၂၀၁၉-၂၀၂၀ ဘောလုံးရာသီက ရာသီဝက်ကိုကျော်လွန်လာခဲ့ပြီး ဒုတိယလက်ကျန်ရာသီထဲကိုတောင် ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ဒီထဲကမှ ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲအကြောင်းကို တင်ဆက်ပေးသွားဖို့ မျက်စိကျလာခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်တိုင်းလိုလို ဘိုင်ယန်မြူးနစ်အသင်းရဲဲ့ ကြီးစိုးမှုတွေသာ လွှမ်းမိုးထားတဲ့ ဘွန်ဒက်လီဂါပြိုင်ပွဲဟာ အခုလက်ရှိမှာ ထိပ်ဆုံးက လိုက်ပ်ဇစ်အသင်းနဲ့ အဆင့်၆နေရာက ရှော်ကေးအသင်းတို့ရဲ့ကြား ရမှတ်ကွာဟမှုက ရမှတ်ပဲရှိနေတာမို့ ယခင်လို တစ်ကောင်တည်းပြေးတဲ့ ပြိုင်ပွဲကနေ ချန်ပီယံဆုအတွက် အသင်းများစွာ အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ ဘောလုံးရာသီတစ်ခုလို ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Getty Images

တကယ်တော့ ဒီနှစ်မှာ ဘိုင်ယန်မြူးနစ် ဒေါ့မွန်အသင်းတို့ရဲ့ ရလဒ်မတည်ငြိမ်မှုတွေကြောင့် သူတို့ထက် ပိုတည်ငြိမ်လွန်းတဲ့ လိုက်ပ်ဇစ် မိုချန်ဂလာဘတ်အသင်းတွေက ထိပ်ဆုံးနေရာမှာ ဦးဆောင်လာခဲ့တာဖြစ်ပြီး နှစ်ပေါင်းများစွာ ဘိုင်ယန် ဒေါ့မွန်တို့ရဲ့လွှမ်းမိုးမှုတွေကနေ ဖောက်ထွက်လာနိုင်တော့မယ်လို့ ယူဆမှုတွေကလည်း များပြားလာခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောက်လျှောက်ရလဒ်ကောင်းလာမှုကြောင့် အမှတ်ကွာဟမှုတွေက တဖြည်းဖြည်းကျဉ်းမြောင်းလာခဲ့ပြီး အခုဆိုရင် နံပါတ်တစ်နေရာက လိုက်ပ်ဇစ်အသင်းနဲ့တောင် ၁မှတ်ပဲ ကွာဟနေရပါတော့တယ်။

Photo Credit : Getty Images

အခုအနေအထားအရ အဆင့်၁ကနေ အဆင့်၆အတွင်းရှိနေတဲ့ ဘယ်အသင်းမဆို ချန်ပီယံဆုကို ဆွတ်ခူးသွားနိုင်တဲ့ အခြေအနေမျိုးဆိုပေမယ့်လည်း ဒီလိုအခြေအနေနဲ့ အကျွမ်းတဝင် အရှိဆုံးအသင်းဖြစ်တဲ့အပြင် လူအင်အားလည်း အတောင့်တင်းဆုံးအသင်းဖြစ်တဲ့ ဘိုင်ယန်အတွက် ပိုအခွင့်အလမ်းများနေပါတယ်။ ဘိုင်ယန်က လေဗာကူဆင် မိုချန်ဂလာဘတ်အသင်းတွေကို အရေးနိမ့်ခဲ့ပြီးနောက်မှာ ဘွန်ဒက်လီဂါ၅ပွဲဆက် အနိုင်ရခဲဲ့သလို ၃ပွဲဆက်တိုက် ပေးဂိုးမဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ မနှစ်ကလည်း ဒေါ့မွန်အသင်းရဲ့ ရမှတ်ဖြတ်တောက်မှုကနေ တဖြည်းဖြည်းအမီလိုက်ရင်း နောက်ဆုံးဒေါ့မွန်ကို ကျော်တတ်ပြီး ဘွန်ဒက်လီဂါချန်ပီယံဆုကို ပိုင်ဆိုင်ခဲ့တဲ့ ဘိုင်ယန်ဟာ သူရဲ့ပြိုင်ဘက်အသင်းတွေအားလုံးထက် ဒီလိုအတွေ့အကြုံတွေနဲ့ ယဉ်းပါးပြီးသား အသင်းဖြစ်နေတာကြောင့် လိုက်ပ်ဇစ် ဒေါ့မွန်တို့လို အသင်းကောင်းတွေရှိနေပေမယ့်လည်း ဒီရာသီဇာတ်သိမ်းပိုင်းမှာ ဘွန်ဒက်လီဂါမင်းသားကြီး ဘိုင်ယန်ကပဲ ပွဲခံသွားဦးမလားဆိုတာ စောင့်ကြည့်ရမှာပါ။

(Zawgyi)

ဓါတ္ျပားေဟာင္းႀကီးအတုိင္း ျပန္ျဖစ္လာႏုိင္ဖြယ္ရွိေနျပန္တဲ့ ဂ်ာမန္ဘြန္ဒက္လီဂါၿပိဳင္ပြဲ

၂၀၁၉-၂၀၂၀ ေဘာလုံးရာသီက ရာသီဝက္ကုိေက်ာ္လြန္လာခဲ႔ၿပီး ဒုတိယလက္က်န္ရာသီထဲကုိေတာင္ ဝင္ေရာက္လာခဲ႔ၿပီျဖစ္ပါတယ္။ ဒီထဲကမွ ဂ်ာမန္ဘြန္ဒက္လီဂါၿပိဳင္ပြဲအေၾကာင္းကုိ တင္ဆက္ေပးသြားဖုိ႔ မ်က္စိက်လာခဲ႔ရပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ႏွစ္တုိင္းလုိလုိ ဘုိင္ယန္ျမဴးနစ္အသင္းရဲဲ႕ ႀကီးစုိးမႈေတြသာ လႊမ္းမုိးထားတဲ႔ ဘြန္ဒက္လီဂါၿပိဳင္ပြဲဟာ အခုလက္ရွိမွာ ထိပ္ဆုံးက လုိက္ပ္ဇစ္အသင္းနဲ႔ အဆင့္၆ေနရာက ေရွာ္ေကးအသင္းတုိ႔ရဲ႕ၾကား ရမွတ္ကြာဟမႈက ၇မွတ္ပဲရွိေနတာမုိ႔ ယခင္လုိ တစ္ေကာင္တည္းေျပးတဲ႔ ၿပိဳင္ပြဲကေန ခ်န္ပီယံဆုအတြက္ အသင္းမ်ားစြာ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ရတဲ႔ ေဘာလုံးရာသီတစ္ခုလုိ ျဖစ္လာခဲ႔ရပါတယ္။

Photo Credit : Getty Images

တကယ္ေတာ့ ဒီႏွစ္မွာ ဘုိင္ယန္ျမဴးနစ္ ေဒါ့မြန္အသင္းတုိ႔ရဲ႕ ရလဒ္မတည္ၿငိမ္မႈေတြေၾကာင့္ သူတုိ႔ထက္ ပုိတည္ၿငိမ္လြန္းတဲ႔ လုိက္ပ္ဇစ္ မုိခ်န္ဂလာဘတ္အသင္းေတြက ထိပ္ဆုံးေနရာမွာ ဦးေဆာင္လာခဲ႔တာျဖစ္ၿပီး ႏွစ္ေပါင္းမ်ားစြာ ဘုိင္ယန္ ေဒါ့မြန္တုိ႔ရဲ႕လႊမ္းမုိးမႈေတြကေန ေဖာက္ထြက္လာႏုိင္ေတာ့မယ္လုိ႔ ယူဆမႈေတြကလည္း မ်ားျပားလာခဲ႔ရပါတယ္။ ဒါေပမယ့္ ေနာက္ပုိင္းမွာေတာ့ လက္ရွိခ်န္ပီယံ ဘုိင္ယန္ျမဴးနစ္အသင္းရဲ႕ ေတာက္ေလွ်ာက္ရလဒ္ေကာင္းလာမႈေၾကာင့္ အမွတ္ကြာဟမႈေတြက တျဖည္းျဖည္းက်ဥ္းေျမာင္းလာခဲ႔ၿပီး အခုဆုိရင္ နံပါတ္တစ္ေနရာက လုိက္ပ္ဇစ္အသင္းနဲ႔ေတာင္ ၁မွတ္ပဲ ကြာဟေနရပါေတာ့တယ္။

Photo Credit : Getty Images

အခုအေနအထားအရ အဆင့္၁ကေန အဆင့္၆အတြင္းရွိေနတဲ႔ ဘယ္အသင္းမဆုိ ခ်န္ပီယံဆုကုိ ဆြတ္ခူးသြားႏုိင္တဲ႔ အေျခအေနမ်ိဳးဆုိေပမယ့္လည္း ဒီလုိအေျခအေနနဲ႔ အကြ်မ္းတဝင္ အရွိဆုံးအသင္းျဖစ္တဲ႔အျပင္ လူအင္အားလည္း အေတာင့္တင္းဆုံးအသင္းျဖစ္တဲ႔ ဘုိင္ယန္အတြက္ ပုိအခြင့္အလမ္းမ်ားေနပါတယ္။ ဘုိင္ယန္က ေလဗာကူဆင္ မုိခ်န္ဂလာဘတ္အသင္းေတြကုိ အေရးနိမ့္ခဲ႔ၿပီးေနာက္မွာ ဘြန္ဒက္လီဂါ၅ပြဲဆက္ အႏုိင္ရခဲဲ႔သလုိ ၃ပြဲဆက္တုိက္ ေပးဂုိးမဲ႔ ဂုိးျပတ္အႏုိင္ရခဲ႔ပါတယ္။ မႏွစ္ကလည္း ေဒါ့မြန္အသင္းရဲ႕ ရမွတ္ျဖတ္ေတာက္မႈကေန တျဖည္းျဖည္းအမီလုိက္ရင္း ေနာက္ဆုံးေဒါ့မြန္ကုိ ေက်ာ္တတ္ၿပီး ဘြန္ဒက္လီဂါခ်န္ပီယံဆုကုိ ပုိင္ဆုိင္ခဲ႔တဲ႔ ဘုိင္ယန္ဟာ သူရဲ႕ၿပိဳင္ဘက္အသင္းေတြအားလုံးထက္ ဒီလုိအေတြ႕အႀကံဳေတြနဲ႔ ယဥ္းပါးၿပီးသား အသင္းျဖစ္ေနတာေၾကာင့္ လုိက္ပ္ဇစ္ ေဒါ့မြန္တုိ႔လုိ အသင္းေကာင္းေတြရွိေနေပမယ့္လည္း ဒီရာသီဇာတ္သိမ္းပုိင္းမွာ ဘြန္ဒက္လီဂါမင္းသားႀကီး ဘုိင္ယန္ကပဲ ပြဲခံသြားဦးမလားဆုိတာ ေစာင့္ၾကည့္ရမွာပါ။