အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း ပေါလ် မာဆွန်ကတော့ အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာအနေနဲ့ ပေါင် သန်း (၂၀၀) သုံးရင်တောင် နောက်နှစ် ရာသီမှာ ချန်ပီယံလိဂ် ဝင်နိုင်ဦးမှာ မဟုတ်ကြောင်း နဲ့ နောက်ခံလူ ဂျွန် စတုန်းကို ခေါ်ယူသင့်ကြောင်း ပြောခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိရာသီမှာလည်း နောက်တန်း အားနည်းချက်တွေ များနေတဲ့ အတွက်ကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ မဖြစ်နိုင်ဘဲ ယူရိုပါလိဂ် ဝင်ခွင့် ရရှိဖို့ ပို ဖြစ်နိုင်ပြီး ပရီးမီးယားလိဂ် ပွဲစဉ် (၃၆) ပွဲ ကစားပြီးနောက် အဆင့် (၉) နေရာမှာ ရပ်တည်နေပါတယ်။

Photo Credit: Goal

နည်းပြ အာတီတာဟာ ယနေ့ည၊ တနင်္ဂနွေနေ့ နံနက် (၁း၁၅) မှာ တစ်ချိန်က လက်ထောက် နည်းပြ လုပ်ခဲ့ဖူးတဲ့ မန်စီးတီးအသင်းနဲ့ အက်ဖ်အေ ဖလား ဆီးမီး ဖိုင်နယ် ပွဲစဉ် ကစားသွားမှာ ဖြစ်ပြီး အရင်က မန်စီးတီး နောက်ခံလူ ဂျွန် စတုန်းကိုလည်း နည်းပြခဲ့ဖူးတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း ပေါလ် မာဆွန်ကတော့ နည်းပြ အာတီတာအနေနဲ့ အလုပ်အတူ တွဲလုပ်ဖူးတဲ့ နောက်ခံလူ ဂျွန် စတုန်းကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်းသွားခဲ့ပြီး ပေါင် သန်း (၂၀၀) သုံးလည်း ချန်ပီယံလိဂ် ဝင်နိုင်ဦးမှာ မဟုတ်ဘူးလို့လည်း ဝေဖန်ခဲ့ပါတယ်။

Photo Credit: Goal

DailyStar မှာ ပေါလ် မာဆွန်က “အာတီတာက အာဆင်နယ်အသင်းဆီကနေ လိုအပ်တဲ့ ငွေကို ရဖို့ အခွင့်အရေး မရှိပါဘူး။ အာဆင်နယ်အသင်းအနေနဲ့ ပေါင် သန်း (၂၀၀) သုံးနိုင်ရင်တောင်မှ နောက်ရာသီမှာ ချန်ပီယံလိဂ် ဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုရင်တော့ ကွာဟမှုတွေက ကြီးမားလွန်းလို့ ဖြစ်ပါတယ်။ သူတို့ ဗဟိုနောက်ခံလူ၊ ကွင်းလယ်လူ နဲ့ နောက်ထပ် တိုက်စစ်မှူး တစ်ဦး လိုအပ်ပါတယ်။ အသင်း တစ်ခုလုံးကို ပြောင်းလဲရလိမ့်မယ်။ နည်းပြ အာတီတာအနေနဲ့ မန်စီးတီးအသင်းက ဂျွန် စတုန်းကို ခေါ်ယူသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ နည်းပြ ပက် ဂွါဒီယိုလာက ဂျွန် စတုန်းကို မယုံတော့တဲ့ သဘောမှာ ရှိပါတယ်။ အာတီတာက ဂျွန် စတုန်းနဲ့ အရင်က အလုပ်လုပ်ခဲ့ဖူးပါတယ်။ အာဆင်နယ်အသင်းက နောက်ခံလူ လိုအပ်နေတာပါ” လို့ ပြောခဲ့ပါတယ်။