီအာေရဗ် ၊ ဆီးရီးယား ၊ ေတာင္ကုိရီးယား ၊ ယူေအအီးနဲ႔ ေဂ်ာ္ဒန္တုိ႔ တတ္ေရာက္လာခဲ႔ၿပီး ေဆာ္ဒီနဲ႔ထုိင္း ၊ ၾသစေၾတးလ်နဲ႔ဆီးရီးယား ၊ ေတာင္ကုိရီးယားနဲ႔ေဂ်ာ္ဒန္ ၊ ယူေအအီးနဲ႔ ဥဇဘက္ကစၥတန္တုိ႔ ေတြ႕ဆုံေနၾကပါတယ္။ ဒီပြဲစဥ္ေတြကုိ လာမယ့္၁၈ရက္ေန႔နဲဲ႔ ၁၉ရက္ေန႔ေတြမွာ ပြဲစဥ္၂ပြဲစီ က်င္းပသြားမွာျဖစ္ၿပီး ဆီမီးဖုိင္နယ္ ၂၂ရက္ေန႔ တတိယလုပြဲကုိ ၂၅ရက္ေန႔နဲဲ႔ ဖုိင္နယ္ပြဲေန႔ကုိေတာ့ ၂၆ရက္ေန႔ေတြမွာ ဆက္တုိက္က်င္းပသြားမယ္လုိ႔ သိရွိရပါတယ္။

Photo Credit : The AFC

လက္ရွိကြာတားဖုိင္နယ္ကုိ တတ္ေရာက္လာခဲ႔တဲ႔ အသင္း၈သင္းထဲကမွ အာဆီယံကုိယ္စားျပဳအသင္းျဖစ္တဲ႔ ထုိင္းအသင္းကေတာ့ ပရိသတ္ေတြရဲ႕စိတ္ဝင္စားမႈအမ်ားဆုံးအျဖစ္ ရပ္တည္လုိ႔ေနႏုိင္ခဲ႔ၿပီး အခု ကြာတားမွာ အုပ္စုB ရဲ႕ အုပ္စုဗုိလ္ ေဆာ္ဒီအာေရဗ်အသင္းနဲ႔ ထိပ္တုိက္ေတြ႕ဆုံေနတာျဖစ္လုိ႔ ေက်ာ္ျဖတ္သြားႏုိင္ပါ့မလားဆုိတာလည္း ေစာင့္ၾကည့္ရမွာပါ။ ေနာက္ၿပီး အုပ္စုအဆင့္ပြဲစဥ္ေတြမွာ ၿပိဳင္ဘက္အသင္းအကုန္ကုိ ႏုိင္ပြဲရယူထားတဲ႔ တစ္သင္းတည္းေသာအသင္း ေတာင္ကုိရီးယားအေနနဲဲ႔ကလည္း ဒီၿပိဳင္ပြဲမွာ တစ္ခါမွ ဗုိလ္မစြဲဖူးေသးပဲ အျမင့္ဆုံး ဒုတိယေနရာနဲဲ႔သာ ရပ္တည္ႏုိင္ခဲ႔တာကုိ ဒီႏွစ္မွာ ဖလားေအာင္ျမင္မႈနဲ႔အတူ ေခ်ဖ်က္ျပႏုိင္မလားဆုိတာကလည္း စိတ္ဝင္စားဖြယ္ ေစာင့္ၾကည့္ရပါမယ္။ ဒီႏွစ္မွာ ထူးျခားတာကေတာ့ တစ္ခ်ိန္က ဒီၿပိဳင္ပြဲရဲ႕ခ်န္ပီယံျဖစ္ခဲ႔ဖူးတဲ႔ ဂ်ပန္အသင္းက ဒီႏွစ္မွာ ႏုိင္ပြဲေတာင္ လုံးဝမရွိခဲ႔ပဲ ရမွတ္၁မွတ္နဲ႔ အုပ္စုအဆင့္ကေန လွည့္ျပန္ခဲ႔ရတာပါပဲ။

(Unicode)

ပွဲကြီးပွဲဲကောင်းတွေနဲ့ ရင်ခုန်စရာဖြစ်လာတဲ့ အာရှယူ-၂၃ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ

ထိုင်းနိုင်ငံကနေ အိမ်ရှင်အဖြစ်နဲ့ လက်ခံကျင်းပလို့နေတဲ့ ၄ကြိမ်မြောက် ၂၀၂၀ခုနှစ် အာရှယူ-၂၃ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကတော့ ဇန်နဝါရီလ ၈ရက်နေ့ကနေ စတင်ကျင်းပလာခဲ့ရာမှာ အခုဆိုရင် ပြိုင်ပွဲက အုပ်စုအဆင့်ပွဲတွေ အားလုံးပြီးဆုံးသွားပြီဖြစ်ပြီး မနက်ဖြန်ကနေစတင်ကာ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဆင်နွဲသွားတော့မှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့သက်တမ်းက သိပ်မကြာမြင့်သေးပဲနဲ့ ပြိုင်ပွဲမှာ ဗိုလ်လုပွဲကို တတ်ရောက်လာမယ့် အသင်း၂သင်းနဲ့ တတိယနေရာကို ရရှိမယ့် အသင်းတွေကို ဒီနှစ်အတွင်းမှာ ကျင်းပသွားမယ့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲအတွင်း ဝင်ရောက်ဆင်နွွှဲဲခွင့်ရရှိမှာလို့လည်း သိရှိရပါတယ်။

Photo Credit : The AFC

အခုလက်ရှိ ကွာတားဖိုင်နယ်ပွဲစဉ်ကိုတော့ တစ်သင်းတည်းသော အရှေ့တောင်အာရှကိုယ်စားပြု အသင်းဖြစ်တဲ့ အိမ်ရှင်ထိုင်း လက်ရှိချန်ပီယံ ဥဇဘက်ကစ္စတန် ၊ သြစတြေးလျ ၊ ဆော်ဒီအာရေဗျ ၊ ဆီးရီးယား ၊ တောင်ကိုရီးယား ၊ ယူအေအီးနဲ့ ဂျော်ဒန်တို့ တတ်ရောက်လာခဲ့ပြီး ဆော်ဒီနဲ့ထိုင်း ၊ သြစတြေးလျနဲ့ဆီးရီးယား ၊ တောင်ကိုရီးယားနဲ့ဂျော်ဒန် ၊ ယူအေအီးနဲ့ ဥဇဘက်ကစ္စတန်တို့ တွေ့ဆုံနေကြပါတယ်။ ဒီပွဲစဉ်တွေကို လာမယ့်၁၈ရက်နေ့နဲဲ့ ၁၉ရက်နေ့တွေမှာ ပွဲစဉ်၂ပွဲစီ ကျင်းပသွားမှာဖြစ်ပြီး ဆီမီးဖိုင်နယ် ၂၂ရက်နေ့ တတိယလုပွဲကို ၂၅ရက်နေ့နဲဲ့ ဖိုင်နယ်ပွဲနေ့ကိုတော့ ၂၆ရက်နေ့တွေမှာ ဆက်တိုက်ကျင်းပသွားမယ်လို့ သိရှိရပါတယ်။

Photo Credit : The AFC

လက်ရှိကွာတားဖိုင်နယ်ကို တတ်ရောက်လာခဲ့တဲ့ အသင်း၈သင်းထဲကမှ အာဆီယံကိုယ်စားပြုအသင်းဖြစ်တဲ့ ထိုင်းအသင်းကတော့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုအများဆုံးအဖြစ် ရပ်တည်လို့နေနိုင်ခဲ့ပြီး အခု ကွာတားမှာ အုပ်စုB ရဲ့ အုပ်စုဗိုလ် ဆော်ဒီအာရေဗျအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေတာဖြစ်လို့ ကျော်ဖြတ်သွားနိုင်ပါ့မလားဆိုတာလည်း စောင့်ကြည့်ရမှာပါ။ နောက်ပြီး အုပ်စုအဆင့်ပွဲစဉ်တွေမှာ ပြိုင်ဘက်အသင်းအကုန်ကို နိုင်ပွဲရယူထားတဲ့ တစ်သင်းတည်းသောအသင်း တောင်ကိုရီးယားအနေနဲဲ့ကလည်း ဒီပြိုင်ပွဲမှာ တစ်ခါမှ ဗိုလ်မစွဲဖူးသေးပဲ အမြင့်ဆုံး ဒုတိယနေရာနဲဲ့သာ ရပ်တည်နိုင်ခဲ့တာကို ဒီနှစ်မှာ ဖလားအောင်မြင်မှုနဲ့အတူ ချေဖျက်ပြနိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖွယ် စောင့်ကြည့်ရပါမယ်။ ဒီနှစ်မှာ ထူးခြားတာကတော့ တစ်ချိန်က ဒီပြိုင်ပွဲရဲ့ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ ဂျပန်အသင်းက ဒီနှစ်မှာ နိုင်ပွဲတောင် လုံးဝမရှိခဲ့ပဲ ရမှတ်၁မှတ်နဲ့ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတာပါပဲ။