၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲကတော့ ဒီနေ့ ဇွန်လ(၂၇)ရက်နေ့မှာပဲ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းက ဒီရာသီရဲ့ ချန်ပီယံအဖြစ် ဆက်လက်အောင်ပွဲခံခဲ့ရသလို ဒီနှစ်ရာသီမှာ ထူးခြားတာကတော့ သွင်းဂိုးများစွာကို မြင်တွေ့ခဲ့ရပြီး ကလပ်အသင်း(၁၈)သင်းဟာလည်း သွင်းဂိုးစုစုပေါင်း(၉၈၂)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရာသီပိတ်ပွဲမှာ ပွဲစဉ်(၅)ပွဲလောက် ဂိုးပြတ်ခဲ့ရသလို ပြိုင်ပွဲနောက်ဆုံးအချိန်ထိကို ရင်ခုန်စိတ်လှုပ်ရှားစရာ ပေးစွမ်းသွားခဲ့ပါတယ်။

ဘွန်ဒစ်လီဂါပွဲစဉ်(၃၄)ရဲ့ရလဒ်များ

အော့ဘစ် ၁-၂ လိုက်ပ်ဇစ်

မိုချန်ဂလာဘတ် ၂-၁ ဟာသာဘာလင်

လေဗာကူဆင် ၁-၀ မိန့်ဇ်

ဒေါ့မွန် ၀-၄ ဟော့ဖန်ဟမ်

ဖရန့်ဖတ် ၃-၂ ပါဒါဘွန်း

ဖရိုင်းဘတ် ၄-၀ ရှော်ကေး

အူယွန်းဘာလင် ၃-၀ ဒူဆယ်ဒေါ့ဖ်

ဝါဒါဘရီမင် ၆-၁ ကိုလုံး

ဝုလ်စ်ဘတ် ၀-၄ ဘိုင်ယန်မြူးနစ်

ချန်ပီယံ – ဘိုင်ယန်မြူးနစ်

ချန်ပီယံလိဂ်ဝင်ခွင့် – ဘိုင်ယန်မြူးနစ် ၊ ဒေါ့မွန် ၊ လိုက်ပ်ဇစ် ၊ မိုချန်ဂလာဘတ်

ယူရိုပါလိဂ်ဝင်ခွင့် – လေဗာကူဆင် ၊ ဟော့ဖန်ဟမ် ၊ ဝုလ်စ်ဘတ်(ခြေစစ်ပွဲ)

တန်းဆင်း – ဒူဆယ်ဒေါ့ဖ် ၊ ပါဒါဘွန်း ၊ ဝါဒါဘရီမင်(Play-off အဆုံးအဖြတ်ကစားရ)

ဂိုးသွင်းဘုရင် – လီဝန်ဒေါစကီး/ဘိုင်ယန် (၃၄ဂိုး)

နှစ်သင်းပေါင်းဂိုးအများဆုံးပွဲ – လိုက်ပ်ဇစ် ၈-၀ မိန့်ဇ် ၊ အော့ဘတ် ၃-၅ ဒေါ့မွန်

နိုင်ပွဲဆက်မှုအများဆုံးအသင်း – ဘိုင်ယန်(၁၃)ပွဲ

နိုင်ပွဲပျောက်မှုအများဆုံးအသင်း – ရှော်ကေး(၁၆)ပွဲ

ရှံးပွဲဆက်မှုအများဆုံးအသင်း – ဝါဒါဘရီမင် ၊ ဟာသာဘာလင် ၊ ပါဒါဘွန်း ၊ ဖရန့်ဖတ်(၅)ပွဲ

တစ်နှစ်တာရဲ့အကောင်းဆုံးကစားသမား – လီဝန်ဒေါစကီး(ဘိုင်ယန်)

တစ်နှစ်တာရဲ့ အကောင်းဆုံးလူငယ်ကစားသမား – အယ်ဖွန်ဆိုဒေးဗီစ်(ဘိုင်ယန်)